သင်တို့သည်သိုးသို့မဟုတ်ဆိတ်ကိုရွေးယူ နိုင်သည်၊ သို့သော်ထိုတိရစ္ဆာန်သည်အပြစ်အနာ ကင်းသောတစ်နှစ်သားအထီးဖြစ်ရမည်။-
ဝတ်ပြု 23:12 - Common Language Bible ဘောဇဉ်ပူဇော်သကာကိုပူဇော်သောနေ့၌ အနာအဆာကင်းသောတစ်နှစ်သားသိုး ကလေးကိုလည်းမီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။- Garrad Bible ကောက် လှိုင်း ကို ဦး တိုက် သော နေ့ ချင်း ပင် ကြန် အင် စုံ လျက် အ ခါ လည် သော သိုး သား ငယ် ကို မီး ရှို့ ရာ သ က္ကာ အ ဖြစ် ဖြင့် ထာ ဝ ရ ဘု ရား ထံ ဆက် ကပ် ကြ လော့။ Judson Bible ကောက်လှိုင်းကိုချီလွှဲသောနေ့၌ အခါမလည် အပြစ်မပါသော သိုးသငယ်အထီးကို ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း သီးနှံအစည်းကို ချီလွှဲသောနေ့၌ အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်ကို ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။ |
သင်တို့သည်သိုးသို့မဟုတ်ဆိတ်ကိုရွေးယူ နိုင်သည်၊ သို့သော်ထိုတိရစ္ဆာန်သည်အပြစ်အနာ ကင်းသောတစ်နှစ်သားအထီးဖြစ်ရမည်။-
ထိုသူသည်သိုးသို့မဟုတ်ဆိတ်ကိုယဇ်ပူ ဇော်လိုလျှင် ထိုယဇ်ကောင်သည်အပြစ်အနာ ကင်းသည့်သိုးထီးဆိတ်ထီးဖြစ်ရမည်။-
နွားကိုမီးရှို့ရာယဇ်အဖြစ်ပူဇော်မည်ဆိုလျှင် ထိုနွား၌အပြစ်အနာမရှိစေရ။ ထာဝရ ဘုရားသည်ထိုသူကိုနှစ်သက်လက်ခံရန်သူ သည်နွားကို ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
သင်တို့သည်ထာဝရဘုရား၏စိတ်တော် နှင့်တွေ့နိုင်ရန် ယဇ်ပုရောဟိတ်သည်ထိုကောက် လှိုင်းစည်းကိုအထူးပူဇော်သကာအဖြစ် ဆက်သရမည်။ ယဇ်ပုရောဟိတ်သည်ထို ပူဇော်သကာကို ဥပုသ်နေ့လွန်သည့်နောက် တစ်နေ့တွင်ဆက်သရမည်။-
ထိုမီးရှို့ပူဇော်သောယဇ်နှင့်အတူသံလွင် ဆီရောသောမုန့်ညက်လေးပေါင်ကို ဘောဇဉ် ပူဇော်သကာအဖြစ်ဆက်သရမည်။ ထိုပူဇော် သကာ၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။ ထိုယဇ်နှင့်အတူစပျစ်ရည်ငါး ဆယ်သားခန့်ကိုလည်းဆက်သရမည်။-
အပြစ်အနာအဆာကင်းစင်သည့်သိုးသူငယ် နှင့်တူသောခရစ်တော်၏အသက်တော်ကို တင်လှူပူဇော်ခြင်းဖြစ်ပေသည်။-