သူတော်ကောင်းကိုကြည့်ရှုလော့။ ဖြောင့်မတ်သောသူကိုကြည့်ရှုဆင်ခြင်လော့။ ငြိမ်းချမ်းမှုကိုလိုလားသူတွင်သားမြေး အဆက်အနွယ်ထွန်းကား၏။
သုတ္တံကျမ်း။ 19:20 - Common Language Bible နောက်ဆုံးကာလ၌ ပညာရှိဖြစ်လိုသောငှါ၊ ဆုံးမသော စကားကို နားထောင်၍ နည်းဥပဒေကို ခံယူ လော့။ Garrad Bible အ ဆုံး၌ ပ ညာ ရ စေ ခြင်း ငှာ၊ အ ကြံ ပေး ရာ ကို ဆင် ခြင်၍၊ ဆုံး မ သွန် သင် ခြင်း ကို လည်း၊ နာ ယူ လော့။ Judson Bible နောက်ဆုံးကာလ၌ ပညာရှိဖြစ်လိုသောငှာ၊ ဆုံးမသောစကားကို နားထောင်၍ နည်းဥပဒေကို ခံယူလော့။ မြန်မာ့စံမီသမ္မာကျမ်း အကြံဉာဏ်ကိုနားထောင်၍ ဆုံးမပဲ့ပြင်ခြင်းကိုလက်ခံလော့။ သို့ပြုလျှင် နောက်ဆုံး၌ သင်သည် ဉာဏ်ပညာကိုရရှိလိမ့်မည်။ |
သူတော်ကောင်းကိုကြည့်ရှုလော့။ ဖြောင့်မတ်သောသူကိုကြည့်ရှုဆင်ခြင်လော့။ ငြိမ်းချမ်းမှုကိုလိုလားသူတွင်သားမြေး အဆက်အနွယ်ထွန်းကား၏။
ကျွန်တော်မျိုးတို့အားမိမိတို့အသက်မည်မျှ တိုတောင်းကြောင်းကိုသိရှိနိုင်ရန်သွန်သင်တော်မူပါ။ သို့မှသာလျှင်ကျွန်တော်မျိုးတို့သည်ဉာဏ်ပညာ ရရှိလာကြပါလိမ့်မည်။
ကျွန်တော်မျိုးတို့သည်တစ်သက်လုံးသီချင်းဆိုလျက် ဝမ်းမြောက်နိုင်ကြစေရန် နံနက်တိုင်းကျွန်တော်မျိုးတို့အားကိုယ်တော်၏ ခိုင်မြဲသောမေတ္တာတော်ကိုခံစားစေတော်မူပါ။
လျစ်လျူစွာဆုံဖြတ်ခြင်းအမှုအရာ၌ လေ့ကျက်မည်အကြောင်း၊ မိုက်သောသူသည် လိမ္မာ၍၊ လူပျိုသည် ပညာသတိနှင့်ပြည့်စုံမည်အကြောင်း၊
မိုက်သောသူသည် မိမိပြုသောအမှုကို မှန်သည် ဟု ထင်တတ်၏။ အကြံပေးသောစကားကို နားထောင် သော သူမူကားပညာရှိ၏။
ဆုံးမခြင်းစကားကို ပယ်သောသူသည် မိမိ အသက်ဝိညာဉ်ကို မထီမဲ့မြင်ပြုရာသို့ ရောက်၏။ နား ထောင်သော သူမူကား၊ ဥာဏ်ကိုရတတ်၏။
ဒေါသအမျက်ကြီးသောသူသည် အပြစ်ဒဏ်ကို ခံရလိမ့်မည်။ သူ့ကိုကယ်နှုတ်လျှင် အဖန်ဖန်ကယ်နှုတ် ရမည်။
ငါ့သားတို့၊ အဘ၏နည်းဥပဒေသကို နားထောင်၍၊ ဥာဏ်သဘောကို နားလည်ခြင်းငှါ စေ့စေ့မှတ် ကြလော့။
အကြံပေးနိုင်သော အခွင့်နှင့်ပညာရတနာသည် ငါ၌ရှိ၏။ ငါသည်ဥာဏ်ဖြစ်၍ အစွမ်းသတ္တိနှင့်ပြည့်စုံ၏။
အို ယေရုရှလင်မြို့သားတို့၊ သင်တို့သည်ဤ အမှုအရာများမှသင်ခန်းစာယူကြလော့။ သို့မဟုတ်ပါမူငါသည်သင်တို့အားအစဉ် စွန့်ပစ်မည်။ သင်တို့မြို့ကိုလူသူကင်းမဲ့ရာ သွေ့ခြောက်သောဒေသအဖြစ်သို့ငါပြောင်း လဲစေမည်'' ဟုမိန့်တော်မူ၏။
ထိုစဉ်အခါကငါ၏လူမျိုးတော်သည် ငါ့ကိုကြောက်ရွံ့ရိုသေကာငါပေးသည့် စည်းကမ်းကိုလိုက်နာကြလိမ့်မည်ဟူ၍ လည်းကောင်း၊ ငါ၏သွန်သင်ဆုံးမချက် ကိုအဘယ်အခါ၌မျှမေ့လျော့ကြ လိမ့်မည်မဟုတ်ဟူ၍လည်းကောင်းငါ ထင်မှတ်ခဲ့၏။ သို့ရာတွင်မကြာခဏ သူတို့သည်အကျင့်ဆိုးကိုပြုမြဲပြု လျက်နေကြ၏။
ဣသရေလအဆက်အနွယ်တို့သည်များပြား လှသဖြင့် မြေမှုန့်ကိုမရေမတွက်နိုင်သကဲ့သို့၊ သူတို့ကိုမရေမတွက်နိုင်။ ဘုရားသခင်၏လူစုဝင်တစ်ယောက်ကဲ့သို့ သေရပါလို၏။ ဖြောင့်မတ်သောသူကဲ့သို့ငြိမ်းချမ်းစွာသေရ ပါလို၏။''
သူတို့သည်မည်သည့်အကြောင်းကြောင့် စစ်ရှုံးရသည်ကိုမသိကြ။ ဖြစ်ပျက်သည့်အကြောင်းအရာကိုလည်း နားမလည်နိုင်ကြ။
တောကန္တာရထဲတွင်သင်တို့၏ဘိုးဘေးများမစား ဘူးသောမန္နမုန့်ကိုကျွေးတော်မူ၏။ နောက်ဆုံး၌ သင်တို့ကောင်းချီးခံစားရစေရန် သင်တို့အား ဆင်းရဲဒုက္ခရောက်စေတော်မူ၏။ ထိုသို့ဆင်းရဲဒုက္ခ ရောက်စေရခြင်းအကြောင်းမှာ သင်တို့ကိုစစ် ဆေးရန်ဖြစ်၏။-