ထာဝရဘုရားကလည်း``လူသည်သေမျိုးဖြစ် ၏။ အမြဲအသက်ရှင်နေခွင့်ကိုငါမပေး။ ယခု မှစ၍လူ၏သက်တမ်းသည်အနှစ်တစ်ရာ့နှစ် ဆယ်ဖြစ်စေ'' ဟုမိန့်တော်မူ၏။-
သုတ္တံကျမ်း။ 1:28 - Common Language Bible ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော် လည်း ငါမထူး။ ငါ့ကို ကြိုးစား၍ ရှာသော်လည်း မတွေ့ ရကြ။ Garrad Bible ၎င်း တို့ ခေါ် သော် လည်း၊ ငါ ထူး မည် မ ဟုတ်။ စိတ် ဇော နှင့် ရှာ ဖွေ သော် လည်း၊ ငါ့ ကို တွေ့ ရ ကြ မည် မ ဟုတ်။ Judson Bible ထိုအမှုရောက်သောသူတို့သည် ငါ့ကိုခေါ်သော်လည်း ငါမထူး။ ငါ့ကိုကြိုးစား၍ ရှာသော်လည်း မတွေ့ရကြ။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ငါ့ကိုခေါ်ကြလိမ့်မည်။ သို့သော် ငါသည် ထူးမည်မဟုတ်။ သူတို့သည် ငါ့ကိုကြိုးစား၍ရှာကြလိမ့်မည်။ သို့သော် ငါ့ကိုတွေ့ရကြမည်မဟုတ်။ |
ထာဝရဘုရားကလည်း``လူသည်သေမျိုးဖြစ် ၏။ အမြဲအသက်ရှင်နေခွင့်ကိုငါမပေး။ ယခု မှစ၍လူ၏သက်တမ်းသည်အနှစ်တစ်ရာ့နှစ် ဆယ်ဖြစ်စေ'' ဟုမိန့်တော်မူ၏။-
ထိုကြောင့်အဓမ္မလူ၊ ထောင်လွှားစော်ကားခြင်းကိုခံရ၍ အော်ဟစ်သော်လည်း၊ ဘုရားသခင်သည် ထူးတော်မမူ။
သူတို့သည်``ကယ်တော်မူပါ'' ဟု အော်ဟစ်ကြသော်လည်း၊သူတို့အား အဘယ်သူမျှမကယ်နိုင်ပါ။ သူတို့သည်ထာဝရဘုရားကို လျှောက်ထားကြသော်လည်းကိုယ်တော်သည် သူတို့အားထူးတော်မမူပါ။
လေတိုက်၍လွင့်ပါသွားသောမြေမှုန့်သဖွယ် ဖြစ်စေရန် သူတို့အားကျွန်တော်မျိုးချေမှုန်းပါ၏။ လမ်းများပေါ်မှရွှံ့သဖွယ်သူတို့အား ကျွန်တော်မျိုးကျော်နင်းပါ၏။
အကယ်၍ငါသည်မိမိ၏အပြစ်များကို လျစ်လူရှု၍နေခဲ့ပါမူ၊ ထာဝရဘုရားသည်ငါ၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူမည်မဟုတ်ပါ။
ထာဝရဘုရားသည် မတရားသော သူတို့နှင့် ဝေးတော်မူ၏။ ဖြောင့်မတ်သောသူ၏ ပဌနာစကားကို ကား နားထောင်တော်မူ၏။
မြို့တွင်လည်သော ကင်းစောင့်တို့သည် ငါ့ကို တွေ့သော်၊ နာကျင်စွာရိုက်ကြ၏။ မြို့ရိုးစောင့်တို့သည် ငါ့မျက်နှာဖုံးကို လုယူကြ၏။
``သင်တို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုကြသောအခါ ငါသည်သင်တို့အားလှည့်၍ကြည့်တော်မူလိမ့်မည်မဟုတ်။ သင်တို့၏လက်များသည်အပြစ်သွေးစွန်းလျက်နေသဖြင့် သင်တို့အဘယ်မျှပင်ပြင်းပြစွာဆုတောင်းပတ္ထနာပြုကြသော်လည်းငါနားထောင်လိမ့်မည်မဟုတ်။-
ထို့ကြောင့်သူတို့အပေါ်သို့ငါသက်ရောက် စေမည့်ဘေးအန္တရာယ်ဆိုးမှသူတို့သည် လွတ်မြောက်ကြလိမ့်မည်မဟုတ်ကြောင်း ငါထာဝရဘုရားသတိပေး၏။ ကူမ တော်မူရန်သူတို့ဟစ်အော်ကြသောအခါ ၌လည်းငါနားထောင်လိမ့်မည်မဟုတ်။-
အကယ်၍သူတို့သည်အစာရှောင်၍ပင် အကူအညီဟစ်အော်တောင်းခံကြစေ ကာမူ ငါသည်လူတို့၏ဟစ်အော်သံကို နားထောင်လိမ့်မည်မဟုတ်။ အကယ်၍သူ တို့သည်ငါ့အားမီးရှို့ရာယဇ်များနှင့် ပူဇော်သကာများကိုပင်ဆက်သသော် လည်း ငါသည်သူတို့အားနှစ်သက်လိမ့် မည်မဟုတ်။ ယင်းသို့နှစ်သက်မည့်အစား သူတို့အားစစ်ပွဲများတွင်ကျဆုံးစေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ အနာရောဂါ ဘေးသင့်၍သေစေမည်'' ဟုမိန့်တော်မူ ပါ၏။
သူတို့သည်သစ်ခက်ကိုနှာခေါင်းတွင်ကပ်လျက် ငါ့အားစော်ကားကြပုံကိုကြည့်လော့။ ငါ၏အမျက်ဒဏ်ကိုသူတို့သည်အပြည့်အဝခံရကြလိမ့်မည်။ ငါသည်သူတို့အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မဟုတ်။ သူတို့သည်ငါ့ထံသို့အစွမ်းကုန်အော်ဟစ်၍ဆုတောင်းပတ္ထနာပြုကြမည်ဖြစ်သော်လည်း ငါသည်နားညောင်းလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
``ငါ၏လူမျိုးတော်သည်မိမိတို့၏အပြစ် ကိုသိ၍ ငါ့ထံသို့ပြန်လာမည့်အချိန်ရောက် သည်အထိငါသည်သူတို့ကိုစွန့်ပစ်ထား မည်။ သူတို့သည်ဆင်းရဲဒုက္ခခံနေရစဉ် ငါ့အားကြိုးစား၍ရှာကြလိမ့်မည်။''
သူတို့၏သိုးနွားများကိုထာဝရဘုရား အားယဇ်ပူဇော်ရန်ယူဆောင်ခဲ့ကြသော် လည်းအကျိုးမရှိ၊ ကိုယ်တော်သည်သူတို့ ကိုစွန့်ပစ်သွားပြီဖြစ်၍သူတို့သည် ကိုယ်တော်ကိုမတွေ့နိုင်ကြ။-
လူတို့သည်ပင်လယ်သေမှမြေထဲပင်လယ် တိုင်အောင်လည်းကောင်း မြောက်အရပ်မှအရှေ့ သို့လည်းကောင်း၊ နေရာအနှံ့အပြား၌သတင်း စကားတော်ကိုလှည့်လည်၍ရှာကြသော်လည်း သတင်းစကားတော်ကိုမတွေ့ဘဲနေကြ လိမ့်မည်။-
သင်တို့သည်ထာဝရဘုရားအားအော်ဟစ် တောင်းလျှောက်ရသောအချိန်ရောက်လာလိမ့် မည်။ ထိုအခါကိုယ်တော်သည်သင်တို့ကို နားညောင်းတော်မူမည်မဟုတ်။ သင်တို့သည် မကောင်းမှုကိုပြုသောကြောင့်ကိုယ်တော်သည် သင်တို့၏တောင်းလျှောက်သံကိုနားညောင်း တော်မူမည်မဟုတ်။
ငါ၏မိန့်တော်မူချက်ကိုသူတို့သည်နား မထောင်သောကြောင့် သူတို့၏ဆုတောင်းသံ ကိုအနန္တတန်ခိုးရှင်ငါထာဝရဘုရား နားညောင်းတော်မမူ။-
ထိုအခါသင်တို့သည် ထာဝရဘုရားကူမတော် မူရန်ငိုကြွေးတောင်းပန်ကြ၏။ သို့ရာတွင်ကိုယ် တော်သည် သင်တို့၏တောင်းပန်သံကိုနားညောင်း တော်မမူ၊ ဂရုလည်းပြုတော်မမူ၊-
သင်တို့တောင်းလျှောက်၍မရခြင်းမှာရည်ရွယ် ချက်လွဲမှားလျက်မိမိတို့စည်းစိမ်ခံစားမှု အတွက်သာလျှင်တောင်းလျှောက်တတ်ကြသော ကြောင့်ဖြစ်၏။-
ထိုအချိန်ကျရောက်လာသောအခါသင်တို့ သည် မိမိတို့ကိုယ်တိုင်ရွေးချယ်တင်မြှောက် သည့်ဘုရင်ကြောင့်ညည်းညူကြလိမ့်မည်။ သို့ သော်လည်းထာဝရဘုရားသည်သင်တို့၏ ညည်းညူသံကိုနားညောင်းတော်မူလိမ့်မည် မဟုတ်'' ဟုသတိပေးလေ၏။