အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ဘုန်းအသရေတော်တည်ရာ တည်းဟူသောကိုယ်တော်ရှင်ကိန်းဝပ်တော်မူရာ အိမ်တော်ကိုနှစ်သက်မြတ်နိုးပါ၏။
ရှင်ယောဟန် 7:10 - Common Language Bible ထိုပွဲတော်သို့ညီတော်များထွက်သွားကြ ပြီးမှသခင်ယေရှုသည်လည်းထိုပွဲသို့ မထင်မရှားကြွတော်မူ၏။- Garrad Bible ညီတော်တို့သည်ပွဲသို့သွားကြပြီးနောက် ကိုယ်တော်လည်းအထင်အရှားမဟုတ်၊ လျှို့တဝှက်ကြွသွားတော်မူ၏။ Judson Bible ညီတော်တို့သွားပြီးမှ ကိုယ်တော်သည် ထိုပွဲသို့ မထင်မရှားကြွတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ပွဲတော်သို့ ညီတော်တို့သွားကြပြီးနောက် ကိုယ်တော်သည်လည်း မထင်မရှား လျှို့ဝှက်စွာကြွတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ထိုပွဲတော်သို့ ညီတော်များ ထွက်ခွာသွားကြပြီးနောက် ယေရှုသည်လည်း မထင်မရှားကြွတော်မူ၏။ မြန်မာ ညီတော်တို့သွားပြီးမှ ကိုယ်တော်သည် ထိုပွဲသို့ မထင်မရှားကြွတော်မူ၏။- |
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ဘုန်းအသရေတော်တည်ရာ တည်းဟူသောကိုယ်တော်ရှင်ကိန်းဝပ်တော်မူရာ အိမ်တော်ကိုနှစ်သက်မြတ်နိုးပါ၏။
ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်၏အလိုတော်ကိုလိုက်နာရန် လွန်စွာနှစ်သက်ပါ၏။ ကိုယ်တော်ရှင်၏တရားတော်ကိုစိတ်နှလုံး အတွင်း၌ မှတ်ကြုံးထားပါ၏။''
ဤမျှဆိုးယုတ်သောခေတ်ကာလ၌လိမ္မာရေး ခြားရှိသူသည် နှုတ်ပိတ်ရေငုံနေမည်မှာမ ဆန်းတော့ပေ။
``သိုးများအားဝံပုလွေစုထဲသို့စေလွှတ်သကဲ့ သို့သင်တို့အားငါစေလွှတ်၏။ သို့ဖြစ်၍မြွေကဲ့သို့ ပါးနပ်လိမ္မာကာချိုးကဲ့သို့အဆိပ်ကင်း၍နူးညံ့ သိမ်မွေ့ကြလော့။-
ကိုယ်တော်သည်လူပရိသတ်တို့အားဟောပြော သွန်သင်လျက်နေတော်မူစဉ်မယ်တော်နှင့်ညီတော် များရောက်လာ၍ကိုယ်တော်နှင့်တွေ့လိုသဖြင့် အပြင်တွင်စောင့်လျက်နေကြ၏။-
သခင်ယေရှုက ``ဘုရားသခင်ပြဋ္ဌာန်းတော်မူ သမျှသောအမှုတို့ကိုလိုက်နာဆောင်ရွက်သင့် သည်ဖြစ်၍ ယခုငါ့အားဗတ္တိဇံမင်္ဂလာပေးပါ လော့'' ဟုမိန့်တော်မူ၏။ ထိုအခါယောဟန်သည် သဘောတူလေ၏။
လူအချို့တို့က ``ကိုယ်တော်သည်စိတ်ဖောက်ပြန် သွားပြီ'' ဟုပြောဆိုနေကြ၏။ ဤအကြောင်းကို ကိုယ်တော်၏မိသားစုတို့ကြားကြလျှင် ကိုယ်တော် ကိုစောင့်ရှောက်ရန်အထံတော်သို့လိုက်လာကြ၏။
သို့ဖြစ်၍ကိုယ်တော်သည်ယုဒပြည်တွင် အထင်အရှားမသွားမလာတော့ချေ။ ထို အရပ်မှထွက်ခွာတော်မူ၍တောကန္တာရ အနီး၊ ဧဖရိမ်နာမည်ရှိသောမြို့သို့ကြွ တော်မူပြီးလျှင်တပည့်တော်တို့နှင့်အတူ နေတော်မူ၏။
သို့ဖြစ်၍ညီတော်များကကိုယ်တော်အား ``သင် ပြုသောအမှုအရာများကိုသင့်တပည့်တို့ တွေ့မြင်နိုင်ကြစေရန် ဤအရပ်မှထွက်ခွာ၍ ယုဒပြည်သို့သွားပါလော့။-
ထိုသို့မိန့်တော်မူပြီးနောက်ကိုယ်တော်သည် ဂါလိလဲပြည်တွင်ဆက်၍နေတော်မူ၏။
သို့ရာတွင်နောက်ဆုံး၌အချိန်တန်သောအခါ ဘုရားသခင်သည်မိမိ၏သားတော်ကိုစေလွှတ် တော်မူ၏။ ငါတို့သည်ဘုရားသခင်၏သားများ ဖြစ်လာစိမ့်သောငှာထိုသားတော်သည်လူတို့ အား ပညတ်တရား၏လက်အောက်မှရွေးနုတ် ကယ်တင်နိုင်ရန် လူမိခင်မှပညတ်တရား အောက်ဖွားမြင်ခြင်းကိုခံတော်မူ၏။