သို့မဟုတ် မတရားသော သူကဲ့သို့ အပြစ်နှင့် ပြည့်စုံလျှင်၊ အပြစ်နှင့် ယှဉ်သောဒဏ်ကိုခံရမည်။
သုတ္တံကျမ်း။ 11:21 - Common Language Bible လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ် ဒဏ်နှင့်မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုး အနွှယ်မူကား လွတ်ရ၏။ Garrad Bible လူ ဆိုး တို့ သည်၊ အ ပြစ် ဒဏ် နှင့် မု ချ မ ကင်း မ လွတ် ရ ကြ။ သူ တော် ကောင်း တို့ အ မျိုး အ နွယ် မူ ကား၊ လွတ် မြောက် ခွင့် ရ ရှိ ကြ လိမ့် မည်။ Judson Bible လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုးအနွယ်မူကား လွတ်ရ၏။ မြန်မာ့စံမီသမ္မာကျမ်း မကောင်းမှုပြုသောသူသည် အပြစ်ဒဏ်နှင့်မည်သို့မျှကင်းလွတ်လိမ့်မည်မဟုတ်။ ဖြောင့်မတ်သောသူတို့၏သားမြေးတို့မူကား မုချကင်းလွတ်လိမ့်မည်။ |
သို့မဟုတ် မတရားသော သူကဲ့သို့ အပြစ်နှင့် ပြည့်စုံလျှင်၊ အပြစ်နှင့် ယှဉ်သောဒဏ်ကိုခံရမည်။
သူသည်အစဉ်ပင်သူတစ်ပါးတို့အားရက်ရောစွာ ပေးကမ်းချေးငှားတတ်၏။ သူ၏သားသမီးများသည်လည်းကောင်းချီး မင်္ဂလာကိုခံရကြ၏။
လူများစုနောက်သို့လိုက်၍မတရားသဖြင့် မပြုနှင့်။ လူများစုနောက်သို့လိုက်၍တရား မျှတမှုကိုဖောက်ပြန်စေရန်မတရားသော သက်သေကိုလည်းမခံနှင့်။-
လူတစ်ဦးအားမဟုတ်မမှန်မစွပ်စွဲရ။ အပြစ် ကင်းမဲ့သူကိုသေဒဏ်မစီရင်ရ။ ထိုသို့မ တရားမှုပြုသူအားငါအပြစ်ဒဏ်ပေးမည်။-
သဘောကောက်သောသူတို့ကို ထာဝရဘုရား သည် စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်သောလမ်းသို့ လိုက်သော သူတို့ကိုကား၊ နှစ်သက်တော်မူ၏။
သူတော်ကောင်းသည် သားမြေးတို့အဘို့ အမွေ ဥစ္စာကို ချန်ထားတတ်၏။ အပြစ်ရှိသော သူ၏စည်းစိမ် မူကား၊ ဖြောင့်မတ်သော သူတို့အဘို့ သိုထားလျက်ရှိ၏။
မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ သူတို့သည် အသင်းဖွဲ့သော် လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ။
စပျစ်ဥယျာဉ်အပေါ်၌ငါအမျက်မထွက် တော့ပြီ။ ငါခုတ်ထွင်ပစ်ရန်ဆူးပင်မျိုးစုံရှိ စေချင်ပါဘိ။ ယင်းတို့ကိုငါသည်လုံးဝ မီးရှို့ပစ်မည်။-
ငါသည်သူတို့အားမိမိတို့၏အကျိုး၊ နောင် လာနောက်သားတို့၏အကျိုးငှာတစ်ခုတည်း သောရည်ရွယ်ချက်ဖြင့်အသက်ရှင်စေမည်။ ထိုရည်ရွယ်ချက်မှာငါ့ကိုအစဉ်အမြဲ ကြောက်ရွံ့ရိုသေကြရန်ပင်ဖြစ်သည်။-
ထိုအခါမိမိတို့ဇနီးများသည်အခြား ဘုရားတို့အားယဇ်ပူဇော်ကြောင်းကိုသိရှိ ကြသူများ၊ ထိုနေရာတွင်ရပ်လျက်နေသူ အမျိုးသမီးများနှင့်အီဂျစ်ပြည်တောင် ပိုင်းတွင်နေထိုင်သူယုဒအမျိုးသားများ အပါအဝင်လူအုပ်ကြီးသည်ငါ့အား၊-
ထိုဆုကျေးဇူးကိုပေးမည်ဟူသောဘုရား သခင်၏ကတိတော်သည် သင်တို့အတွက်လည်း ကောင်း၊ သင်တို့၏သားသမီးများအတွက်လည်း ကောင်း၊ ရပ်ဝေးရှိသူတို့အတွက်လည်းကောင်း ဖြစ်၏။ တစ်နည်းအားဖြင့်ငါတို့၏ဘုရားသခင် ထာဝရဘုရား ခေါ်ယူတော်မူသောသူအပေါင်း တို့အတွက် ဖြစ်၏'' ဟုဖြေဆိုလေ၏။