အို ထာဝရဘုရား၊ အမျက်တော်ထွက်၍ထတော်မူပါ။ ကျွန်တော်မျိုးအားရန်ဘက်ပြုသူတို့၏ဒေါသကိုဆီးတားတော်မူပါ။ နိုးထတော်မူလျက်ကျွန်တော်မျိုးအားကူမတော်မူပါ။ တရားမျှတမှုကိုကိုယ်တော်အလိုရှိတော်မူသည်ဖြစ်၍
သူကြီး 4:6 - Common Language Bible တစ်နေ့သ၌သူသည်နဿလိနယ်မြေ၊ ကေ ဒေရှမြို့မှအဘိနောင်၏သားဗာရက်ကို ခေါ်ပြီးလျှင်``ဣသရေလအမျိုးသားတို့ဘုရားသခင်ထာဝရဘုရားက`သင်သည်နဿလိ အနွယ်နှင့် ဇာဗုလုန်အနွယ်မှလူပေါင်းတစ် သောင်းကိုခေါ်ယူကာတာဗော်တောင်သို့ သွားရမည်။- Garrad Bible ဒေ ဗော ရ သည် နဿ လိ နယ်၊ ကေ ဒေ ရှ မြို့ တွင် နေ ထိုင် သော အ ဘိ နောင့် သား ဗာ ရက် ကို ခေါ် စေ ၍၊ ဣ သ ရေ လ လူ မျိုး၏ ဘုရား သ ခင် ထာ ဝ ရ ဘု ရား က၊ နဿ လိ အ နွယ်၊ ဇာ ဗု လုန့် အ နွယ် သား တို့ အ နက် လူ ပေါင်း တစ် သောင်း နှင့် တ ကွ တာ ဗော် တောင် အ ရောက် ချီ သွား လော့။ Judson Bible တစ်ဖန် ဒေဗောရသည် လူကိုစေလွှတ်၍၊ နဿလိခရိုင် ကေဒေရှမြို့မှာနေသော အဘိနောင်၏သား ဗာရက်ကို ခေါ်ပြီးလျှင်၊ သင်သည် နဿလိအမျိုး၊ ဇာဗုလုန်အမျိုးထဲက လူတစ်သောင်းကိုသွေးဆောင်၍ တာဗော်တောင်သို့ သွားလော့။ မြန်မာ့စံမီသမ္မာကျမ်း ဒေဗောရသည် နဿလိနယ်၊ ကေဒေရှမြို့ရှိ အဘိနောင်၏သား ဗာရက်ကို လူလွှတ်ခေါ်စေ၍ “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘နဿလိအမျိုး၊ ဇာဗုလုန်အမျိုးတို့ထဲမှ လူတစ်သောင်းကို သင်နှင့်အတူ တာဗော်တောင်သို့ ခေါ်ဆောင်သွားလော့။ |
အို ထာဝရဘုရား၊ အမျက်တော်ထွက်၍ထတော်မူပါ။ ကျွန်တော်မျိုးအားရန်ဘက်ပြုသူတို့၏ဒေါသကိုဆီးတားတော်မူပါ။ နိုးထတော်မူလျက်ကျွန်တော်မျိုးအားကူမတော်မူပါ။ တရားမျှတမှုကိုကိုယ်တော်အလိုရှိတော်မူသည်ဖြစ်၍
ကိုယ်တော်ရှင်သည်မြောက်မျက်နှာနှင့် တောင်မျက်နှာကိုဖန်ဆင်းတော်မူပါ၏။ တာဗော်တောင်နှင့်ဟေရမုန်တောင်တို့သည် ကိုယ်တော်ရှင်အားရွှင်လန်းစွာထောမနာ ပြုကြပါ၏။
ကိုယ်တော်ရှင်သည်လွန်စွာတန်ခိုးကြီးတော်မူ ပါသည်တကား။ ကိုယ်တော်ရှင်၏ခွန်အားတော်သည်ကြီးမား လှပါသည်တကား။
အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် ဘုရင်ဖြစ်တော်မူ၏။ ငါသည်အသက်ရှင်တော်မူသော ဘုရားသခင်ပေတည်း။ တာဗော်တောင်ထိပ်သည်တောင်တကာတို့ ထက် မြင့်သကဲ့သို့လည်းကောင်း၊ ကရမေလတောင်ထိပ်သည်လည်း၊ပင်လယ် အနီးတွင် မြင့်မားစွာတည်ရှိသကဲ့သို့လည်းကောင်း၊ သင်တို့တိုက်ခိုက်မည့်သူသည်ခွန်အား ကြီးမား ပေလိမ့်မည်။
``ယဇ်ပုရောဟိတ်တို့၊ ကြားနာကြလော့၊ ဣသရေလပြည်သားတို့ဂရုစိုက်နား ထောင်ကြလော့။ မင်းမျိုးမင်းနွယ်တို့နား ထောင်ကြလော့။ သင်တို့ကိုယ်တိုင်မှန်ကန်စွာ စီရင်ရမည့်သူများဖြစ်သည်။ ထိုအတိုင်း ပင်သင်တို့ကိုလည်းအပြစ်ဒဏ်စီရင်ခြင်း ခံရကြမည်။ သင်တို့သည်မိဇပါမြို့တွင် ထောင်သောထောင်ချောက်၊ တာဗော်တောင်တွင် ဖြန့်ထားသောပိုက်ကွန်၊-
ငါတို့အားထာဝရဘုရားက၊ `ကယ်တင်ခြင်းကျေးဇူးကိုကမ္ဘာတစ်ဝန်းလုံး ရရှိစေရန်သင်တို့အား၊ လူမျိုးခြားများအဖို့အလင်းဖြစ်စေအံ့သောငှာ ငါခန့်ထား၏' ဟူ၍မိန့်တော်မူခဲ့ပေသည်'' ဟုဟောပြောကြ၏။
ဆက်လက်ဖော်ပြရန်လိုသေးသလော။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလနှင့် ပရောဖက်များအကြောင်းကိုဖော်ပြရန် အချိန်လောက်မည်မဟုတ်။-
သို့ဖြစ်၍ငါမိန့်မှာသည့်အတိုင်းရဲရင့်ခြင်း ရှိလော့။ ကြောက်ရွံ့ခြင်းမရှိနှင့်။ စိတ်မပျက်နှင့်။ သင်၏ဘုရားသခင်ငါထာဝရဘုရားသည် သင်သွားလေရာရာ၌သင်နှင့်အတူရှိတော် မူ၏'' ဟုမိန့်တော်မူ၏။
နယ်နိမိတ်သည်တာဗော်မြို့၊ ရှာဟဇိမမြို့၊ ဗက်ရှေမက်မြို့များကိုဖြတ်၍ယော်ဒန်မြစ် တွင်အဆုံးသတ်သည်။ ဤနယ်မြေတွင်မြို့ ကြီးတစ်ဆယ့်ခြောက်မြို့နှင့်ယင်းတို့၏ ပတ်ဝန်းကျင်ရှိမြို့များပါဝင်သည်။-
ဆဋ္ဌမအကြိမ်မဲချ ၍ခွဲဝေပေးသောအခါနဿလိအနွယ် မိသားစုတို့နယ်မြေကိုရရှိကြ၏။-
တံတိုင်းကာရံထားသောမြို့ကြီးများမှာ ဇိဒ္ဒမ်မြို့၊ ဇေရမြို့၊ ဟမ္မတ်မြို့၊ ရက္ကတ်မြို့၊ ဂင်္နေ သရက်မြို့၊-
သူတို့သည်နဿလိနယ်မြေမှမြို့သုံးမြို့ကို ရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစား ကျက်များအပါအဝင်ဂါလိလဲပြည်ရှိ ကေဒေရှမြို့(ခိုလှုံရာမြို့တစ်မြို့၊) ဟမ္မုဒ္ဒေါမြို့၊ ကာတံမြို့တို့ဖြစ်ကြ၏။-
ဗာရက်သည်နဿလိအနွယ်ဝင်နှင့်ဇာဗုလုန် အနွယ်ဝင်တို့ကို ကေဒေရှမြို့သို့ခေါ်ယူရာ သူ၏နောက်သို့လူပေါင်းတစ်သောင်းလိုက်ကြ ၏။ ဒေဗောရသည်လည်းသူနှင့်အတူလိုက် လေသည်။
ထိုနေ့၌ဒေဗောရနှင့်အဘိနောင်၏သား ဗာရက်တို့သည် အောက်ပါသီချင်းကိုသီဆို ကြလေသည်။
မနာရှေနယ်မြေနှစ်ရပ်စလုံးသို့လည်းစေ တမန်များကိုလွှတ်၍ မနာရှေအမျိုးသား တို့အားမိမိနောက်သို့လိုက်ကြရန်လှုံ့ဆော်၏။ သူသည်အာရှာ၊ ဇာဗုလုန်နှင့်နဿလိအနွယ် တို့ထံသို့လည်းစေတမန်များကိုလွှတ်လိုက် သဖြင့် ထိုသူတို့သည်လည်းသူ၏ထံသို့လာ ရောက်ကြကုန်၏။
ထိုနောက်ဂိဒေါင်က ဇေဘဟနှင့်ဇာလမုန္နတို့ အား``တာဗော်မြို့၌သင်တို့သတ်ဖြတ်ပစ်သူ တို့ကား မည်သို့သောသူများဖြစ်သနည်း'' ဟုမေး၏။ သူတို့ကလည်း``ထိုသူတို့သည် သင်နှင့်အသွင် တူပါသည်။ သူတို့အားလုံးပင်လျှင် ဘုရင့်သား တော်များနှင့်တူကြပါ၏'' ဟုပြန်ပြောလေ သည်။
သင်သည်ထိုအရပ်မှနေ၍တာဗော်လွင်ပြင် ရှိ မြတ်သည့်ဝက်သစ်ချပင်သို့ရောက်သည်တိုင် အောင်သွားရမည်။ ထိုနေရာတွင်လူသုံးယောက် ကိုတွေ့လိမ့်မည်။ သူတို့သည်ဗေသလမြို့တွင် ဘုရားသခင်အားယဇ်ပူဇော်ရန်သွားကြ သူများဖြစ်၏။ သူတို့အနက်တစ်ယောက် သည်ဆိတ်သုံးကောင်ကိုဆွဲလျက်တစ်ယောက် ကမုန့်သုံးလုံးကိုကိုင်လျက်၊ အခြားတစ် ယောက်ကစပျစ်ရည်အပြည့်ပါသောသား ရေဘူးကိုဆောင်လျက်လာလိမ့်မည်။-
ထို့ကြောင့်ထာဝရဘုရားသည်ဂိဒေါင်၊ ထို နောက်ဗာရက်၊ ထိုနောက်ယေဖသ၊ နောက်ဆုံး ၌ငါ့အားစေလွှတ်တော်မူ၏။ ငါတို့အသီး သီးသည်သင်တို့အားရန်သူများလက်မှ ကယ်ခဲ့ကြသဖြင့် သင်တို့သည်ဘေးမဲ့ လုံခြုံစွာနေထိုင်ရကြ၏။-