အာဗြဟံသည်ထိုအရပ်ကို``ထာဝရဘုရား ပြင်ဆင် ပေးသည်'' ဟုသမုတ်လေ၏။ ယနေ့ထက်တိုင်လူ တို့က``တောင်ပေါ်မှာထာဝရဘုရားပြင်ဆင် ပေးလိမ့်မည်'' ဟူ၍ပြောဆိုလေ့ရှိကြ၏။
ရှင်ယောဟန် 11:6 - Common Language Bible လာဇရုဖျားနာနေကြောင်းကိုကြားတော်မူ လျှင် ကိုယ်တော်သည်မိမိရောက်ရှိရာအရပ် တွင်နှစ်ရက်တိုင်တိုင်ဆက်၍နေတော်မူ၏။- Garrad Bible နာနေသောသတင်းကြားသော် ရှိနေရာအရပ်တွင် နှစ်ရက်ဆက်လက်နေထိုင်တော်မူပြီးလျှင်၊ Judson Bible လာဇရု နာသည်ကိုကြားတော်မူလျှင်၊ ကြွတော်မမူဘဲ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ လာဇရုနာမကျန်းဖြစ်သည်ကို ကြားတော်မူသောအခါ မိမိနေသောအရပ်၌ နှစ်ရက် ထပ်၍နေတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လာဇရုဖျားနာကြောင်းကို ကြားသော် မိမိရှိသည့်အရပ်တွင် နှစ်ရက် ထပ်၍နေတော်မူ၏။ မြန်မာ လာဇရု နာသည်ကိုကြားတော်မူလျှင်၊ ကြွတော်မမူဘဲ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။ |
အာဗြဟံသည်ထိုအရပ်ကို``ထာဝရဘုရား ပြင်ဆင် ပေးသည်'' ဟုသမုတ်လေ၏။ ယနေ့ထက်တိုင်လူ တို့က``တောင်ပေါ်မှာထာဝရဘုရားပြင်ဆင် ပေးလိမ့်မည်'' ဟူ၍ပြောဆိုလေ့ရှိကြ၏။
ထိုနောက်ယောသပ်သည်သူတို့ထံမှထွက်သွား၍ ငိုကြွေးလေ၏။ သူသည်ဣန္ဒြေဆည်နိုင်သောအခါ သူတို့ထံပြန်၍ သူတို့အနက်ရှိမောင်ကိုရွေး ထုတ်လျက်သူတို့၏ရှေ့တွင်ချည်နှောင်စေ၏။
သို့ရာတွင်ထာဝရဘုရားသည်သင်တို့အား ကျေးဇူးပြုတော်မူရန် စောင့်ဆိုင်း၍နေတော်မူ ပါ၏။ ကိုယ်တော်သည်တရားမျှတမှုကို အစဉ်ပြုတော်မူတတ်သည်ဖြစ်၍ သင်တို့ အားကရုဏာပြတော်မူရန်အသင့်ရှိ တော်မူပါ၏။ ထာဝရဘုရားကိုယုံကြည် ကိုးစားကြသူတို့သည်မင်္ဂလာရှိကြ၏။
သခင်ယေရှုသည်မာသနှင့်ညီမမာရိကို လည်းကောင်း၊ လာဇရုကိုလည်းကောင်းချစ် တော်မူ၏။-
ထိုနောက်ကိုယ်တော်က ``ယုဒပြည်သို့ငါတို့ တစ်ဖန်သွားကြကုန်အံ့'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။