ငါဆုံးမသော စကားကို နားထောင်၍ ပြောင်း လဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်း လောင်း၍၊ ငါ့စကား၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။
ရှင်မာကု 1:8 - Common Language Bible ငါသည်သင်တို့အားရေဖြင့်ဗတ္တိဇံမင်္ဂလာကို ပေး၏။ ထိုအရှင်ကားသန့်ရှင်းသောဝိညာဉ်တော် ဖြင့် ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့'' ဟု လူတို့အားဟောပြောလေသည်။ Garrad Bible ငါ သည် သင် တို့ ကို ရေ နှင့် ဗ တ္တိ ဇံ မင်္ဂ လာ ပေး သည် မှန်၏။ ထို အ ရှင် မူ ကား သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပေး တော် မူ လိမ့် မည် ဟု ဟော ပြော ၏။ Judson Bible ငါသည် သင်တို့အား ရေ၌ဗတ္တိဇံကိုပေး၏။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌ သင်တို့ကို ဗတ္တိဇံပေးမည်ဟု ဟောသတည်း။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့ကို ရေ၌ဗတ္တိဇံပေးသော်လည်း ထိုအရှင်သည် သန့်ရှင်းသောဝိညာဉ်တော်၌ သင်တို့ကိုဗတ္တိဇံပေးတော်မူလိမ့်မည်”ဟု ဟောပြောလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် သင်တို့ကို ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့သော် ထိုအရှင်သည် သင်တို့ကို သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာပေးတော်မူလိမ့်မည်” ဟု ဟောလေ၏။ မြန်မာ ငါသည် သင်တို့အား ရေ၌ဗတ္တိဇံကိုပေး၏။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌ သင်တို့ကို ဗတ္တိဇံပေးမည်ဟု ဟောသတည်း။ |
ငါဆုံးမသော စကားကို နားထောင်၍ ပြောင်း လဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်း လောင်း၍၊ ငါ့စကား၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။
သို့ရာတွင်ဘုရားသခင်သည်မိမိ၏ဝိညာဉ် တော်ကို ငါတို့ထံသို့တစ်ဖန်ပြန်၍စေလွှတ် တော်မူလိမ့်မည်။ ထိုအခါမြေလွတ်မြေရိုင်း များသည်မြေကောင်းမြေသန့်များဖြစ်လာ ကြလျက် လယ်ယာများကောက်ပဲသီးနှံ အမြောက်အမြားထွက်လိမ့်မည်။-
``ငါသည်ရေငတ်သည့်ပြည်တွင်မိုးရွာသွန်းစေမည်။ သဲကန္တာရတွင်စမ်းရေများပေါက်စေမည်။ သင်တို့၏သားသမီးများအပေါ်တွင်ငါ၏ တန်ခိုးတော်ကိုလည်းကောင်း၊ သင်တို့သားမြေးများအပေါ်တွင်ငါ၏ ကောင်းချီး မင်္ဂလာများကိုလည်းကောင်းသွန်းလောင်းမည်။
``ထိုနောက်ငါသည်မိမိ၏ဝိညာဉ်တော်ကို လူအပေါင်းတို့အပေါ်သို့သွန်းလောင်းမည်။ သင်တို့သားသမီးများသည်ငါ၏ဗျာဒိတ် တော်ကို ပြန်ကြားကြလိမ့်မည်။ အသက်ကြီးသူများသည်အိပ်မက်များကို မြင်မက်ကြလျက်၊ လူငယ်လူရွယ်တို့သည်ဗျာဒိတ်ရူပါရုံများကို တွေ့မြင်ကြလိမ့်မည်။
သင်တို့နောင်တရသည့်အတွက် ငါသည်သင်တို့ အားရေဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ ငါ၏နောက် တွင်ကြွလာမည့်အရှင်သည်ကား သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း၊ ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့။ ထိုအရှင်သည် ငါ့ထက်ကြီးမြတ်၏။ ငါသည်ထိုအရှင်၏ဖိနပ် ကိုမျှမကိုင်ဆောင်ထိုက်။-
သူက ``ငါ့ထက်ကြီးမြတ်သောအရှင်သည် ငါ၏ နောက်တွင်ပေါ်ထွန်းလာလိမ့်မည်။ ငါသည်ထိုအရှင် ၏ဖိနပ်ကြိုးကိုမျှငုံ့၍မဖြည်ထိုက်။-
ထိုနောက်များမကြာမီသခင်ယေရှုသည် ဂါလိလဲ ပြည်နာဇရက်မြို့မှကြွလာတော်မူ၍ ယော်ဒန်မြစ် တွင်ယောဟန်ထံမှဗတ္တိဇံမင်္ဂလာကိုခံတော်မူသည်။-
သို့ဖြစ်၍ယောဟန်က ``ငါသည်သင်တို့အားရေ ဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ သို့ရာတွင်ငါ့ထက် ကြီးမြတ်သူသည်ငါ့နောက်မှပေါ်ထွန်းလိမ့်မည်။ ငါသည်ထိုအရှင်၏ဖိနပ်ကြိုးကိုမျှမဖြေထိုက်။ ထိုအရှင်သည်သင်တို့အားသန့်ရှင်းသောဝိညာဉ် တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်းဗတ္တိဇံ မင်္ဂလာကိုပေးတော်မူလတ္တံ့။-
ယောဟန်က ``ငါသည်ရေဖြင့်ဗတ္တိဇံမင်္ဂလာ ကိုပေး၏။ သင်တို့တွင်သင်တို့မသိသော အရှင်ရှိ၏။-
ကိုယ်တော်သည်မည်သူဖြစ်သည်ကို ယခင်က ငါမသိ။ သို့သော်ရေဖြင့်ဗတ္တိဇံမင်္ဂလာပေးရန် ငါ့ကိုစေလွှတ်တော်မူသောဘုရားသခင် က `ဝိညာဉ်တော်သည်ဆင်းသက်၍တစ်စုံ တစ်ယောက်သောသူ၏အပေါ်မှာနားတော်မူ သည်ကိုသင်မြင်ရလိမ့်မည်' ဟုငါ့အား မိန့်တော်မူခဲ့၏။-
ယောဟန်သည်ရေဖြင့်ဗတ္တိဇံကိုပေး၏။ သို့ရာ တွင်သင်တို့မူကားရက်အနည်းငယ်အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ဗတ္တိဇံကိုခံယူကြ ရလတ္တံ့'' ဟုမိန့်တော်မူ၏။
လူမျိုးခြားတို့သည်လည်းသန့်ရှင်းသော ဝိညာဉ်တော်ဆုကျေးဇူးကိုခံယူရရှိကြ သည်ဖြစ်၍ ပေတရုနှင့်အတူလိုက်လာကြ သောယုံကြည်သူယုဒအမျိုးသားတို့ သည်လွန်စွာအံ့သြကြ၏။-
`အဆုံးစွန်သောနေ့များ၌ငါသည်လူမျိုး အပေါင်းတို့ အပေါ်သို့ငါ၏ဝိညာဉ်တော်ကိုသွန်းလောင်း မည်။ သင်တို့၏သားသမီးများသည်ငါ၏နှုတ်ကပတ် တရားတော်ကိုဟောပြောကြလိမ့်မည်။ လူပျိုလူရွယ်တို့သည်ဗျာဒိတ်ရူပါရုံများကို မြင်ကြလိမ့်မည်။ လူအိုတို့သည်အိပ်မက်များမြင်မက်ကြလိမ့်မည်။
ထိုသူတို့သည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက် ဝိညာဉ်တော်ပေးအပ်တော်မူသည့် တန်ခိုးစွမ်းရည်အတိုင်းဘာသာစကား အမျိုးမျိုးဖြင့်ဟောပြောကြကုန်၏။
ထိုနည်းတူစွာငါတို့သည်ယုဒလူမျိုးဖြစ် စေ၊ လူမျိုးခြားဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ် သူဖြစ်စေ၊ ဝိညာဉ်တော်တစ်ပါးတည်းအား ဖြင့်ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ဗတ္တိဇံခံ ယူကြ၏။ ငါတို့ရှိသမျှသည်ဝိညာဉ်တော် တစ်ပါးတည်းကိုသောက်ကြရ၏။