သို့ရာတွင်ယောရှဖတ်က``ကျွန်ုပ်တို့အတွက် ထာဝရဘုရားအားလျှောက်ထားမေးမြန်း ပေးမည့်အခြားပရောဖက်မရှိပါသလော'' ဟုမေး၏။
ရှင်ယောဟန် 10:5 - Common Language Bible သိုးတို့သည်သူစိမ်း၏နောက်သို့မူလိုက်လိမ့်မည် မဟုတ်။ သူစိမ်း၏အသံကိုမသိသဖြင့်သူ့ ထံမှထွက်ပြေးကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible သူစိမ်းတို့စကားသံကိုကားမသိသောကြောင့် သူစိမ်းနောက်မလိုက်ဘဲ ထွက်ပြေးကြလိမ့်မည်ဟု ပုံဆောင်၍ ယေရှုမိန့်တော်မူရာ၊ Judson Bible မဆိုင်သောသူတို့၏စကားသံကို မကျွမ်းသောကြောင့်၊ မဆိုင်သောသူနောက်သို့မလိုက်ဘဲ ပြေးတတ်ကြသည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သူစိမ်းတို့၏အသံကိုမူ မသိကြသောကြောင့် သူစိမ်းနောက်သို့ မည်သည့်အခါမျှ မလိုက်သည်သာမက သူစိမ်းထံမှ ထွက်ပြေးတတ်ကြ၏”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သိုးတို့သည် လူစိမ်း၏ အသံကို မသိသောကြောင့် လူစိမ်းနောက်သို့ မလိုက်ဘဲ ပြေးကြလိမ့်မည်” ဟု မိန့်တော်မူ၏။ မြန်မာ မဆိုင်သောသူတို့၏စကားသံကို မကျွမ်းသောကြောင့်၊ မဆိုင်သောသူနောက်သို့မလိုက်ဘဲ ပြေးတတ်ကြသည်ဟု မိန့်တော်မူ၏။ |
သို့ရာတွင်ယောရှဖတ်က``ကျွန်ုပ်တို့အတွက် ထာဝရဘုရားအားလျှောက်ထားမေးမြန်း ပေးမည့်အခြားပရောဖက်မရှိပါသလော'' ဟုမေး၏။
ထိုမှတစ်ပါးလည်းကိုယ်တော်က ``သင်တို့ကြား သည့်အရာကိုဂရုစိုက်၍နားထောင်ကြလော့။ သင်တို့သည်သူတစ်ပါးအားစစ်ကြောသောတင်း တောင်းပမာဏအတိုင်း ဘုရားသခင်သည်သင် တို့အားစစ်ကြောတော်မူလိမ့်မည်။ ထိုထက်မက ပို၍ပြင်းထန်စွာစစ်ကြောတော်မူလိမ့်မည်။-
``သို့ဖြစ်၍သင်တို့မည်သို့မည်ပုံကြားနာသည် ကိုသတိပြုကြလော့။ ရှိသူအားထပ်၍ပေး လိမ့်မည်။ မရှိသူထံမှရှိသည်ဟုထင်ရသော အရာရှိသမျှကိုပင်သိမ်းယူလိမ့်မည်'' ဟု မိန့်တော်မူ၏။
ဤသိုးခြံသို့မဝင်သည့်အခြားသိုးများကို လည်းငါပိုင်သေး၏။ ထိုသိုးတို့ကိုငါဆောင်သွင်း ရဦးမည်။ သူတို့သည်ငါ့စကားကိုနားထောင် ကြလိမ့်မည်။ သို့ဖြစ်၍သိုးအုပ်တစ်အုပ်၊ သိုးထိန်း တစ်ပါးတည်းဖြစ်လိမ့်မည်။
သိုးတို့ကိုထုတ်ပြီးလျှင်သိုးတို့၏အရှေ့က ဦးဆောင်၍သွားတတ်၏။ သိုးတို့သည်သူ့အသံ ကိုသိသဖြင့်နောက်ကလိုက်ကြ၏။-
လူတို့သည်မှန်ကန်သည့်သြဝါဒကိုနားမ ထောင်ဘဲကိုယ့်အလိုဆန္ဒများကိုလိုက်၍ မိမိ တို့ကြားနာလိုသည့်စကားများပြောဆိုမည့် ဆရာသမားများကိုရှာဖွေကြမည့်အချိန် ကာလရောက်လိမ့်မည်။-
ထိုသူတို့သည်အမှန်စင်စစ်အဘယ်အခါကမျှ ငါတို့မိတ်သဟာယတွင်မပါဝင်ခဲ့ကြသဖြင့် ငါတို့ထံမှထွက်ခွာသွားကြ၏။ အကယ်၍သူ တို့သည်ငါတို့မိတ်သဟာယတွင်ပါဝင်ခဲ့ပါမူ ငါတို့နှင့်အတူရှိနေကြမည်ဖြစ်၏။ သူတို့ သည်အမှန်ပင်ငါတို့မိတ်သဟာယတွင်မပါ ဝင်ကြောင်းသိသာထင်ရှားစေရန် သူတို့သည် ငါတို့ထံမှထွက်ခွာသွားကြ၏။
သင်တို့ထံငါစာရေးရခြင်းအကြောင်းမှာ သမ္မာတရားကိုသင်တို့မသိကြ၍မဟုတ်။ သမ္မာတရားကိုလည်းကောင်း၊ မုသားစကား သည် သမ္မာတရားနှင့်မည်သို့မျှမသက်ဆိုင် သည်ကိုလည်းကောင်းသင်တို့သိကြသော ကြောင့်ဖြစ်၏။
သင်ပြုသောအမှုကိုငါသိ၏။ သင်မည်မျှ ကြိုးပမ်းလုပ်ဆောင်သည်၊ မည်မျှရဲရင့်သည်၊ မည် မျှခံနိုင်ရည်ရှိသည်ကိုငါသိ၏။ သင်သည်ဆိုး ညစ်သူတို့ကိုသည်းမခံနိုင်ကြောင်း၊ တမန် တော်မဟုတ်ဘဲလျက် မိမိတို့ကိုယ်ကိုတမန် တော်ဟုခေါ်ဆိုကြသူတို့အားစစ်ဆေး၍ လူလိမ်များဖြစ်သည်ကိုသိရှိကြောင်းငါ သိ၏။-