ငါသည်ထာဝရဘုရား၏ပညတ်တော်တို့ကို စောင့်ရှောက်ခဲ့ပါ၏။ ငါ၏ဘုရားသခင်ကိုကျောမခိုင်းခဲ့ပါ။
ရှင်ယောဟန် 15:10 - Common Language Bible ငါသည်ခမည်းတော်၏ပညတ်တို့ကိုစောင့် ထိန်း၍ခမည်းတော်၏မေတ္တာ၌တည်နေသကဲ့ သို့ သင်တို့သည်ငါ့ပညတ်တို့ကိုစောင့်ထိန်း လျှင်ငါ့မေတ္တာ၌တည်နေကြလိမ့်မည်။'' Garrad Bible ငါသည် ခမည်းတော်၏ပညတ်တော်များကိုစောင့်ရှောက်၍ မေတ္တာတော်၌တည်သည့်နည်းတူ သင်တို့သည် ငါ့ပညတ်များကိုစောင့်ရှောက်လျှင် ငါ့မေတ္တာ၌တည်ကြလိမ့်မည်။ Judson Bible ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌ တည်နေသကဲ့သို့၊ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် ငါ့ခမည်းတော်၏ပညတ်ချက်များကို စောင့်ထိန်း၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာတော်၌ တည်နေသကဲ့သို့ သင်တို့သည် ငါ၏ပညတ်ချက်များကိုစောင့်ထိန်းလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် ခမည်းတော်၏ ပညတ်တော်တို့ကို လိုက်နာ၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည်လည်း ငါ့ပညတ်တို့ကို လိုက်နာလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။ မြန်မာ ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌ တည်နေသကဲ့သို့၊ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။- |
ငါသည်ထာဝရဘုရား၏ပညတ်တော်တို့ကို စောင့်ရှောက်ခဲ့ပါ၏။ ငါ၏ဘုရားသခင်ကိုကျောမခိုင်းခဲ့ပါ။
သူသည်ထာဝရဘုရားအားသစ္စာစောင့်၍ ကိုယ် တော်၏စကားတော်ကိုအဘယ်အခါ၌မျှ မလွန်ဆန်။ မောရှေအားထာဝရဘုရားပေး တော်မူသောပညတ်တော်တို့ကိုသေချာစွာ စောင့်ထိန်း၏။-
မောရှေနှင့်အာရုန်တို့သည်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း ဘုရင်အားလျှောက် ထားကြ၏။-
ထာဝရဘုရားသည်ငါ့အားနားလည်နိုင်သော သဘောကိုပေးတော်မူပြီဖြစ်၍၊ ငါသည်ကိုယ်တော်ကိုမပုန်ကန်။ အထံတော်မှလည်းသွေရှောင်၍မသွားပါ။
အဘယ်သူမျှငါ့အသက်ကိုစွန့်စေသည်မဟုတ်။ ငါ့အလိုအလျောက်စွန့်ခြင်းဖြစ်၏။ ငါ့မှာ အသက်ကိုစွန့်ပိုင်ခွင့်၊ ပြန်ယူပိုင်ခွင့်ရှိ၏။ ဤ သို့ပြုရန်ခမည်းတော်ကငါ့အားစေခိုင်း တော်မူ၏'' ဟုမိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော်ငါသည်ကိုယ်ပိုင်အခွင့် အာဏာအရဟောပြောခြင်းမဟုတ်။ ငါ့ကို စေလွှတ်တော်မူသောခမည်းတော်၏အမိန့် တော်အရဟောပြောခြင်းဖြစ်၏။-
``ငါ့ပညတ်များကိုခံယူ၍စောင့်ထိန်းသော သူသည်ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ် သောသူကို ခမည်းတော်သည်ချစ်တော်မူမည်။ ငါသည်လည်းသူ့ကိုချစ်၍ မိမိကိုယ်ကိုသူ့ အားပေါ်လွင်ထင်ရှားစေမည်'' ဟုမိန့်တော်မူ၏။
သခင်ယေရှုက ``ငါ့ကိုချစ်သောသူသည် ငါ့သွန်သင်ချက်ကိုခံယူလိမ့်မည်။ သို့ဖြစ်၍ ငါ့ခမည်းတော်သည်ထိုသူကိုချစ်တော်မူ လိမ့်မည်။ ငါ့ခမည်းတော်နှင့်ငါသည်လည်းသူ့ ထံသို့လာ၍သူနှင့်အတူကျိန်းဝပ်မည်။-
သို့ရာတွင်ငါသည်ခမည်းတော်ကိုချစ်ကြောင်း ကမ္ဘာကသိရန်လိုပေသည်။ သို့ဖြစ်၍ငါသည် ခမည်းတော်ငါ့အားမိန့်မှာတော်မူသမျှကို ငါလိုက်နာဆောင်ရွက်၏။ ထ၍ဤနေရာမှသွားကြကုန်အံ့'' ဟု မိန့်တော်မူ၏။
ဤလောကတွင်အကျွန်ုပ်သည်ကိုယ်တော်၏ ဘုန်းအသရေကိုထွန်းတောက်စေပါပြီ။ ကိုယ် တော်အကျွန်ုပ်အားပေးအပ်တော်မူသောအမှု တော်ကိုအပြီးတိုင်ဆောင်ရွက်ပြီးပါပြီ။-
ကိုယ်တော်က ``ငါ၏အစားအစာကားငါ့ကို စေလွှတ်တော်မူသောအရှင်၏အလိုတော်ကို လိုက်နာ၍ ထိုအရှင်ပေးအပ်သည့်အမှုတော် ကိုပြီးစီးအောင်ဆောင်ရွက်ခြင်းပင်ဖြစ်၏။-
ထိုမှတစ်ပါးလည်းငါ့ကိုစေလွှတ်တော်မူသော အရှင်သည်ငါနှင့်အတူရှိတော်မူ၏။ ထိုအရှင် နှစ်သက်တော်မူသောအမှုကိုငါသည်အခါ ခပ်သိမ်းလုပ်ဆောင်သည်ဖြစ်၍ ထိုအရှင်သည် ငါ့အားတစ်ကိုယ်တည်းစွန့်ပစ်၍ထားတော်မမူ'' ဟုမိန့်တော်မူ၏။
သို့သော်လည်းထိုအရှင်ကိုသင်တို့မသိကြ။ ငါမူကားသိ၏။ အကယ်၍ငါမသိဟုဆို လျှင်ငါသည်သင်တို့နည်းတူလိမ်လည်ပြော ဆိုသူဖြစ်ပေအံ့။ ငါသည်ခမည်းတော်ကို အကယ်ပင်သိ၍ကိုယ်တော်၏စကားကို နားထောင်၏။-
အရေဖျားလှီးခံသည်မခံသည်မှာပဋ္ဌာန မဟုတ်။ ဘုရားသခင်၏ပညတ်တော်များကို စောင့်ထိန်းခြင်းသာလျှင်ပဋ္ဌာနဖြစ်၏။-
ညီအစ်ကိုတို့၊ သင်တို့သည်ဘုရားသခင် နှစ်သက်တော်မူစေရန်အဘယ်သို့ပြုမူ ကျင့်ကြံရမည်ကို သင်တို့အားငါတို့သွန် သင်ပြီးဖြစ်ပေသည်။ သင်တို့သည်ငါတို့ သွန်သင်သည့်အတိုင်းပြုကျင့်လျက်ရှိကြ သည်မှန်သော်လည်း၊ ထိုထက်ပို၍ကြိုးစား အားထုတ်ကြရန်သခင်ယေရှု၏နာမ တော်ကိုအမှီပြု၍ငါတို့အထူးတိုက် တွန်းလို၏။-
သို့ဖြစ်၍သခင်ယေရှုသည်ငါတို့နှင့်သင့် လျော်သောယဇ်ပုရောဟိတ်မင်းဖြစ်၏။ ကိုယ် တော်သည်သန့်ရှင်းမြင့်မြတ်၍အပြစ်ကင်း လွတ်တော်မူ၏။ အပြစ်ကူးသူတို့နှင့်ခွဲခြား လျက်ကောင်းကင်ဘဝဂ်တိုင်အောင်ချီးမြှောက် ခြင်းကိုခံတော်မူ၏။-
ဖြောင့်မတ်ခြင်းလမ်းစဉ်ကိုသိရှိလာပြီး နောက် မိမိတို့ခံယူရရှိထားသည့်သန့်ရှင်း မြင့်မြတ်သောအမိန့်ပညတ်ကိုစွန့်လွှတ် လိုက်ကြသည်ထက် ထိုတရားလမ်းကို မသိဘဲနေခြင်းကသူတို့အတွက်ပို၍ ကောင်း၏။-
ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း မှသာလျှင်ငါတို့သည်ကိုယ်တော်ကိုသိကျွမ်း သူများဖြစ်ကြောင်းအသေအချာသိရှိ နိုင်မည်။-
သို့ရာတွင်ကိုယ်တော်၏စကားတော်ကိုနား ထောင်သူသည် အကယ်ပင်ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝစုံလင်၏။ သို့မှ သာကျွန်ုပ်တို့သည်ဘုရားသခင်နှင့်တစ် လုံးတစ်ဝတည်းဖြစ်ကြောင်းသေချာသိ ပေသည်။ ဘုရားသခင်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်ကြောင်းသေချာသိသူသည် သခင်ယေရှုခရစ်၏ခြေတော်ရာကို လိုက်လျှောက်သူဖြစ်မည်။
အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ကို ချစ်ခြင်းသည် ကိုယ်တော်၏ပညတ်တော်တို့ ကိုစောင့်ထိန်းခြင်းပင်ဖြစ်သည်။ ကိုယ်တော်၏ ပညတ်တော်တို့ကိုစောင့်ထိန်းရန်ငါတို့ အတွက်ဝန်မလေးပေ။-
မိမိတို့အဝတ်ကိုသန့်ရှင်းဖြူစင်အောင်လျှော်ဖွတ် သူတို့သည်မင်္ဂလာရှိကြ၏။ သူတို့သည်အသက်ပင် ၏အသီးကိုစားသုံးနိုင်ခွင့်နှင့် မြို့တံခါးဖြင့်မြို့ တော်တွင်းသို့ဝင်နိုင်ခွင့်ကိုရကြလိမ့်မည်။-