သူကြီး 10:1 - Common Language Bible အဘိမလက်ကွယ်လွန်ပြီးနောက် ဣသရေလ လူမျိုးကိုကယ်ဆယ်ရန်ဒေါဒေါ၏မြေး၊ ဖုဝါ ၏သားတောလပေါ်ထွန်းလာ၏။ သူသည်ဣသ ခါအနွယ်ဝင်ဖြစ်၍ ဧဖရိမ်တောင်ကုန်းရှိ ရှမိရမြို့တွင်နေထိုင်၏။- Garrad Bible အ ဘိ မ လက် နောက် ဣ သ ခါ့ အ နွယ်၊ ဒေါ ဒေါ့ မြေး၊ ဖု ဝါ့ သား တော လ သည် ဣ သ ရေ လ လူ မျိုး ကို ကယ် ဆယ် ရန် ပေါ် ထွန်း၍ ဧ ဖ ရိမ် ခင် တန်း ပေါ်၊ ရှ မိ ရ မြို့၌ နေ ထိုင် လျက် Judson Bible အဘိမလက်လက်ထက်နောက်မှ၊ ဣသရေလအမျိုးကို ကယ်တင်သောသူ ဣသခါအမျိုး၊ ဒေါဒေါသားဖုဝါ၏သား တောလသည် ပေါ်ထွန်း၍၊ ဧဖရိမ်တောင်ပေါ်၊ ရှမိရမြို့မှာ နေလေ၏။ မြန်မာ့စံမီသမ္မာကျမ်း အဘိမလက် သေဆုံးပြီးနောက်တွင် အစ္စရေးလူမျိုးတို့ကို ကယ်တင်ရန် ဣသခါအမျိုးသား၊ ဒေါဒေါ၏မြေး၊ ဖုဝါ၏သားတောလ ပေါ်ထွန်း၏။ သူသည် ဧဖရိမ်တောင်ကုန်း၊ ရှမိရမြို့တွင် နေထိုင်၏။ |
သူသည်ဣသရေလအမျိုးသားတို့၏ခေါင်း ဆောင်အဖြစ်ဖြင့် နှစ်ဆယ့်သုံးနှစ်မျှဆောင်ရွက် ပြီးနောက်ကွယ်လွန်သော် သူ၏ရုပ်အလောင်းကို ရှမိရမြို့၌သင်္ဂြိုဟ်ကြလေသည်။
ယေဖသကွယ်လွန်ပြီးနောက်ဣသရေလ လူမျိုးအား ခေါင်းဆောင်သူမှာဗက်လင်မြို့ သားဣဗဇန်ဖြစ်၏။ သူ၌သားသုံးဆယ် နှင့်သမီးသုံးဆယ်ရှိ၏။-
ထိုအခါထာဝရဘုရားသည်သူတို့အား လုယက်တိုက်ခိုက်သူတို့၏လက်မှကယ်ဆယ် မည့်ခေါင်းဆောင်များကိုပေါ်ထွန်းစေတော် မူ၏။-
သူသည်ဧဖရိမ်တောင်ကုန်းဒေသသို့ရောက် သောအခါတိုက်ပွဲဝင်ရန်တံပိုးခရာမှုတ် လိုက်ရာဣသရေလအမျိုးသားတို့သည် သူ့နောက်သို့လိုက်၍တောင်ကုန်းများပေါ် မှဆင်းလာကြ၏။-
ထိုနောက်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားထံတော်သို့ဟစ်အော်ကြ သောအခါ ကိုယ်တော်သည်သူတို့အားကယ် ဆယ်ရန်လူတစ်ယောက်ကိုစေလွှတ်တော်မူ၏။ ထိုသူမှာကာလက်၏ညီကေနတ်၏သား သြသံယေလပင်တည်း။-
ဂိဒေါင်၏သားယောသံကျိန်ဆဲခဲ့သည့် စကားအတိုင်းရှေခင်မြို့သားတို့သည်လည်း မိမိတို့၏ဆိုးယုတ်မှုအတွက်အပြစ်ဒဏ် ခံစေတော်မူသတည်း။