သုတ္တံကျမ်း။ 10:21 - Common Language Bible ဖြောင့်မတ်သော သူ၏နှုတ်ခမ်းတို့သည် လူအ များကို ကျွေးတတ်၏။ မိုက်သောသူတို့မူကား၊ ဥာဏ်မ ရှိသောကြောင့် သေကြလိမ့် မည်။ Garrad Bible သူ တော် ကောင်း၏ နှုတ် ခမ်း သည်၊ လူ အ များ ကို တိုက် ကျွေး တတ်၏။ လူ မိုက် တို့ မူ ကား၊ ဉာဏ် ကင်း သော ကြောင့် သေ ဆုံး ကြ လိမ့် မည်။ Judson Bible ဖြောင့်မတ်သောသူ၏ နှုတ်ခမ်းတို့သည် လူအများကို ကျွေးတတ်၏။ မိုက်သောသူတို့မူကား၊ ဉာဏ်မရှိသောကြောင့် သေကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်သောသူ၏နှုတ်ခမ်းသည် များစွာသောသူတို့ကို ကျွေးမွေးတတ်၏။ ဆိုးမိုက်သောသူတို့မူကား အသိစိတ်မရှိသောကြောင့် သေကြလိမ့်မည်။ |
သူတော်ကောင်းသည်ဉာဏ်ပညာအမြော်အမြင်ရှိသော စကားကိုပြောဆိုတတ်၏။ သူသည်အစဉ်ပင်တရားမျှတ၏။
အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကိုမုန်းကြ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောကို အလိုမရှိကြ။
ထိုကြောင့်သူတို့သည် ကိုယ်ကျင့်ခြင်း၏ အကျိုး အပြစ်ကိုစား၍၊ ကိုယ်ကြံသော အကြံတို့နှင့် ဝကြလိမ့် မည်။
ဥာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ၏။ မိုက်သောသူတို့သည် သတိလစ် သောအားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။
ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်ရေ တွင်းဖြစ်၏။ မတရားသောသူ၏ နှုတ်ကိုကား၊ ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည်။
သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ် သော လူတချို့ရှိ၏။ ပညာရှိတို့၏ လျှာမူကား အနာကို ပင် ပျောက်စေတတ်၏။
ပညာရှိသော သူ၏နှုတ်ခမ်းတို့သည် ပညာ အတတ်ကို စွန့်ကြဲတတ်၏။ မိုက်သောသူ၏ နှလုံးမူကား ပညာမရှိ။
ငါသည် သွန်သင်ခြင်းကို မုန်းလေပြီတကား။ ဆုံးမခြင်းကို စိတ်နှလုံးထဲမှာ မထီမဲ့မြင်ပြုလေပြီ တကား။
ပညာရှိသောသူ၏စကားသည် တုတ်ချွန်နှင့် ၎င်း၊ တပါးတည်းသော သိုးထိန်းကြီးအပ်ပေတော်မူ၍၊ ပရိသတ်အုပ်တို့ ရိုက်ထားသောသံချွန်နှင့်၎င်း တူ၏။
ထို့ကြောင့်သင်တို့သည်သုံ့ပန်းများအဖြစ် ဖြင့်ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံရ ကြလိမ့်မည်။ သင်တို့၏ခေါင်းဆောင်များသည် အစာငတ်၍သေဆုံးကြလိမ့်မည်။ လူအပေါင်း တို့သည်ရေငတ်ကြလိမ့်မည်။-
ကိုယ်တော်ရှင်ဗျာဒိတ်ပေးတော်မူသောအခါ ကျွန်တော်မျိုးသည်လုံးစေ့ပတ်စေ့နားထောင် ပါ၏။ နှုတ်ကပတ်တော်တို့သည်ကျွန်တော်မျိုး ၏စိတ်နှလုံးကိုရွှင်ပြုံးအားရစေပါ၏။ အနန္တတန်ခိုးရှင်ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်၏ နာမတော်ကိုဆောင်ပါ၏။-
ငါ့စကားကိုနားထောင်သောသိုးထိန်းများ ကိုသင်တို့အားငါပေးမည်။ သူတို့သည်သင် တို့ကိုဉာဏ်ပညာနှင့်လည်းကောင်း၊ အသိ ပညာနှင့်လည်းကောင်းအုပ်စိုးကြလိမ့်မည်။-
ငါ၏လူမျိုးတို့သည်ငါ့ကိုအသိအမှတ် မပြုသောကြောင့် အပြစ်ဒဏ်စီရင်ခြင်းကို ခံရကြ၏။ အသင်ယဇ်ပုရောဟိတ်တို့သည် ငါ့ကိုအသိအမှတ်မပြုဘဲ ငါ၏သြဝါဒ ကိုလည်းလက်မခံကြသောကြောင့် ငါသည် သင်တို့ကိုပစ်ပယ်ပြီ။ သင်တို့၏သားများ ကိုလည်းငါ၏ယဇ်ပုရောဟိတ်များအဖြစ် အသိအမှတ်ပြုမည်မဟုတ်။
ကောင်းမြတ်သောသူသည်မိမိ၏ကောင်းမြတ်သော စိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှကောင်းမြတ်သော အရာကိုထုတ်ဖော်တတ်၏။ ဆိုးယုတ်သောသူသည် မိမိဆိုးယုတ်သောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်း မှဆိုးယုတ်သောအရာများကိုထုတ်ဖော်တတ်၏။
လမ်းမြေတွင်ကျသည့်မျိုးစေ့သည်နိုင်ငံတော် အကြောင်းတရားတော်ကိုကြားသော်လည်းနား မလည်သူတို့နှင့်တူ၏။ သူတို့၏စိတ်နှလုံးတွင် ကြဲထားသည့်တရားတော်မျိုးစေ့ကိုစာတန် သည်လာ၍ယူငင်သွား၏။-
ထိုသူတို့သည်ဘုရားကိုဘုရားဟူ၍ မအောက်မေ့ကြသဖြင့် ဘုရားသခင်သည် သူတို့အားစွန့်ပစ်တော်မူသောကြောင့် သူတို့ သည်မှန်ကန်စွာစဉ်းစားဆင်ခြင်နိုင်စွမ်းမရှိ တော့ဘဲမပြုကျင့်သင့်သောအရာများကို ပြုကျင့်ကြကုန်၏။-
သင်တို့သည်မိမိတို့၌အပ်ထားသောဘုရား သခင်၏သိုးစုကိုကြည့်ရှုစောင့်ထိန်းကြလော့။ တာဝန်ဝတ္တရားတစ်ရပ်အနေဖြင့်မဟုတ်ဘဲ ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်သည့် အနေဖြင့်ဝမ်းမြောက်စွာစောင့်ထိန်းကြလော့။ ငွေကြေးရရှိရန်အတွက်မဟုတ်ဟူ၍ စေတနာစိတ်နှင့်လုပ်ဆောင်ကြလော့။-