သုတ္တံကျမ်း။ 31:1 - Common Language Bible လေမွေလမင်းကြီး၏ မယ်တော်သည်သားကို ဆုံးမသွန်သင်သော တရားစကားဟူမူကာ၊ Garrad Bible မာ စ ဘု ရင်၊ လေ မွေ လ မင်း၏ မယ် တော် သည်၊ သား တော် အား ဆုံး မ သော စ ကား များ ကား၊ Judson Bible လေမွေလမင်းကြီး၏မယ်တော်သည် သားကို ဆုံးမသွန်သင်သော တရားစကားဟူမူကာ၊ မြန်မာ့စံမီသမ္မာကျမ်း လေမွေလမင်းကြီး၏စကားများ။ သူ၏မယ်တော်က သူ့ကိုသွန်သင်သောဩဝါဒစကားမှာ |
အကယ်စင်စစ် နို့ကိုမွှေလျှင် ထောပတ်တွက် တတ်၏။ နှာခေါင်းကိုဆွဲလိမ်လျှင် အသွေးထွက်တတ်၏။ ထိုနည်းတူ၊ ဒေါသကိုနှိုးဆော်လျှင် ခိုက်ရန်ထွက်တတ်၏။
ငါ့သားအဘယ်သို့နည်း။ ငါဘွားသောသား၊ အဘယ်သို့နည်း။ ငါ့၏သစ္စာဂတိနှင့်ဆိုင်သောသား အဘယ်သို့နည်းဟု မေးမြန်းသော်၊
သင်သည်သင်၏အဖွားလောဣနှင့်အမိဥနိတ် တို့ကဲ့သို့ဟန်ဆောင်မှုမရှိဘဲ ယုံကြည်ကြောင်း ကိုငါသတိရ၏။ သူတို့၏ယုံကြည်ခြင်း မျိုးသည်သင်၌လည်းရှိသည်ဟုငါစိတ်ချ၏။-
သင်ငယ်ရွယ်စဉ်အခါမှစ၍အသိပညာ ကိုပေး၍ခရစ်တော်ယေရှုကိုယုံကြည်ခြင်း အားဖြင့် ကယ်တင်ခြင်းရရှိစေရန်လမ်းညွှန်သော ကျမ်းစာတော်မြတ်ကိုကောင်းစွာသိရှိခဲ့သူ ဖြစ်ကြောင်းကိုသင်သိ၏။-