သို့ရာတွင်ငါသည်သေခြင်းမှထမြောက် ပြီးနောက်သင်တို့အလျင်ဂါလိလဲပြည် သို့သွားနှင့်မည်'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။
ရှင်မာကု 16:7 - Common Language Bible သင်တို့သည်ပေတရုနှင့်အခြားတပည့်တော်များ ထံသို့သွား၍``ကိုယ်တော်သည်ဂါလိလဲပြည်သို့ သင်တို့အလျင်ကြွနှင့်တော်မူလိမ့်မည်။ ယခင်က သင်တို့အားမိန့်မှာတော်မူခဲ့သည့်အတိုင်း ကိုယ်တော် ကိုဂါလိလဲပြည်မှာဖူးတွေ့ရကြလိမ့်မည်ဟု ပြောကြားလော့'' ဟုဆို၏။ Garrad Bible သင် တို့ အ ရင် ဂါ လိ လဲ နယ် သို့ ကြွ နှင့် တော် မူ မည် ဟူ၍ မိန့် တော် မူ ခဲ့ သည့် အ တိုင်း ထို နယ် တွင် ဖူး တွေ့ ရ ကြ မည့် အ ကြောင်း ပေ တ ရု မှ စ သော တ ပည့် တော် တို့ ထံ သွား၍ ပြန် ကြား ကြ လော့ ဟု ဆို၏။ Judson Bible သင်တို့ရှေ့ ဂါလိလဲပြည်သို့ ကြွတော်မူကြောင်းကို၊ ပေတရုမှစ၍ တပည့်တော်တို့အား သွား၍ပြောကြလော့။ အထက်က မိန့်တော်မူသည်အတိုင်း၊ ထိုပြည်၌ သင်တို့သည် ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်ဟု ပြောဆို၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့မူကား သွား၍ တပည့်တော်များနှင့် ပေတရုအား ‘ကိုယ်တော်သည် သင်တို့ကိုမိန့်မှာခဲ့သည့်အတိုင်း ဂါလိလဲနယ်သို့ သင်တို့ထက်အလျင်ဦးစွာကြွနှင့်တော်မူပြီ။ သင်တို့သည် ထိုအရပ်၌ ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်’ဟူ၍ ပြောကြားကြလော့”ဟု ဆိုလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခု သင်တို့သည် ပေတရု အပါအဝင်၊ တပည့်တော်တို့ထံသို့ သွား၍ ‘ယေရှုသည် သင်တို့ထက်ဦးစွာ ဂါလိလဲပြည်သို့ ကြွတော်မူမည်။ အသေခံတော်မမူမီ မိန့်တော်မူသည့်အတိုင်း သင်တို့သည် သူ့ကို ထိုနေရာ၌ တွေ့မြင်ကြရလိမ့်မည်’ ဟူ၍ ပြောကြလော့” ဟု ဆို၏။ မြန်မာ သင်တို့ရှေ့ ဂါလိလဲပြည်သို့ ကြွတော်မူကြောင်းကို၊ ပေတရုမှစ၍ တပည့်တော်တို့အား သွား၍ပြောကြလော့။ အထက်က မိန့်တော်မူသည်အတိုင်း၊ ထိုပြည်၌ သင်တို့သည် ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်ဟု ပြောဆို၏။- |
သို့ရာတွင်ငါသည်သေခြင်းမှထမြောက် ပြီးနောက်သင်တို့အလျင်ဂါလိလဲပြည် သို့သွားနှင့်မည်'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။
ထိုအခါသခင်ယေရှုက ``မကြောက်ကြနှင့်။ သွား၍ငါ၏ညီအစ်ကိုများအားဂါလိလဲ ပြည်သို့သွားရန်ပြောကြားကြလော့။ သူတို့ သည်ထိုပြည်တွင်ငါ့ကိုမြင်ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
တပည့်တော်တို့ထံသို့အလျင်အမြန်သွား၍ `ကိုယ် တော်သည်သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ သင်တို့အလျင်ဂါလိလဲပြည်သို့ကြွတော်မူမည် ဖြစ်၍ ထိုအရပ်တွင်ကိုယ်တော်ကိုသင်တို့တွေ့ရ ကြလိမ့်မည်' ဟုပြောကြားကြလော့။ ငါပြော သည့်စကားကိုမမေ့ကြနှင့်'' ဟုဆို၏။
သို့ရာတွင်ငါသည်သေခြင်းမှထမြောက်ပြီး နောက် ဂါလိလဲပြည်သို့သင်တို့အလျင်သွား နှင့်မည်'' ဟုတပည့်တော်တို့အားမိန့်တော်မူ၏။
အမျိုးသမီးများသည်ထိတ်လန့်တွေဝေလျက် သင်္ချိုင်းဂူမှထွက်ပြေးကြ၏။ သူတို့သည်ကြောက်ရွံ့ သောကြောင့်အဘယ်သူအားမျှစကားမပြောကြ။ အဆုံးသတ်သည့်နည်းဟောင်းတစ်မျိုး
ထိုနောက်သခင်ယေရှုသည်တိဗေရိအိုင်အနီး တွင်တပည့်တော်တို့အားတစ်ဖန်ကိုယ်ထင်ပြ တော်မူ၏။ ပြတော်မူပုံကားဤသို့တည်း။-
ထိုနောက်ထိုအရှင်သည်ယခင်ကမိမိနှင့်အတူ ဂါလိလဲပြည်မှယေရုရှလင်မြို့သို့လိုက်ပါ ကြသူတို့အား ရက်ပေါင်းများစွာကိုယ်ထင်ပြ တော်မူ၏။ သူတို့သည်ယခုအခါဣသရေလ အမျိုးသားတို့အား ကိုယ်တော်၏အကြောင်းကို သက်သေခံလျက်ရှိကြ၏။-
ကိုယ်တော်အားပေတရုဖူးမြင်ရကြောင်း၊ ထို နောက်တမန်တော်တစ်ကျိပ်နှစ်ပါးတို့ဖူးမြင် ရကြကြောင်းတို့ဖြစ်သည်။-
ထိုသူသည်မခံမရပ်နိုင်လောက်အောင်ဝမ်း နည်းမှုမဖြစ်စေရန် ယခုသူ့အားသင်တို့ အပြစ်လွှတ်၍နှစ်သိမ့်အားပေးကြလော့။-