သင်တို့မစားရသောအရာတစ်ခုရှိ၏။ ထိုအရာကားသွေးပါရှိသည့်အသားဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သွေး၌အသက်တည်ရှိသောကြောင့်ဖြစ်သတည်း။-
ဝတ်ပြု 17:14 - Common Language Bible သတ္တဝါတိုင်း၏အသက်သည်သွေး၌တည်သော ကြောင့် ဣသရေလအမျိုးသားတို့သည်သွေး ပါသောအသားကိုမစားရ။ စားသောသူသည် ကိုယ်တော်၏လူမျိုးတော်မှထုတ်ပယ်ခြင်း ကိုခံရမည်ဟုထာဝရဘုရားမိန့်တော် မူ၏။ Garrad Bible ကိုယ် ခ န္ဓာ တိုင်း၏ အ သက် ကား အ သွေး နှင့် တ ဝ တည်း ဖြစ်၍ ငါ က၊ ကိုယ် ခ န္ဓာ တစ် မျိုး မျိုး၏ အ သွေး ကို မ သုံး ဆောင် ရ ဟု ဣ သ ရေ လ အ မျိုး သား တို့ အား မြစ် တား ခဲ့ ပြီ။ ဆိုင် ရာ အ သွေး သည် ကိုယ် ခ န္ဓာ အ မျိုး မျိုး၏ အ သက် ဖြစ် သ ဖြင့် သုံး ဆောင် သော သူ တိုင်း ပယ် ရှား ခံ ရ မည်။ Judson Bible အသွေးသည် ခပ်သိမ်းသောကိုယ်ခန္ဓာ အသက်ရှင်ရာအကြောင်းဖြစ်၏။ ထိုကြောင့် သင်တို့သည် တစ်စုံတစ်ခုသောကိုယ်ခန္ဓာ၏အသွေးကိုမစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်သောကြောင့်၊ အသွေးကိုစားသောသူ မည်သည်ကား၊ ပယ်ရှင်းခြင်းကိုခံရမည်။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သတ္တဝါတိုင်း၏အသက်သည် သွေး၌တည်၏။ ထိုသို့ အသက်သည် သွေး၌တည်သောကြောင့် အစ္စရေးအမျိုးသားတို့အား ‘မည်သည့်သတ္တဝါ၏သွေးကိုမျှ မစားရ။ သတ္တဝါတိုင်း၏အသက်သည် သွေး၌တည်သောကြောင့် သွေးကိုစားသောသူမည်သူမဆို သုတ်သင်ပယ်ရှင်းခြင်းခံရမည်’ဟု ငါမိန့်ဆိုပြီ။ |
သင်တို့မစားရသောအရာတစ်ခုရှိ၏။ ထိုအရာကားသွေးပါရှိသည့်အသားဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သွေး၌အသက်တည်ရှိသောကြောင့်ဖြစ်သတည်း။-
မည်သူမဆိုထိုဆီနှင့်တူသောဆီကိုဖော် စပ်လျှင်ဖြစ်စေ၊ ယဇ်ပုရောဟိတ်မဟုတ်သူ အပေါ်သို့ထိုဆီကိုလောင်းလျှင်ဖြစ်စေ၊ ငါ ၏လူမျိုးတော်မှအပယ်ခံရမည်ဟုမိန့် တော်မူ၏။
ဣသရေလအမျိုးသားတို့သည်အဆီ ကိုသော်လည်းကောင်း၊ သွေးကိုသော်လည်း ကောင်းမစားရ။ အရပ်ရပ်တွင်နေထိုင်သော ဣသရေလအမျိုးသားအပေါင်းတို့သည် ဤပညတ်ကိုထာဝစဉ်လိုက်နာရကြမည်။
သို့ရာတွင်ရုပ်တုအားပူဇော်ထားသဖြင့် မသန့် စင်သည့်အစားအစာများကိုစားခြင်း၊ ကာမ ဂုဏ်လိုက်စားခြင်း၊ လည်လိမ်သားနှင့်သွေးကို စားသုံးခြင်းတို့ကိုမူရှောင်ရှားကြစေရန် စာရေး၍အကြောင်းကြားသင့်သည်ဟုငါ ယူဆ၏။-
သို့ရာတွင်သွေးသည်အသက်ဖြစ်သောကြောင့် သွေးကိုမစားရ။ သို့ဖြစ်၍သွေးပါရှိသော အသားကိုမစားရ။-