ရှင်ယောဟန် 15:11 - Common Language Bible11 ``သင်တို့သည်ငါ၏ဝမ်းမြောက်ခြင်းကိုခံစား ရလျက် အပြည့်အဝဝမ်းမြောက်နိုင်ကြစေ ရန်ဤစကားကိုငါပြော၏။- အခန်းကိုကြည့်ပါ။Garrad Bible11 သင်တို့၌ ငါဝမ်းမြောက်ရသည့်ပြင် သင်တို့လည်းအပြည့်အစုံဝမ်းမြောက်ကြစေရန် ထိုသို့ငါဟောခဲ့ပြီ။ အခန်းကိုကြည့်ပါ။Judson Bible11 သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှာလည်းကောင်း၊ သင်တို့ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာလည်းကောင်း၊ ဤစကားကို သင်တို့အားငါဟောပြော၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 သင်တို့၌ ငါ၏ဝမ်းမြောက်ခြင်းတည်နေ၍ သင်တို့၏ဝမ်းမြောက်ခြင်းသည် ပြည့်ဝစုံလင်မည့်အကြောင်း ဤအရာများကို သင်တို့အား ငါပြော၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း11 ငါ၏ဝမ်းမြောက်ခြင်းကို သင်တို့ခံစားရ၍ အပြည့်အဝဝမ်းမြောက်နိုင်စေရန် ဤစကားကို ငါပြော၏။ အခန်းကိုကြည့်ပါ။မြန်မာ11 သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှာလည်းကောင်း၊ သင်တို့ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာလည်းကောင်း၊ ဤစကားကို သင်တို့အားငါဟောပြော၏။- အခန်းကိုကြည့်ပါ။ |
မင်္ဂလာဆောင်သတို့သမီးကိုသိမ်းပိုက်ရ သူသည် မင်္ဂလာဆောင်သတို့သားဖြစ်၏။ သတို့ သား၏မိတ်ဆွေသည်ကားအဆင်သင့်စောင့် ဆိုင်းကာ သတို့သား၏အသံကိုနားထောင် လျက်နေ၏။ သူသည်သတို့သား၏အသံကို ကြားသော် လွန်စွာအားရဝမ်းမြောက်သကဲ့ သို့ ငါသည်လည်းအပြည့်အဝဝမ်းမြောက်ရ လေပြီ။-
သူသည်ဝေဒနာခံစားနေရာမှဝမ်းမြောက် ရွှင်လန်းခွင့်ကိုပြန်လည်ရရှိလိမ့်မည်။ မိမိခံစားခဲ့ရသည့်ဝေဒနာမှာအချည်းနှီး မဖြစ်ကြောင်းကိုလည်းသိရှိလာလိမ့်မည်။ သူသည်ငါ၏အစေခံသူတော်ကောင်းဖြစ်၏။ လူအများ၏အပြစ်ဝန်ကိုထမ်းဆောင်လျက်၊ ထိုဆောင်ရွက်မှုကြောင့်ထိုသူတို့အား အပြစ်လွှတ်ခြင်းအခွင့်ကိုငါပေးမည်။
သင်၏ဘုရားသခင်ထာဝရဘုရား သည် သင်နှင့်အတူရှိတော်မူ၏။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သင်သည်အောင်ပွဲကိုရလိမ့်မည်။ ထာဝရဘုရားသည်သင့်အပေါ်ဝမ်း မြောက်အားရမှု ရှိတော်မူလိမ့်မည်။ ကိုယ်တော်၏မေတ္တာတော်သည်လည်းသင့်အား ဘဝသစ်ကိုပေးတော်မူလိမ့်မည်။ ကိုယ်တော်သည်သင်၏အတွက်ကြည်နူးပျော် ရွှင်ကာ သီချင်းကူးဧတော်မူလိမ့်မည်။''
ယေရုရှလင်မြို့သည်ငါဝမ်းမြောက်ဂုဏ်ယူ ဝါကြွားစရာဖြစ်လိမ့်မည်။ ကမ္ဘာပေါ်ရှိလူ မျိုးအပေါင်းတို့သည် ထိုမြို့အားငါပေး အပ်သည့်ကောင်းကျိုးချမ်းသာအကြောင်း ကိုလည်းကောင်း၊ ထိုမြို့သို့ငါဆောင်ယူ လာသည့်စည်ပင်ဝပြောမှုအကြောင်းကို လည်းကောင်း ကြားသိရသောအခါကြောက် လန့်တုန်လှုပ်၍သွားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
``စွန့်ပစ်ခြင်းကိုခံရသူ'' ဟုနာမည်တွင် တော့မည်မဟုတ်။ သင်၏ပြည်သည်လည်း``အပယ်ခံဇနီး'' ဟူသောနာမည်ကိုခံယူရတော့မည်မဟုတ်။ သင်၏နာမည်သစ်မှာ``ဘုရားသခင်နှစ်သက် မြတ်နိုးသူ'' ဟူ၍ဖြစ်လိမ့်မည်။ သင်၏ပြည်သည်လည်း``ပျော်ရွှင်စွာထိမ်းမြား ထားသူ'' ဟုနာမည်တွင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် သင့်ကိုနှစ်သက်တော်မူသဖြင့်၊ ခင်ပွန်းဖြစ်သူသည်မိမိဇနီးကိုမြတ်နိုး သကဲ့သို့၊ သင်၏ပြည်ကိုလည်းမြတ်နိုးတော်မူလိမ့်မည်။