ယာကုပ်သည်မိမိ၏မိသားစုနှင့်မိမိထံတွင် နေထိုင်သူအပေါင်းတို့အား``သင်တို့၌ရှိသော အခြားဘုရားများကိုပစ်ပယ်ကြလော့။ ကိုယ် ကိုသန့်စင်စေ၍အဝတ်ကိုလဲလှယ်ဝတ်ဆင် ကြလော့။-
သူကြီး 6:25 - Common Language Bible ထိုည၌ထာဝရဘုရားသည်ဂိဒေါင်အား``သင့် ဖခင်၏နွားထီးနှင့်အခြားခုနစ်နှစ်သားနွားထီး တစ်ကောင်ကိုယူလော့။ ဗာလဘုရားအဖို့သင့် ဖခင်တည်ဆောက်ထားသည့်ယဇ်ပလ္လင်ကိုဖြိုချ ပြီးလျှင် ထိုယဇ်ပလ္လင်၏အနီးရှိအာရှရနတ် သမီး၏အမှတ်လက္ခဏာအဖြစ်ဖြင့်စိုက် ထားသည့်သစ်ပင်တို့ကိုခုတ်လှဲပစ်လော့။- Garrad Bible ထို နေ့ ညဉ့် အ ခါ ထာ ဝ ရ ဘု ရား က၊ အ ဘ ပိုင် နွား များ အ နက် အ သက် ခု နစ် နှစ် ပြည့် သော နှစ် ကောင် မြောက် နွား ကို ဆွဲ၍၊ အ ဘ ကိုး ကွယ် ရာ ဗာ လ နတ်၏ ယဇ် ပ လ္လင် ကို ဖြို ဖျက် လျက် အ နီး ရှိ တံ ခွန် တိုင် ကို လည်း ခုတ် လှဲ ပြီး လျှင် Judson Bible ထိုနေ့ညမှာ ထာဝရဘုရားက၊ သင့်အဘ၏နွားပိုက်နှင့် အသက်ခုနစ်နှစ်ရှိသော ဒုတိယနွားထီးကို ယူပြီးလျှင်၊ သင့်အဘတည်သော ဗာလဘုရား၏ယဇ်ပလ္လင်ကို ဖြိုဖျက်၍၊ ယဇ်ပလ္လင်အနားမှာရှိသော အာရှရပင်ကို ခုတ်လှဲလော့။ မြန်မာ့စံမီသမ္မာကျမ်း ထိုည၌ ထာဝရဘုရားက ဂိဒေါင်အား “သင့်ဖခင်၏နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်နှင့် နောက်ထပ် ခုနစ်နှစ်သားအရွယ်နွားထီးပျိုတစ်ကောင်ကိုယူလော့။ သင့်ဖခင်တည်သောဗာလယဇ်ပလ္လင်ကိုဖြိုဖျက်လော့။ ထိုအနား၌ရှိသောအာရှရနတ်ဘုရားမတံခွန်တိုင်ကို ခုတ်လှဲပစ်လော့။ |
ယာကုပ်သည်မိမိ၏မိသားစုနှင့်မိမိထံတွင် နေထိုင်သူအပေါင်းတို့အား``သင်တို့၌ရှိသော အခြားဘုရားများကိုပစ်ပယ်ကြလော့။ ကိုယ် ကိုသန့်စင်စေ၍အဝတ်ကိုလဲလှယ်ဝတ်ဆင် ကြလော့။-
ဧလိယသည်ထိုလူတို့ထံသို့ချဉ်းကပ်၍``သင် တို့သည်အဘယ်မျှကြာအောင်စိတ်ဇဝေဇဝါ ရှိနေကြပါမည်နည်း။ ထာဝရဘုရားသည် ဘုရားအမှန်ဖြစ်လျှင် ကိုယ်တော်အားဝတ်ပြု ကိုးကွယ်ကြလော့။ ဗာလသည်ဘုရားအမှန် ဖြစ်လျှင်မူကားသူ့အားဝတ်ပြုကိုးကွယ် ကြလော့'' ဟုဆို၏။ သို့ရာတွင်လူတို့သည် မည်သို့မျှပြန်၍မပြောကြ။-
အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင်၊ တည်ဆောက်ခြင်းရှိလိမ့်မည်။ သင့်အိမ်မှဒုစရိုက်ကို ပယ်ရှား လျှင်၊
ကျွန်တော်မျိုးသည်အပြစ်ဆိုဖွယ်မရှိအောင် ကျင့်ကြံပါမည်။ ကိုယ်တော်သည်အဘယ်အခါမှကျွန်တော်မျိုး ထံသို့ ကြွလာတော်မူပါမည်နည်း။ ကျွန်တော်မျိုးသည်မိမိ၏အိမ်တွင်ဖြူစင်သည့် စိတ်သဘောထားဖြင့်ကျင့်ကြံပြုမူပါမည်။
သင်တို့သည်သူတို့၏ယဇ်ပလ္လင်များကိုဖြို ဖျက်ရမည်။ သူတို့၏ဘုရားကျောက်တိုင်များ ကိုဖျက်ဆီးရမည်။ သူတို့၏အာရှရဘုရား မသစ်တိုင်များကိုခုတ်လှဲရမည်။
မိဘကိုငါ့ထက်ပို၍ချစ်သူသည်ငါ၏တပည့် မဖြစ်ထိုက်၊ သားသမီးကိုငါ့ထက်ပို၍ချစ်သူ သည်ငါ၏တပည့်မဖြစ်ထိုက်။-
``မည်သူမျှသခင်နှစ်ဦး၏အစေကိုမခံနိုင်။ သခင် တစ်ဦးကိုမုန်း၍တစ်ဦးကိုချစ်လိမ့်မည်။ သခင်တစ်ဦး ကိုသစ္စာစောင့်၍တစ်ဦးကိုမလေးမခန့်ပြုလိမ့်မည်။ သင်တို့သည်တစ်ချိန်တည်း၌ဘုရားသခင်၏ အစေနှင့်လောကစည်းစိမ်၏အစေကိုမခံနိုင်ကြ။
သို့ရာတွင်ပေတရုနှင့်ယောဟန်တို့က``ငါ တို့သည်ဘုရားသခင်၏စကားကိုနား ထောင်ရမည်လော။ သို့မဟုတ်သင်တို့၏စကား ကိုနားထောင်ရမည်လော။ ဘုရားသခင်၏ ရှေ့တော်တွင်အဘယ်သူ၏စကားကိုနား ထောင်သင့်ကြောင်း သင်တို့ကိုယ်တိုင်ပင်အဆုံး အဖြတ်ပေးကြလော့။-
ပေတရုနှင့်တမန်တော်တို့က``ငါတို့သည် လူ့အမိန့်ထက်ဘုရားသခင့်အမိန့်တော် ကိုနားထောင်ရမည်။-
ထို့ကြောင့်သူတို့၏ယဇ်ပလ္လင်များကိုဖြိုချ ရမည်။ သူတို့၏ဘုရားကျောက်တိုင်များကို ချိုးပစ်ရမည်။ အာရှရဘုရားမ၏တိုင်များ ကိုခုတ်လှဲရမည်။ သူတို့၏ရုပ်တုများကို မီးရှို့ဖျက်ဆီးရမည်။-
ထိုအခါ၌ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားပြစ်မှားကာဗာလ ဘုရားများကိုကိုးကွယ်ကြလေသည်။-
ဣသရေလအမျိုးသားတို့သည်မိမိတို့၏ ဘုရားသခင်ထာဝရဘုရားအားမေ့လျော့ သွားကြ၏။ ကိုယ်တော်ကိုပြစ်မှားကာဗာလ ဘုရားနှင့်အာရှရဘုရားတို့ကိုဝတ်ပြု ရှိခိုးကြ၏။-
ဤတောင်ပူစာထိပ်တွင်သင်၏ဘုရားသခင် ထာဝရဘုရားအတွက် ယဇ်ပလ္လင်ကိုအခိုင် အမာတည်ဆောက်လော့။ ထိုနောက်ဒုတိယနွား ထီးကိုယူပြီးလျှင်သင်ခုတ်လှဲထားသည့် အာ ရှရနတ်သမီး၏အမှတ်လက္ခဏာကိုထင်း အဖြစ်အသုံးပြု၍မီးရှို့ပူဇော်လော့'' ဟု မိန့်တော်မူ၏။-