ငါ့ချိုး၊ ငါ၏စုံလင်သူသည် ငါ၌တပါးတည်းရှိ၏။ ဘွားမြင်သောမိခင်၌ အချစ်ဆုံးသောသမီးဖြစ်၏။ လူမျိုး သမီးတို့သည် သူ့ကိုမြင်၍ ကောင်းကြီးပေးကြ၏။ မိဖုရား များနှင့် မောင်းမမိဿံများတို့သည် ချီးမွမ်းကြ၏။
မိ ဖု ရား ခြောက် ဆယ်၊ မောင်း မ ငယ် ရှစ် ဆယ်၊ ရံ ရွေ တော် မ ရေ မ တွက် နိုင် အောင် ရှိ သော် လည်း၊
မိဖုရားခြောက်ကျိပ်၊ မောင်းမမိဿံရှစ်ကျိပ်၊ အပျိုတော်အတိုင်းမသိ ရှိကြ၏။
မိဖုရား ခြောက်ဆယ်၊ မောင်းမ ရှစ်ဆယ်နှင့် မရေတွက်နိုင်သော အပျိုတော်တို့ ရှိသော်လည်း
ရှောလမုန်ချစ်ခင်မြတ်နိုးသည့် လူမျိုးခြား အမျိုးသမီးအမြောက်အမြားရှိ၏။ သူသည် အီဂျစ်ဘုရင်၏သမီးတော်ကိုသာမကဘဲ ဟိတ္တိအမျိုးသမီးများ၊ မောဘအမျိုးသမီး များ၊ အမ္မုန်အမျိုးသမီးများ၊ ဧဒုံအမျိုး သမီးများနှင့်ဇိဒုန်အမျိုးသမီးများကို လည်းမိဖုရားမြှောက်တော်မူလေသည်။-
ရှောလမုန်သည်မင်းသမီးခုနစ်ရာကိုထိမ်း မြားသည့်အပြင် သူ၏မောင်းမတော်သုံးရာ ရှိသေး၏။ သူတို့သည်မင်းကြီးအားထာဝရ ဘုရားကိုကျောခိုင်းစေပြီးလျှင်၊-
ရောဗောင်တွင်စုစုပေါင်းမိဖုရားတစ်ဆယ့် ရှစ်ပါးနှင့် မောင်းမမိဿံခြောက်ဆယ်ရှိ၏။ သူသည်သားနှစ်ဆယ့်ရှစ်ယောက်နှင့်သမီး ခြောက်ဆယ်တို့၏ဖခင်ဖြစ်သော်လည်း မိမိ၏ မိဖုရားများနှင့်မောင်းမအပေါင်းတို့ အနက်မာခါကိုအများဆုံးချစ်တော်မူ၏။-
သူသည်အရောင်အဝါတောက်ပသည့် အဝတ်တန်ဆာကိုဝတ်ဆင်ထား၏။ သူ့ကိုအပျိုရံများလိုက်ပါလျက်မင်းကြီး ထံသို့ ခေါ်ဆောင်ခဲ့ကြ၏။ အပျိုရံများကိုလည်းမင်းကြီးထံသို့ ခေါ်ဆောင်ခဲ့ကြ၏။
အရှင်မင်းကြီး၏မောင်းမတော်တို့တွင် အပြည်ပြည်မှမင်းသမီးများပါဝင်ပါ၏။ ရာဇပလ္လင်တော်၏လက်ယာဘက်တွင် ရွှေစင်ဖြင့်ပြီးသောတန်ဆာများကိုဆင်ယင်ကာ မိဖုရားကြီးသည်ရှိနေပါ၏။
ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ။ ကျွန် မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။ မေတ္တာတော်ကို စပျစ်ရည် ထက်သာ၍ ချီးမွမ်းကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော်ကိုမှန်ကန်စွာ ချစ်ကြပါ၏။
ထိုနောက်ငါကြည့်လိုက်သောအခါ အဘယ် သူမျှမရေမတွက်နိုင်သောလူအုပ်ကြီး ကိုတွေ့ရ၏။ သူတို့သည်ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူမျိုးအနွယ် ခပ်သိမ်းတို့မှလာရောက်ကြသူများဖြစ် ကြ၏။ သူတို့သည်ဝတ်လုံဖြူများကိုဝတ် လျက်စွန်ပလွန်ခက်များကိုကိုင်ကာ ပလ္လင် တော်နှင့်သိုးသူငယ်တော်၏ရှေ့တွင်ရပ် လျက်နေကြ၏။-