ငါသည် ကိုယ်အသိုက်၌ သေရသောအခွင့် ရှိလိမ့်မည်။ ငါ့အသက်ရှင်သော နေ့ရက်တို့သည် သဲလုံး နှင့်အမျှ များပြားလိမ့်မည်ဟု အောက်မေ့၏။
ဟေရှာယ 38:17 - Common Language Bible ကျွန်တော်မျိုး၏ပူပင်သောကသည်စိတ်ငြိမ်း အေးမှု အဖြစ်သို့ပြောင်းလဲသွားပါလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ အသက်ကိုဘေးအန္တရာယ်အပေါင်းမှ ကယ်ဆယ်တော်မူပါ၏။ ကျွန်တော်မျိုး၏အပြစ်မှန်သမျှကိုလည်း ဖြေလွှတ်တော်မူပါ၏။ Garrad Bible ချမ်း သာ ရ စေ ရန် အ ကျွန်ုပ် သည် ကြီး စွာ နစ် နာ ခံ ရ လေ ပြီ။ မေ တ္တာ တော် ကြောင့် အ ကျွန်ုပ် ဝိ ညာဉ် ကို သေ တွင်း မှ ကယ် ဆယ် တော် မူ၍ အ ပြစ် ရှိ သ မျှ ကို လည်း နောက် တော် သို့ ပစ် လိုက် တော် မူ ပါ။ Judson Bible အကျွန်ုပ်ခံရသော ဝေဒနာသည် ငြိမ်းပါပြီ။ အကျွန်ုပ်၏ဝိညာဉ်ကို သနား၍၊ ဖျက်ဆီးရာတွင်းထဲက နုတ်ယူတော်မူပြီ။ အကျွန်ုပ် အပြစ်ရှိသမျှတို့ကို နောက်တော်သို့ ပစ်လိုက်တော်မူပြီ။ မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ အကျွန်ုပ်ခံစားရသောဒုက္ခဝေဒနာသည် အကျွန်ုပ်ကောင်းဖို့ဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ပျက်စီးခြင်းတွင်းထဲမှ နုတ်ယူတော်မူပြီ။ အကျွန်ုပ်၏အပြစ်ရှိသမျှတို့ကို နောက်တော်သို့ ပစ်လိုက်တော်မူပြီ။ |
ငါသည် ကိုယ်အသိုက်၌ သေရသောအခွင့် ရှိလိမ့်မည်။ ငါ့အသက်ရှင်သော နေ့ရက်တို့သည် သဲလုံး နှင့်အမျှ များပြားလိမ့်မည်ဟု အောက်မေ့၏။
ဘုရားသခင်က၊ သင်္ချိုင်းတွင်းထဲသို့ထိုသူကို မဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာအကြောင်းကို ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူသောအားဖြင့်၊
သူယုတ်မာတို့သည်မာနထောင်လွှားလျက် ဆင်းရဲသူတို့အားနှိပ်စက်ညှဉ်းပန်းကြ၏။ မိမိတို့ထောင်ထားသောကျော့ကွင်းများတွင် ပြန်၍မိစေတော်မူပါ။
အရှေ့မျက်နှာစွန်းသည်အနောက်မျက်နှာ စွန်းနှင့် ဝေးကွာသကဲ့သို့ ကိုယ်တော်သည်ငါတို့အားငါတို့အပြစ်များနှင့် ဝေးကွာစေတော်မူ၏။
ကိုယ်တော်သည်ငါ၏အပြစ်ရှိသမျှတို့ကို ဖြေလွှတ်တော်မူ၍ ငါ၏အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။
ကိုယ်တော်သည်ငါ့အားသေဘေးမှကယ်တော်မူ၍ မေတ္တာတော်နှင့်ကရုဏာတော်တို့ဖြင့် ရစ်ပတ်တော်မူ၏။
ကျွန်တော်မျိုးအားသေရွာမှပြန်၍ ခေါ်ဆောင်တော်မူခဲ့ပါ၏။ ကျွန်တော်မျိုးသည်သင်္ချိုင်းတွင်းသို့ဆင်းလျက် ရှိခဲ့သော်လည်း ကိုယ်တော်သည်ကျွန်တော်မျိုးအားမသေစေဘဲ အသက်ချမ်းသာပေးတော်မူပါ၏။
ကိုယ်တော်သည်ကြောက်မက်ဖွယ်ကောင်းသည့် တွင်းနှင့်ရွှံ့နွံထဲမှငါ့ကိုဆွဲတင်တော်မူ၏။ ထိုနောက်ငါ့အားကျောက်ပေါ်တွင်တင်၍ ထားတော်မူပြီးလျှင်လုံခြုံမှုကိုပေးတော်မူ၏။
သို့ရာတွင် အို ဘုရားသခင်၊ကိုယ်တော်ရှင်သည် လူသတ်သမားများနှင့်လူလိမ်များအား သူတို့သက်တမ်းထက်ဝက်မကျိုးမီသင်္ချိုင်း တွင်းသို့ သက်ဆင်းစေတော်မူမည်။ ကျွန်တော်မျိုးမူကားကိုယ်တော်ရှင်ကိုကိုးစား ပါမည်။
ကိုယ်တော်သည်မိမိလူစုတော်၏အပြစ် များကို ဖြေလွှတ်တော်မူ၍သူတို့၏အမှားများကို ခွင့်လွှတ်တော်မူပါပြီ။
ကျွန်တော်မျိုးအပေါ်၌ကိုယ်တော်ရှင် ထားတော်မူသောခိုင်မြဲသောမေတ္တာတော်သည် ကြီးမားလှပါသည်တကား။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားမရဏာ နိုင်ငံမှ ကယ်နုတ်တော်မူပါပြီ။
ဤအမှုကိုထာဝရဘုရား ပြုတော်မူသည်ဖြစ်၍ ငါအဘယ်သို့ပြောဆိုနိုင်ပါမည်နည်း။ ငါသည်ပူပင်သောကရောက်လျက် အိပ်၍မပျော်နိုင်ပါ။
သို့သော်လည်းငါသည်မိမိ၏ဂုဏ်သိက္ခာကို ထောက်၍၊ သင်တို့အားအပြစ်ဖြေလွှတ်တော်မူသော အရှင် ဘုရားသခင်ဖြစ်ပေသည်။
ထာဝရဘုရားကိုသိရန်အဘယ်သူမျှ မိမိတို့မြို့သူမြို့သားအချင်းချင်းကို လည်းကောင်း၊ ပြည်သူအချင်းချင်းကိုလည်း ကောင်းသွန်သင်ပေးရန်လိုလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်အငယ်ဆုံးသူမှ အကြီးမြတ်ဆုံးသူအထိငါ့ကိုသိ ကြလိမ့်မည်။ ငါသည်သူတို့၏အပြစ်များ ကိုဖြေလွှတ်မည်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုလည်းအမှတ်ရတော့မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
အကျွန်ုပ်သည်တောင်များ၏အောက်ခြေသို့ တိုင်အောင်လည်းကောင်း၊ ပြန်လမ်းမရှိသည့်မရဏာနိုင်ငံသို့ လည်းကောင်း နစ်မြုပ်သွားပါသည်။ သို့ဖြစ်လျက်ပင်အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်၏အသက်ကို နက်ရာမှ ကယ်ဆယ်တော်မူခဲ့ပါ၏။
အကျွန်ုပ်သည်သေအံ့ဆဲဆဲအချိန်တွင် အို ထာဝရဘုရား၊ ကိုယ်တော်၏ထံတော်သို့ဆုတောင်းခဲ့ပါ၏။ ကိုယ်တော်သည်လည်းကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်မှ အကျွန်ုပ်၏ ဆုတောင်းပတ္ထနာသံကိုကြားတော်မူပါ၏။