သုတ္တံကျမ်း။ 5:5 - Common Language Bible သူ၏ခြေတို့သည် သေခြင်းသို့ဆင်း၍၊ သူသွား ရာလမ်းသည် မရဏာနိုင်ငံသို့ ရောက်တတ်၏။ Garrad Bible အ သက် လမ်း သို့ သင် ညီ ညွတ် စွာ မ လိုက် စေ ရန်၊ သူ့ ခြေ များ သည် သေ ခြင်း သို့ ဆင်း သွား လျက်၊ ခြေ လှမ်း များ လည်း မ ရ ဏာ့ နိုင် ငံ တိုင် ဆိုက် ကပ်၍၊ ကိုယ့် အ လေ့ အ လာ များ တိမ်း ယိမ်း ကြောင်း ကို လည်း မ သိ ချေ။ Judson Bible သူ၏ခြေတို့သည် သေခြင်းသို့ဆင်း၍၊ သူသွားရာလမ်းသည် မရဏနိုင်ငံသို့ ရောက်တတ်၏။ မြန်မာ့စံမီသမ္မာကျမ်း သူ၏ခြေသည် သေခြင်းသို့ဆင်းသွား၍ သူ၏ခြေလှမ်းတို့သည် မရဏာနိုင်ငံသို့ ဦးတည်လျက်ရှိ၏။ |
ကျော့ကွင်းနှင့်ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင်တတ်သော မိန်းမသည်၊ သေခြင်းထက် သာ၍ ခါးသည်ကို ငါတွေ့ပြီ။ ဘုရားသခင် စိတ်တွေ့ တော်မူသောသူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့် မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဘမ်းမိလိမ့်မည်။
ငါကြည့်လိုက်သောအခါမြင်းမွဲတစ်ကောင်ကို တွေ့ရ၏။ မြင်းစီးသူရဲ၏နာမည်မှာသေမင်း ဖြစ်၏။ သူ၏နောက်မှမရဏာနိုင်ငံလိုက်ပါ လာ၏။ သူတို့သည်ကမ္ဘာမြေကြီး၏လေးပုံတစ် ပုံတွင်ရှိသောလူတို့အားဋ္ဌားဘေး၊ ငတ်မွတ် ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေး၊ သားရဲ တိရစ္ဆာန်များ၏ဘေးတို့ဖြင့်သေစေနိုင်သည့် အခွင့်အာဏာကိုရရှိထားကြ၏။