အကယ်၍ငါသည်မိမိ၏အပြစ်များကို လျစ်လူရှု၍နေခဲ့ပါမူ၊ ထာဝရဘုရားသည်ငါ၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူမည်မဟုတ်ပါ။
ဝတ်ပြု 15:31 - Common Language Bible ထာဝရဘုရားသည်စခန်းအလယ်တွင် တည် ရှိသည့်စံတော်မူရာတဲတော်ကိုမညစ်ညမ်း စေခြင်းအလို့ငှာ မသန့်စင်သောအမှုများ နှင့်ဆိုင်၍ ဣသရေလအမျိုးသားတို့ကို မောရှေအားဖြင့်သတိပေးတော်မူ၏။ အကယ်၍သူတို့သည်တဲတော်ကို ညစ်ညမ်း စေလျှင်အသက်သေဆုံးရကြမည်။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ အ လယ် တွင် တည် သော ငါ့ စံ ရာ တော် ကို မ သန့် အောင် ပြု မိ ကြ လျှင်၊ မ သန့် လျက် နေ စဉ် မ သေ ကြ စေ ရန် မ သန့် သော အ ဖြစ် နှင့် ထို လူ မျိုး ကို အ သီး အ ခြား ထား ရ မည်။ Judson Bible ထိုသို့ ဣသရေလအမျိုးသားတို့သည် မိမိတို့တွင်ရှိသော ငါ့တဲတော်ကို ညစ်ညူးစေ၍၊ မိမိတို့မစင်ကြယ်ရာ၌ မသေစေခြင်းငှာ၊ သူတို့ကို မစင်ကြယ်ခြင်းနှင့် ကင်းစင်စေရမည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ အစ္စရေးအမျိုးသားတို့သည် သူတို့အလယ်ရှိ ငါကိန်းဝပ်တော်မူရာတဲတော်ကို သူတို့၏မစင်ကြယ်ခြင်းဖြင့် ညစ်ညူးစေ၍ သေရမည့်အဖြစ်သို့ မရောက်ကြစေရန် သူတို့၏မစင်ကြယ်ခြင်းမှ သူတို့ကိုကင်းစင်စေရမည်။ |
အကယ်၍ငါသည်မိမိ၏အပြစ်များကို လျစ်လူရှု၍နေခဲ့ပါမူ၊ ထာဝရဘုရားသည်ငါ၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူမည်မဟုတ်ပါ။
သူတို့ပြုသောအမှုများကားဤမျှသာ မဟုတ်။ ငါ၏ဗိမာန်တော်ကိုညစ်ညမ်းစေ၍ ငါ၏ဥပုသ်နေ့ကိုလည်းမလေးမစားပြု ကြ၏။-
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်မိမိတို့ပြည်၌နေထိုင် ကြစဉ်အခါက သူတို့သည်အနေအထိုင် အကျင့်အကြံများအားဖြင့်ထိုပြည်ကို ညစ်ညမ်းစေခဲ့ကြ၏။ သူတို့၏အကျင့် အကြံသည်အမျိုးသမီးတစ်ယောက်ဋ္ဌမ္မ တာရာသီလာချိန်၌ဘာသာရေးအရ ညစ်ညမ်းသကဲ့သို့ညစ်ညမ်းသည်ဟုငါ မှတ်တော်မူသည်။-
``ယဇ်ပုရောဟိတ်တို့သည်သန့်ရှင်းမြင့်မြတ် သောအရာနှင့်မသန့်ရှင်းမမြင့်မြတ်သော အရာတို့ကွာခြားပုံ၊ ဘာသာရေးအရသန့် စင်သောအရာနှင့်မသန့်စင်သောအရာကွာ ခြားပုံကိုလူတို့အားသင်ကြားပေးရမည်။-
အရှင်ထာဝရဘုရားမိန့်တော်မူသည် မှာ``သင်တို့သည်ဆိုးညစ်စက်ဆုပ်ဖွယ်သော အမှုအပေါင်းကိုပြုလျက် ဗိမာန်တော်ကို ညစ်ညမ်းစေသဖြင့် ငါသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ သင်တို့အားသနားညှာတာမှုမရှိဘဲ သုတ်သင်ပစ်မည်။-
ထိုမင်းသည်ခုနစ်နှစ်တိုင်တိုင်များစွာ သောလူတို့နှင့် အခိုင်အမာသဘောတူ စာချုပ်ချုပ်ဆိုလိမ့်မည်။ သုံးနှစ်ခွဲမျှ ကြာသောအခါသူသည် ယဇ်နှင့်ပူဇော် သကာများဆက်ကပ်မှုကိုရပ်စဲစေ လိမ့်မည်။ ထိုနောက်ထိတ်လန့်စက်ဆုပ်ဖွယ် ကောင်းသည့်အရာ ကို ဗိမာန်တော်လူမြင်ကွင်းတွင်မြှောက်တင် ထားလိမ့်မည်။ ထိုအရာသည်မြှောက်တင်သူ အတွက် ဘုရားသခင်ပြင်ဆင်စီရင်ထား တော်မူသောဆုံးပါးပျက်စီးချိန်တိုင် အောင် ဗိမာန်တော်တွင်တည်ရှိနေလိမ့်မည်'' ဟုဆို၏။
သင်တို့သည်ဘာသာရေးထုံးနည်းအရ သန့်ရှင်း၍ စားနိုင်သောတိရစ္ဆာန်နှင့်မသန့်ရှင်း ၍မစားနိုင်သောတိရစ္ဆာန်တို့ကိုခွဲခြားသိ ကြရမည်။
ဤပညတ်သည်ကား သိုးမွေးအဝတ်အထည် သို့မဟုတ်ပိတ်ချောအဝတ်အထည်တွင်ဖြစ် စေ၊ သိုးမွေးအထည်စ၊ သို့မဟုတ်ပိတ်ချော အထည်စတွင်ဖြစ်စေ၊ သားရေထည်ပစ္စည်း တွင်ဖြစ်စေ၊ ဖားဥကွက်ပေါ်ခြင်းနှင့်ဆိုင်သော ပညတ်ဖြစ်သတည်း။
ဥပုသ်နေ့ကိုစောင့်ထိန်း၍ ငါ့အားဝတ်ပြုရာ ဌာနတော်ကိုရိုသေလော့။ ငါသည်ထာဝရ ဘုရားဖြစ်တော်မူ၏။
မည်သူမဆိုမိမိ၏သားသမီးကိုမောလုတ်ဘုရားအားကိုးကွယ်ရာတွင်ပေးအပ်ခြင်းအားဖြင့်ငါ၏တဲတော်ကိုညစ်ညမ်းစေ၍ငါ၏နာမတော်ကိုရှုတ်ချလျှင် ငါသည်ထိုသူကိုမျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။-
သို့ရာတွင်သူ၏ကိုယ်အင်္ဂါချွတ်ယွင်းနေ သောကြောင့် ကန့်လန့်ကာတော်အနီးသို့လည်း ကောင်း၊ ယဇ်ပလ္လင်တော်အနီးသို့လည်းကောင်း မချဉ်းကပ်ရ။ ငါသည်ထာဝရဘုရား ဖြစ်၏။ ငါသည်ထိုကန့်လန့်ကာတော်နှင့်ယဇ် ပလ္လင်တော်တို့ကိုသန့်ရှင်းစေသောကြောင့် သူ သည်ယင်းတို့ကိုမညစ်ညမ်းစေရ'' ဟု မိန့်တော်မူ၏။
လူသေကောင်ကိုကိုင်တွယ်မိသောသူသည် သန့်စင်ခြင်းဝတ်ဆိုင်ရာရေကိုကိုယ်ပေါ်သို့ ပက်၍ သန့်စင်မှုမပြုလျှင်မသန့်စင်ဘဲရှိ နေလိမ့်မည်။ ထိုသူသည်ထာဝရဘုရား၏ တဲတော်ကိုညစ်ညမ်းစေသဖြင့် ဘုရားသခင် ၏လူမျိုးတော်မှထုတ်ပယ်ခြင်းခံရမည်။
ဘာသာရေးထုံးနည်းအရမသန့်စင်သူ သည် သန့်စင်ခြင်းဝတ်ဆိုင်ရာရေကိုမိမိ ကိုယ်ပေါ်သို့ပက်၍ သန့်စင်မှုမပြုလျှင် မသန့်စင်ဘဲရှိနေလိမ့်မည်။ ထိုသူသည် ထာဝရဘုရား၏တဲတော်ကိုညစ်ညမ်း စေသဖြင့် ဘုရားသခင်၏လူမျိုးတော် မှထုတ်ပယ်ခြင်းခံရမည်။-
ငါ၏လူမျိုးတော်နှင့်အတူငါရှိရာစခန်း ကိုမညစ်ညူးစေရန် ဘာသာရေးထုံးနည်း အရမသန့်စင်သူတို့ကိုစခန်းအပြင်သို့ နှင်ထုတ်ရမည်'' ဟုမိန့်တော်မူ၏။-
သို့ဖြစ်၍ဘုရားသခင်၏ဗိမာန်တော်ကို ဖျက်ဆီးသောသူကို ဘုရားသခင်ဖျက်ဆီး တော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဘုရား သခင်၏ဗိမာန်တော်သည်သန့်ရှင်းမြင့်မြတ် တော်မူ၍ သင်တို့ကိုယ်တိုင်ပင်လျှင်ကိုယ်တော် ၏ဗိမာန်တော်ဖြစ်သောကြောင့်တည်း။
``သင်တို့တွင်ကြောက်မက်ဖွယ်ကောင်းသောအရေ ပြားရောဂါဖြစ်ပွားသောအခါ လေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်များအားငါညွှန်ကြား ထားသည့်အတိုင်းဆောင်ရွက်ရန်ဂရုပြုရ မည်။ သူတို့အားငါမိန့်မှာထားသည့်အတိုင်း လိုက်နာကြလော့။-
ဘုရားသခင်၏သားတော်ကိုရှုတ်ချ၍ မိမိ အားအပြစ်မှသန့်စင်စေသည့်ပဋိညာဉ် တရားဆိုင်ရာသွေးတော်ကိုမထီမဲ့မြင် ပြုလျက် ကျေးဇူးတော်ကိုပေးသည့်ဝိညာဉ် တော်ကိုစော်ကားသောသူမူကား အဘယ်မျှ ကြီးလေးသောအပြစ်ဒဏ်ခံရမည်ကို စဉ်းစား၍ကြည့်ကြလော့။-
အဘယ်ကြောင့်ဆိုသော်တရားမဲ့သူလူ အချို့တို့သည် သင်တို့အထဲသို့အမှတ် မထင်ဝင်ရောက်လျက်ရှိနေကြသောကြောင့် ပင်ဖြစ်၏။ သူတို့သည်ဘုရားမရှိသူများ ဖြစ်၍ ငါတို့ဘုရားသခင်၏ကျေးဇူးတော် ကိုမိမိတို့၏အပျော်အပါးလိုက်စားမှု များအတွက်အလွဲသုံးစားပြုလုပ်ကြ လျက် ငါတို့၏တစ်ပါးတည်းသောအရှင် သခင်ဖြစ်တော်မူသည့်သခင်ယေရှုခရစ် ကိုပစ်ပယ်ကြလေသည်။ ထိုသူတို့ကား ရှေးမဆွကပင်လျှင် အပြစ်ဒဏ်စီရင်ရန် သတ်မှတ်ထားခြင်းခံရကြသူများ ဖြစ်သတည်း။
သို့ဖြစ်၍အဘယ်ယဇ်အဘယ်ပူဇော်သကာမျှ ဤဆိုးရွားသောအပြစ်ကိုဖြေလွတ်အောင်စွမ်း ဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်း ငါသည်ဧလိ အိမ်ထောင်စုအားအလေးအနက်မြွက်ဆို၏'' ဟုမိန့်တော်မူ၏။