ထိုအခါဟာဂရက``ငါသည်ထာဝရ ဘုရားကိုအကယ်ပင်ဖူးမြင်ရပြီးနောက် အသက်ရှင်သေးပါတကား'' ဟုဆိုပြီး လျှင်သူ့အားထိုသို့မိန့်ကြားတော်မူသော ထာဝရဘုရားကို``မြင်တော်မူသောဘုရား'' ဟူသောနာမည်ဖြင့်ခေါ်ဝေါ်လေ၏။-
ရှင်ယောဟန် 1:10 - Common Language Bible နှုတ်ကပတ်တော်သည်လောက၌ရှိတော်မူ၏။ လောကကိုနှုတ်ကပတ်တော်အားဖြင့်ဖန်ဆင်း တော်မူသော်လည်း လောကသည်ကိုယ်တော်ကို မသိ။- Garrad Bible ဤလောက၌ ရှိနေတော်မူလျက်ပင်၊ ကိုယ်တော်အားဖြင့်ပေါ်လာသောဤလောကသည် ကိုယ်တော်ကိုမသိ။ Judson Bible ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ဤလောက၌ရှိနှင့်တော်မူ၍ ဤလောကသည် ကိုယ်တော်အားဖြင့်ဖြစ်လာသော်လည်း ဤလောကသည် ကိုယ်တော်ကိုမသိ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအရှင်သည် မိမိဖန်ဆင်းတော်မူခဲ့သောကမ္ဘာလောကသို့ ကြွလာ၏။ သို့သော်လည်း ကမ္ဘာလောကသားတို့သည် ထိုအရှင်ကို မသိကြပေ။ မြန်မာ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။- |
ထိုအခါဟာဂရက``ငါသည်ထာဝရ ဘုရားကိုအကယ်ပင်ဖူးမြင်ရပြီးနောက် အသက်ရှင်သေးပါတကား'' ဟုဆိုပြီး လျှင်သူ့အားထိုသို့မိန့်ကြားတော်မူသော ထာဝရဘုရားကို``မြင်တော်မူသောဘုရား'' ဟူသောနာမည်ဖြင့်ခေါ်ဝေါ်လေ၏။-
အာဗြံအသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ် ၏။ ငါ့စကားကိုနားထောင်၍မှန်ရာကိုအစဉ် ပြုလုပ်လော့။-
ထာဝရဘုရားသည်အာဗြဟံအားမိန့်ကြား ပြီးသောအခါ ကြွသွားတော်မူ၏။ အာဗြဟံ သည်လည်းမိမိနေအိမ်သို့ပြန်ခဲ့လေသည်။
ငါတို့သည်သူ့အားစက်ဆုတ်ရွံရှာ၍ပစ်ပယ် ထားကြ၏။ သူသည်ဆင်းရဲဒုက္ခနှင့်ဝေဒနာကိုခံရ၏။ သူ့ကိုလှည့်၍ပင်ကြည့်မည့်သူတစ်ဦး တစ်ယောက်မျှမရှိ။ ငါတို့သည်သူ့အားတန်ဖိုးမဲ့သူအလား လျစ်လူရှု၍ထားကြ၏။
ထိုနောက်ကိုယ်တော်က ``ငါ့ခမည်းတော်သည်ခပ်သိမ်း သောအရာတို့ကိုငါ့အားပေးအပ်ထားတော်မူလေပြီ။ ခမည်းတော်မှတစ်ပါးအခြားမည်သူမျှသားတော်ကို မသိ။ ခမည်းတော်ကိုလည်းသားတော်နှင့်သားတော် ဖွင့်ပြလိုသူများမှတစ်ပါးအခြားမည်သူမျှ မသိ။
ကိုယ်တော်သည်မိမိနေရင်းပြည်သို့ကြွတော်မူ သော်လည်း မိမိ၏ပြည်သားများကလက်မခံ ကြ။-
လူတစ်စုံတစ်ယောက်မျှဘုရားသခင်ကိုမမြင် စဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိတော် မူသော၊ ဘုရားဖြစ်တော်မူသော၊ တစ်ပါးတည်း သောသားတော်သည် ဘုရားသခင်ကိုထင်ရှား စေတော်မူပြီ။
ဘုရားသခင်သည်နှုတ်ကပတ်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏။ ဖန်ဆင်းခြင်းနှင့်ကင်း၍ပေါ်လာသောအရာ တစ်စုံတစ်ခုမျှမရှိ။-
ထိုအလင်းသည်အမှောင်တွင်ထွန်းလင်း၍အမှောင်သည် ထိုအလင်းကိုအဘယ်အခါမျှမဖုံးလွှမ်းနိုင်။
တရားမျှတတော်မူသောအဖ၊ လောကသား တို့သည်ကိုယ်တော်ကိုမသိကြသော်လည်း အကျွန်ုပ်သိပါ၏။ ဤသူတို့သည်အကျွန်ုပ် အားကိုယ်တော်စေလွှတ်တော်မူကြောင်းကို သိကြပါ၏။-
ကိုယ်တော်က ``ငါ့ခမည်းတော်သည်အဘယ် အခါမျှအလုပ်မှရပ်နားသည်ဟူ၍မရှိ။ ထိုနည်းတူစွာငါသည်လည်းလုပ်ဆောင်လျက် နေရမည်'' ဟုထိုသူတို့အားမိန့်တော်မူ၏။
သို့ရာတွင်ကိုယ်တော်ရှိတော်မူကြောင်းသက် သေခံအထောက်အထားများဖြင့် လူတို့အား အစဉ်ပင်ပြသတော်မူ၏။ ကိုယ်တော်သည် ကောင်းကင်မှမိုးကိုရွာစေလျက်အချိန်တန် လျှင် သီးနှံများကိုဖြစ်ပွားစေတော်မူ၏။ သင် တို့အားအစာအာဟာရကျွေးမွေး၍စိတ် ရွှင်လန်းဝမ်းမြောက်စေတော်မူ၏'' ဟုကြွေး ကြော်လေသည်။-
လူသည်မိမိကိုယ်ပိုင်ဉာဏ်ဖြင့်ဘုရားသခင် အားမသိနိုင်စေရန် ကိုယ်တော်သည်ရွှေဉာဏ် တော်ဖြင့်စီမံထားတော်မူ၏။ အချည်းနှီးသော တရားဖြစ်သည်ဟုလူတို့ထင်မှတ်သောငါ တို့ကြေညာသည့်သတင်းကောင်းအားဖြင့် ဘုရားသခင်သည်မိမိကိုယုံကြည်သူတို့ အားကယ်တင်တော်မူရန်စီမံတော်မူပေသည်။-
လောကီမင်းတို့အနက်အဘယ်သူမျှဤ ဉာဏ်ပညာတော်အကြောင်းကိုမသိနားမလည် ကြ။ အကယ်၍သိရှိနားလည်ကြပါမူသူ တို့သည်ဘုန်းအသရေတော်ရှင်ကိုလက်ဝါး ကပ်တိုင်တွင်တင်၍သတ်ကြမည်မဟုတ်။-
ငါတို့အဖို့မှာအဖခမည်းတော်ဘုရား တစ်ပါးတည်းသာလျှင်ရှိတော်မူ၏။ ကိုယ် တော်သည်ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်း တော်မူ၏။ ကိုယ်တော်၏အဖို့ငါတို့အသက် ရှင်ကြ၏။ ငါတို့မှာအရှင်သခင်တစ်ပါး တည်းသာလျှင်ရှိ၏။ ထိုအရှင်သခင်ကား ယေရှုခရစ်ပေတည်း။ ထိုအရှင်အားဖြင့် ခပ်သိမ်းသောအရာတို့သည်ဖန်ဆင်းခြင်း ကိုခံကြရ၏။ ထိုအရှင်အားဖြင့်ငါတို့ သည်အသက်ရှင်ကြ၏။
အဘယ်ကြောင့်ဆိုသော်ထိုသားတော်အားဖြင့် ဘုရားသခင်သည်ကောင်းကင်လောကရှိတန် ခိုးရှင်များနှင့် အာဏာပိုင်များအပါအဝင် ကောင်းကင်နှင့်ကမ္ဘာမြေပေါ်ရှိမျက်စိဖြင့် မြင်နိုင်သောအရာ၊ မမြင်နိုင်သောအရာ ဟူသမျှကိုဖန်ဆင်းတော်မူသောကြောင့် တည်း။ ဘုရားသခင်သည်ထိုသခင်၏ အဖို့အလို့ငှါထိုသခင်အားဖြင့်စကြ ဝဠာတစ်ခုလုံးကိုဖန်ဆင်းတော်မူ၏။-
မမြင်နိုင်သောအရာထဲမှမြင်ရသောအရာ ဖြစ်ပေါ်လာစေရန်ဘုရားသခင်သည်အမိန့် တော်အားဖြင့် စကြဝဠာကိုဖန်ဆင်းတော်မူ ကြောင်းကိုငါတို့သိကြရသည်မှာယုံကြည် ခြင်းကြောင့်ဖြစ်၏။
ငါတို့သည်ဘုရားသခင်၏သားသမီးများ ဟုအခေါ်ခံရကြသောအခွင့်ကိုရကြသဖြင့် ငါတို့အားခမည်းတော်ဘုရားသည်မည်မျှ ချစ်တော်မူသည်ကိုဆင်ခြင်ကြလော့။ ငါတို့ သည်အကယ်ပင်ဘုရားသခင်၏သားသမီး များဖြစ်ကြ၏။ ဤအကြောင်းကြောင့်ဤလောက သားတို့ကငါတို့ကိုမသိ။ သူတို့သည်ခမည်း တော်ကိုလည်းမသိ။-