ကိုယ်တော်သည်ဣသရေလပြည်တွင်နေ ထိုင်သော တိုင်းတစ်ပါးသားတို့အား ကွယ်ကာစောင့်ရှောက်တော်မူ၍မုဆိုးမနှင့် မိဘမဲ့သူတို့ကိုကူမတော်မူ၏။ သို့ရာတွင်သူယုတ်မာတို့ကိုမူပျက်စီးဆုံးရှုံး စေတော်မူ၏။
ဝတ်ပြု 19:34 - Common Language Bible သူတို့အားတိုင်းရင်းသားချင်းကဲ့သို့ဆက်ဆံ၍ ကိုယ်နှင့်အမျှချစ်ခင်ရမည်။ သင်တို့သည်လည်း အီဂျစ်ပြည်တွင်သူစိမ်းတစ်ရံဆံအဖြစ်နေ ထိုင်ခဲ့ရဖူးကြောင်းကိုသတိရကြလော့။ ငါ သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။ Garrad Bible သင် တို့ သည် အိ ဂျစ် ပြည် တွင် ဝင် နေ သူ အ ဖြစ် နှင့် နေ ခဲ့ ရ ဖူး သည် နှင့် အ ညီ ဝင် နေ သူ့ ကို သင် တို့ တိုင်း ရင်း သား ကဲ့ သို့ မှတ်၍ ကိုယ် နှင့် အ မျှ ချစ် ကြ ရ မည်။ ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း။ Judson Bible သင်နှင့်အတူနေသော ဧည့်သည်ကို ကိုယ်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ ကိုယ်နှင့်အမျှ ချစ်ရမည်။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ကြဖူးပြီ။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် အီဂျစ်ပြည်၌ တိုင်းတစ်ပါးသားဖြစ်ခဲ့ဖူးသည်ဖြစ်၍ သင်တို့ထံ၌တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားကို ကိုယ့်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ သူ့ကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ |
ကိုယ်တော်သည်ဣသရေလပြည်တွင်နေ ထိုင်သော တိုင်းတစ်ပါးသားတို့အား ကွယ်ကာစောင့်ရှောက်တော်မူ၍မုဆိုးမနှင့် မိဘမဲ့သူတို့ကိုကူမတော်မူ၏။ သို့ရာတွင်သူယုတ်မာတို့ကိုမူပျက်စီးဆုံးရှုံး စေတော်မူ၏။
``သင်တို့သည်အီဂျစ်ပြည်တွင်ဧည့်သည်အဖြစ် နေထိုင်ခဲ့ဖူးကြောင်း သတိရလျက်အခြား အမျိုးသားများကိုမနှိပ်စက်မညှင်းဆဲရ။-
ယင်းသည်သင်တို့အစဉ်အမြဲပိုင်ဆိုင်ကြ ရမည့်မြေယာဖြစ်၏။ ထိုအရပ်တွင်သင်တို့ နှင့်အတူနေထိုင်လျက်သားသမီးများ ရရှိနေကြသူလူမျိုးခြားများသည်လည်း သင်တို့မြေယာခွဲဝေရာတွင်ဝေစုခံယူ ရကြမည်။ သူတို့အားတင်းပြည့်ဣသရေလ ပြည်သားများအဖြစ်ဖြင့်မှတ်ယူကာ ဣသရေလအနွယ်တို့နှင့်အတူမြေယာ ဝေစုများကိုခံယူစေရမည်။-
သူတစ်ပါးအားလက်စားမချေရ။ ရန်ငြိုး မထားရ။ အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ် ရမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူ၏။
လူတိုင်းမိဘကိုရိုသေလေးစားရမည်။ ငါ ပညတ်သည့်အတိုင်းဥပုသ်နေ့ကိုစောင့်ထိန်း ရမည်။ ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။
ငါတို့နှင့်အတူလိုက်ခဲ့ပါမူငါတို့အား ထာဝရဘုရားချပေးတော်မူသော ကောင်း ချီးမင်္ဂလာအပေါင်းတို့ကိုသင်လည်းခံ စားခွင့်ရရှိစေပါမည်'' ဟုဆို၏။
``မိတ်ဆွေကိုချစ်လော့။ ရန်သူကိုမုန်းလော့ဟူ သောပညတ်ကိုသင်တို့ ကြားသိရလေပြီ။-
သို့ဖြစ်၍လူမျိုးခြားတို့ကိုချစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် သင်တို့သည်ယခင် အခါကအီဂျစ်ပြည်တွင်လူမျိုးခြား အဖြစ်နေထိုင်ခဲ့ရဖူးသောကြောင့်ဖြစ်သည်။-
``ဧဒုံအမျိုးသားတို့သည် သင်တို့၏သား ချင်းများဖြစ်သောကြောင့် သူတို့ကိုမမုန်းရ။ အီဂျစ်အမျိုးသားတို့ကိုလည်းမမုန်းရ။ သင်တို့သည်တစ်ခါက သူတို့၏ပြည်တွင် နေထိုင်ခဲ့ဖူးသည်။-
ယင်းတို့၏အဆက်အနွယ်များသည် တတိယမျိုးဆက်မှစ၍ ထာဝရဘုရား ၏လူမျိုးတော်စာရင်းတွင်ပါဝင်နိုင်၏။
ရုသသည်မြေသို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ် လျက် ဗောဇအား``အရှင်သည်အဘယ်ကြောင့် ကျွန်မကဲ့သို့နိုင်ငံခြားသူတစ်ဦးကို ဤမျှ ဂရုတစိုက်ပြု၍သနားကြင်နာပါသနည်း'' ဟုဆိုလျှင်၊