ထိုအခါသခင်ယေရှုချစ်တော်မူသော တပည့်တော်သည် ကိုယ်တော်၏လက်ယာတော် ဘက်တွင်ထိုင်လျက်နေ၏။-
ထိုအခါ ယေရှုချစ်တော်မူ၍ ရင်ခွင်တော်၌လျောင်းနေသောတပည့်တော်တစ်ပါးအား၊
ယေရှုချစ်တော်မူသော တပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့်၊-
တပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သည့် ယေရှုချစ်တော်မူသောသူသည် ကိုယ်တော်၏ရင်ခွင်တော်နားမှာ ထိုင်လျက်နေသဖြင့်
ယေရှုချစ်တော်မူသောတပည့်တော်သည် ကိုယ်တော်၏နံဘေး၌ မှီလျက်နေ၏။
သူဆင်းရဲ၌ကားမိမိဝယ်ထားသောသိုးကလေး တစ်ကောင်သာရှိ၏။ သူသည်ထိုသိုးငယ်ကိုကြည့်ရှု စောင့်ရှောက်၏။ သိုးငယ်သည်သမီးသဖွယ်အိမ်တွင် သားသမီးများနှင့်အတူကြီးပြင်းလာသည်။ သူသည်သိုးငယ်အားမိမိစားသည့်အစား အစာကိုကျွေးတတ်၏။ မိမိ၏သောက်ရေခွက် မှရေကိုတိုက်၍ပေါင်ပေါ်တွင်ချီပွေ့ထား တတ်၏။-
နယ်ဘုရင်ခံချုပ်၊ နာသန်၏သားအာဇရိ၊ ဘုရင့် အတိုင်ပင်ခံအမတ်၊ နာသန်၏သားယဇ်ပုရော ဟိတ်ဇာဗုဒ်၊
ထိုနောက်ဆင်းရဲသားသည်သေလွန်သွားသဖြင့် ကောင်းကင်တမန်တို့သည် သူ့အားအာဗြဟံ၏ လက်ယာဘက်တွင်လျောင်းစေရန်သယ်ဆောင်သွား ကြ၏။ သူဌေးသည်လည်းသေလွန်၍သင်္ဂြိုဟ်ခြင်း ကိုခံရ၏။-
လူတစ်စုံတစ်ယောက်မျှဘုရားသခင်ကိုမမြင် စဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိတော် မူသော၊ ဘုရားဖြစ်တော်မူသော၊ တစ်ပါးတည်း သောသားတော်သည် ဘုရားသခင်ကိုထင်ရှား စေတော်မူပြီ။
ညီအစ်မနှစ်ယောက်တို့က ``အရှင်၊ အရှင် ချစ်တော်မူသောသူသည်ဖျားနာလျက်နေ ပါ၏'' ဟုသခင်ယေရှုထံသို့သတင်းပေး ပို့လိုက်ကြ၏။
ထိုအခါလူတို့က ``ကြည့်ပါ၊ သူသည် လာဇရုကိုအလွန်ချစ်ပါသည်တကား'' ဟုဆိုကြ၏။-
သခင်ယေရှုသည်မာသနှင့်ညီမမာရိကို လည်းကောင်း၊ လာဇရုကိုလည်းကောင်းချစ် တော်မူ၏။-
ရှိမုန်ပေတရုက ``ကိုယ်တော်သည်မည်သူ့ကို ဆိုလိုတော်မူပါသနည်း'' ဟုမေးလျှောက် ရန်ထိုတပည့်အားမျက်ရိပ်ပြ၍ခိုင်း၏။
ထိုတပည့်တော်သည် သခင်ယေရှု၏အနီး သို့ကပ်ပြီးလျှင် ``သခင်၊ ထိုသူသည်မည်သူ ဖြစ်ပါသနည်း'' ဟုလျှောက်၏။
သခင်ယေရှုသည်မယ်တော်နှင့်မယ်တော်၏ အနီးတွင်ကိုယ်တော်ချစ်တော်မူသောတပည့် တော်ရပ်လျက်နေသည်ကိုတွေ့မြင်တော်မူ၏။ သို့ဖြစ်၍ကိုယ်တော်က ``မယ်တော်၊ ဤမှာ မယ်တော်၏သား'' ဟုမြွက်ဆိုတော်မူ၏။
သူသည်ရှိမုန်ပေတရုနှင့်သခင်ယေရှုချစ် တော်မူသောတပည့်တော်ထံသို့ပြေးသွားပြီး လျှင် ``သခင်ဘုရားကိုသင်္ချိုင်းတော်မှယူဆောင် သွားကြလေပြီ။ အဘယ်မှာထားကြသည်ကို မသိပါ'' ဟုပြော၏။
ပေတရုသည်လှည့်၍ကြည့်လိုက်သောအခါ သူ၏နောက်တွင်သခင်ယေရှုချစ်တော်မူသော တပည့်တော်ကိုမြင်လေ၏။ ထိုသူကားညစာ စားကြစဉ်အခါကသခင်ယေရှု၏ရင်တော် ကိုမှီလျက် ``သခင်၊ ကိုယ်တော်အားရန်သူ့လက်သို့ အပ်မည့်သူကားအဘယ်သူဖြစ်သနည်း'' ဟု မေးလျှောက်ခဲ့သူဖြစ်၏။-
ဤအကြောင်းအရာတို့ကိုဖော်ပြသက်သေ ခံမှတ်တမ်းတင်သူကားထိုတပည့်တော်ပင် ဖြစ်၏။ သူ၏ဖော်ပြချက်များမှန်ကန်ကြောင်း ကိုလည်းငါတို့သိကြ၏။
ထိုအခါသခင်ယေရှုချစ်တော်မူသောတပည့် တော်က ``ငါတို့၏သခင်ဘုရားပင်တည်း'' ဟု ပေတရုအားပြော၏။ ဤစကားကိုကြားသော အခါပေတရုသည်မိမိချွတ်ထားသည့်အဝတ် ကိုခါးတွင်ပတ်၍အိုင်ထဲသို့ခုန်ဆင်းလေ၏။-