သို့ဖြစ်၍ဂိဒေါင်က``ကောင်းပြီ၊ ဇေဘဟ နှင့်ဇာလမုန္နတို့အား ငါ၏လက်သို့ဘုရားသခင်အပ်တော်မူသောအခါ ငါသည်သင် တို့ကိုသဲကန္တာရမှဆူးပင်များနှင့်ရိုက် နှက်မည်'' ဟုဆိုလေသည်။-
ဂိ ဒေါင် က၊ ထို သို့ ဆို ကြ သော ကြောင့် ဇေ ဘ ဟ နှင့် ဇာ လ မု န္န မင်း တို့ ကို ငါ့ လက် တွင်း သို့ ဘု ရား သ ခင် အပ် နှင်း တော် မူ ပြီး လျှင်၊ တော ဆူး နှင့် ရှား စောင်း များ ရော ထွေး လျက်၊ သင် တို့ အ သား အ ရေ ကို နင်း နယ် မည် ဟု ဆို၏။
ဂိဒေါင်ကလည်း၊ သို့ဖြစ်၍ ထာဝရဘုရားသည် ဇေဘဟနှင့် ဇာလမုန္နတို့ကို ငါ့လက်၌ အပ်တော်မူသောအခါ၊ သင်တို့ ကျောကွဲအောင် တောဆူးပင်အမျိုးမျိုးနှင့် ငါရိုက်မည်ဟုဆိုပြီးလျှင်၊
ဂိဒေါင်ကလည်း “ကောင်းပြီ။ ထာဝရဘုရားသည် ဇေဘဟနှင့်ဇာလမုန္နတို့ကို ငါ့လက်သို့အပ်တော်မူသောအခါ ငါသည် ကန္တာရဆူးပင်၊ ချုံပင်တို့ဖြင့် သင်တို့အရေပြားစုတ်အောင် ရိုက်မည်”ဟု ဆို၏။
ထိုသူ၏အိပ်မက်နှင့်ယင်း၏အနက်အဋ္ဌိပ္ပါယ် ကိုကြားသိရသောအခါဂိဒေါင်သည်ဒူး ထောက်၍ ထာဝရဘုရားအားကိုးကွယ်၏။ ထိုနောက်ဣသရေလတပ်စခန်းသို့ပြန် ပြီးလျှင်``ထကြ၊ ထာဝရဘုရားသည်သင် တို့အားမိဒျန်တပ်အပေါ်၌အောင်ပွဲခံ စေတော်မူလေပြီ'' ဟုဆို၏။-
ဂိဒေါင်သည်သုကုတ်မြို့သို့ရောက်သော အခါထိုမြို့သားတို့အား``ငါ၏တပ်သား တို့ကိုအစားအစာအနည်းငယ်ပေးကြ ပါ။ သူတို့သည်ပင်ပန်းနွမ်းနယ်လျက်ရှိ ကြပါ၏။ ငါသည်မိဒျန်ဘုရင်ဇေဘဟနှင့် ဇာလမုန္နတို့ကိုလိုက်လံဖမ်းဆီးနေပါ သည်'' ဟုဆို၏။