ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်၏အလိုတော်ကိုလိုက်နာရန် လွန်စွာနှစ်သက်ပါ၏။ ကိုယ်တော်ရှင်၏တရားတော်ကိုစိတ်နှလုံး အတွင်း၌ မှတ်ကြုံးထားပါ၏။''
ရှင်ယောဟန် 14:31 - Common Language Bible သို့ရာတွင်ငါသည်ခမည်းတော်ကိုချစ်ကြောင်း ကမ္ဘာကသိရန်လိုပေသည်။ သို့ဖြစ်၍ငါသည် ခမည်းတော်ငါ့အားမိန့်မှာတော်မူသမျှကို ငါလိုက်နာဆောင်ရွက်၏။ ထ၍ဤနေရာမှသွားကြကုန်အံ့'' ဟု မိန့်တော်မူ၏။ Garrad Bible ငါ၌ ထိုမင်းမည်သို့မျှမတတ်နိုင်သော်လည်း ခမည်းတော်ကိုငါချစ်ကြောင်း၊ ခမည်းတော်ပညတ်တော်မူသည့်အတိုင်းငါလိုက်နာကြောင်းများကို ဤလောကသားတို့သိစေခြင်းငှါဖြစ်မည်။ ထကြ။ ဤမှသွားကြကုန်အံ့။ Judson Bible ငါသည် ခမည်းတော်ကို ချစ်သည်ကိုလည်းကောင်း၊ ခမည်းတော်မှာတော်မူသည်အတိုင်း ငါပြုသည်ကိုလည်းကောင်း၊ လောကီသားတို့ သိမည်အကြောင်းတည်း။ ဤအရပ်မှ ထ၍သွားကြကုန်အံ့။ မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ငါသည် ခမည်းတော်ကိုချစ်ကြောင်း ဤလောကအားသိစေရန် ငါ့ကို ခမည်းတော်မိန့်မှာတော်မူသည့်အတိုင်း ငါပြု၏။ ထကြလော့။ ဤအရပ်မှသွားကြကုန်စို့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် ခမည်းတော်ကိုချစ်ကြောင်း လောကီသားတို့သိစေရန် ခမည်းတော်မှာကြားတော်မူသည့်အတိုင်း ဆောင်ရွက်မည်။ လာကြ၊ သွားကြစို့” ဟု မိန့်တော်မူ၏။ မြန်မာ ငါသည် ခမည်းတော်ကို ချစ်သည်ကိုလည်းကောင်း၊ ခမည်းတော်မှာတော်မူသည်အတိုင်း ငါပြုသည်ကိုလည်းကောင်း၊ လောကီသားတို့ သိမည်အကြောင်းတည်း။ ဤအရပ်မှ ထ၍သွားကြကုန်အံ့။ |
ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်၏အလိုတော်ကိုလိုက်နာရန် လွန်စွာနှစ်သက်ပါ၏။ ကိုယ်တော်ရှင်၏တရားတော်ကိုစိတ်နှလုံး အတွင်း၌ မှတ်ကြုံးထားပါ၏။''
ထာဝရဘုရားသည်ငါ့အားနားလည်နိုင်သော သဘောကိုပေးတော်မူပြီဖြစ်၍၊ ငါသည်ကိုယ်တော်ကိုမပုန်ကန်။ အထံတော်မှလည်းသွေရှောင်၍မသွားပါ။
ထိုနောက်ရှေ့သို့အနည်းငယ်ကြွတော်မူ၍မြေ ပေါ်တွင်ပျပ်ဝပ်တော်မူပြီးလျှင် ``အို အကျွန်ုပ် ၏အဖ၊ ဖြစ်နိုင်ပါကဤဒုက္ခဝေဒနာခွက်ကို အကျွန်ုပ်ထံမှလွှဲဖယ်ပေးတော်မူပါ။ သို့ရာတွင် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ပါ။ ကိုယ်တော် ၏အလိုတော်အတိုင်းသာဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။
ထကြ။ ငါတို့သွားကြကုန်အံ့။ ငါ့ကိုရန်သူ့လက် သို့အပ်မည့်သူရောက်လာပြီ'' ဟုမိန့်တော်မူ၏။
ငါခံယူရမည့်ဗတ္တိဇံတစ်ပါးရှိ၏။ ထိုအမှု ကိုဆောင်ရွက်၍မပြီးမချင်း ငါသည်စိတ် ဒုက္ခရောက်လှ၏။-
အဘယ်သူမျှငါ့အသက်ကိုစွန့်စေသည်မဟုတ်။ ငါ့အလိုအလျောက်စွန့်ခြင်းဖြစ်၏။ ငါ့မှာ အသက်ကိုစွန့်ပိုင်ခွင့်၊ ပြန်ယူပိုင်ခွင့်ရှိ၏။ ဤ သို့ပြုရန်ခမည်းတော်ကငါ့အားစေခိုင်း တော်မူ၏'' ဟုမိန့်တော်မူ၏။
``ငါသည်စိတ်ဒုက္ခရောက်လျက်ရှိ၏။ ငါအဘယ် သို့မြွက်ဆိုရအံ့နည်း။ `အို ခမည်းတော်၊ အကျွန်ုပ် အားဤဒုက္ခဝေဒနာရောက်ချိန်နှင့်ကင်းလွတ် စေတော်မူပါ' ဟုမြွက်ဆိုရမည်လော။ သို့ရာ တွင်ငါသည်ဤဒုက္ခဝေဒနာခံဖို့ရန်ရောက်ရှိ လာခြင်းဖြစ်၏။-
အဘယ်ကြောင့်ဆိုသော်ငါသည်ကိုယ်ပိုင်အခွင့် အာဏာအရဟောပြောခြင်းမဟုတ်။ ငါ့ကို စေလွှတ်တော်မူသောခမည်းတော်၏အမိန့် တော်အရဟောပြောခြင်းဖြစ်၏။-
အခါကားပသခါပွဲတော်မတိုင်မီတစ်ရက် ဖြစ်၏။ သခင်ယေရှုသည်ဤလောကမှထွက် ခွာ၍ ခမည်းတော်ထံသို့ကြွတော်မူရမည့် အချိန်ကျရောက်လာကြောင်းကိုသိတော်မူ ၏။ ကိုယ်တော်သည်ဤလောကရှိမိမိ၏တပည့် သားရင်းများကိုအစဉ်ပင်ချစ်တော်မူ၏။ သူတို့အားဆုံးခန်းတိုင်အောင်ချစ်တော် မူပေသည်။
ခမည်းတော်သည်ငါ့ကိုချစ်သကဲ့သို့ငါ သည်သင်တို့ကိုချစ်၏။ ငါ၏မေတ္တာ၌တည် နေကြလော့။-
သခင်ယေရှုက ``ဋ္ဌားကိုဋ္ဌားအိမ်တွင်ပြန်သွင်း ထားလော့။ ခမည်းတော်ငါ့အားခံစေတော်မူ သည့်ဒုက္ခဝေဒနာကိုငါမခံသင့်သလော'' ဟု ပေတရုအားမိန့်တော်မူ၏။
ကိုယ်တော်က ``ငါ၏အစားအစာကားငါ့ကို စေလွှတ်တော်မူသောအရှင်၏အလိုတော်ကို လိုက်နာ၍ ထိုအရှင်ပေးအပ်သည့်အမှုတော် ကိုပြီးစီးအောင်ဆောင်ရွက်ခြင်းပင်ဖြစ်၏။-
မိမိကိုယ်ကိုနှိမ့်ချတော်မူလျက်လက်ဝါးကပ် တိုင်ပေါ်တွင် အသေခံသည့်တိုင်အောင်၊နာခံခြင်းလမ်းစဉ်ကို လိုက်လျှောက်တော်မူ၏။