ကိုယ်တော်၏ကျွန်ဖြစ်သူကျွန်တော်မျိုးအား ထိုစီရင်တော်မူချက်များကအသိဉာဏ်ကို ပေးပါ၏။ ကျွန်တော်မျိုးသည်ယင်းတို့ကိုလိုက်နာ စောင့်ထိန်းသည်ဖြစ်၍အကျိုးကျေးဇူးများကို ခံယူရရှိပါ၏။
သုတ္တံကျမ်း။ 23:18 - Common Language Bible အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည် ရောက် လိမ့်မည်။ သင့်မြော်လင့်ခြင်းအကြောင်း မပျက်ရာ။ Garrad Bible မု ချ အား ဖြင့် အ ကျိုး ခံ စား ရ လျက်၊ စောင့် မျှော် ရာ လည်း မ ပျက် ဘဲ တည် လိမ့် မည်။ Judson Bible အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည် ရောက်လိမ့်မည်။ သင့်မျှော်လင့်ခြင်းအကြောင်း မပျက်ရာ။ မြန်မာ့စံမီသမ္မာကျမ်း သို့ပြုလျှင် သင့်အတွက် အနာဂတ် မုချရှိလိမ့်မည်။ သင်၏မျှော်လင့်ခြင်းသည်လည်း ဖျက်ဆီးခြင်းခံရလိမ့်မည်မဟုတ်။ |
ကိုယ်တော်၏ကျွန်ဖြစ်သူကျွန်တော်မျိုးအား ထိုစီရင်တော်မူချက်များကအသိဉာဏ်ကို ပေးပါ၏။ ကျွန်တော်မျိုးသည်ယင်းတို့ကိုလိုက်နာ စောင့်ထိန်းသည်ဖြစ်၍အကျိုးကျေးဇူးများကို ခံယူရရှိပါ၏။
သူတော်ကောင်းကိုကြည့်ရှုလော့။ ဖြောင့်မတ်သောသူကိုကြည့်ရှုဆင်ခြင်လော့။ ငြိမ်းချမ်းမှုကိုလိုလားသူတွင်သားမြေး အဆက်အနွယ်ထွန်းကား၏။
လူတို့က``သူတော်ကောင်းတို့သည်ဧကန်အမှန်ပင် ကောင်းကျိုးချမ်းသာခံစားကြရ၏။ ကမ္ဘာလောကကိုတရားစီရင်တော်မူသောဘုရား ဧကန်အမှန်ရှိတော်မူပေသည်'' ဟုဆိုကြလိမ့်မည်။
ထာဝရဘုရားသည်ချို့တဲ့နွမ်းပါးသူတို့ကို အစဉ်အမြဲမေ့လျော့တော်မူလိမ့်မည်မဟုတ်။ ဆင်းရဲသောသူတို့သည်လည်းထာဝစဉ် မျှော်လင့်ရာမဲ့ဖြစ်ရကြလိမ့်မည်မဟုတ်။
ထိုအတူ၊ သင်တွေ့ရသောပညာတရားသည် စိတ်ဝိညာဉ်၌ အရသာနှင့်ပြည့်စုံ၍၊ သင်သည် မြော်လင့် ခြင်းအကြောင်းမပျက်၊ ကောင်းသောအကျိုးကို ခံရလိမ့် မည်။
သင်တို့အတွက်ငါပြုလုပ်ထားသည့်အကြံ အစည်များကိုငါသာလျှင်သိ၏။ ထိုအကြံ အစည်တို့သည်သင်တို့ကောင်းစားမှု၊ သင်တို့ စောင့်မျှော်နေသည့်အနာဂတ်ကိုထုတ်ဖော်ပေး မှုနှင့်ဆိုင်သောအကြံအစည်များဖြစ်ပေ သည်။ သင်တို့အားဘေးအန္တရာယ်ရောက်စေ မည့်အကြံအစည်များမဟုတ်။-
``သို့ရာတွင်အာဗြဟံက `ငါ့သား၊ သင်အသက် ရှင်စဉ်သုခချမ်းသာခံစားခဲ့ရသည်ကိုလည်း ကောင်း၊ လာဇရုသည်ဆင်းရဲဒုက္ခခံခဲ့ရသည်ကို လည်းကောင်းသတိရပါလော့။ ယခုမှာမူသူ သည်သုခချမ်းသာကိုခံစားရ၍ သင်မူကား ကိုယ်၏ဒုက္ခ၊ စိတ်၏ဒုက္ခကိုခံရလေပြီ။-
ငါသည်အဘယ်အခါ၌မျှမိမိ၏တာဝန် မပျက်မကွက်ဘဲအခါခပ်သိမ်း၌လည်း ကောင်း၊ အထူးသဖြင့်ယခုအခါ၌လည်းကောင်း ရဲစွမ်းသတ္တိနှင့်ပြည့်စုံလျက်ငါသည်အသက်ရှင် သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့အစွမ်းရှိသမျှ နှင့်ခရစ်တော်၏ဘုန်းအသရေတော်ထင်ရှား လာနိုင်စေရန်မျှော်လင့်တောင့်တ၏။-
သို့ဖြစ်၍ရဲစွမ်းသတ္တိရှိကြလော့။ ရဲစွမ်း သတ္တိရှိခြင်းသည်ကြီးမြတ်သောဆုလာဘ် ကိုရရှိစေလိမ့်မည်။-