ကိုယ်တော်က ``အချင်းလူ၊ အဘယ်သူသည်ငါ့ကို သင်တို့၏တရားသူကြီးအဖြစ်ဖြင့်လည်းကောင်း၊ အမွေခွဲဝေသူအဖြစ်ဖြင့်လည်းကောင်းခန့်ထား သနည်း'' ဟုပြန်၍မိန့်တော်မူ၏။-
ရောမ 2:1 - Common Language Bible သို့ဖြစ်၍မိတ်ဆွေ၊ သင်သည်သူတစ်ပါးအား အပြစ်စီရင်ပါသလော။ သင်သည်မည်သူဖြစ် စေကာမူသူတစ်ပါးအားအပြစ်စီရင်နိုင် သောအခြေအနေတွင်မရှိ။ သင်သည်သူတစ် ပါးကဲ့သို့အပြစ်ကူးလွန်သူဖြစ်လျက် နှင့် သူတစ်ပါးအားအပြစ်စီရင်လျှင်မိမိ ကိုယ်တိုင်အားလည်းအပြစ်စီရင်ရာရောက် ၏။- Garrad Bible ထို ကြောင့် သူ တစ် ထူး ကို စီ ရင် သော အ ချင်း လူ၊ သင်၌ ထု ချေ ရန် မ ရှိ။ စီ ရင် သော သင် သည်၊ ထို အ မှု အ တိုင်း ပင် ပြု ကျင့် တတ် သည် ဖြစ်၍ သူ တစ် ထူး ကို စီ ရင် ရာ တွင် ကိုယ် ကို အ ပြစ် စီ ရင် ရာ ရောက် သည် တ ကား။ Judson Bible သူတစ်ပါးကို စစ်ကြောစီရင်တတ်သောသူ၊ သင်သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ အကြောင်းမူကား၊ သင်သည်စစ်ကြောစီရင်သော အမှုကိုပင် ကိုယ်တိုင်ပြုသည်ဖြစ်၍၊ သူတစ်ပါးကို စစ်ကြောစီရင်သည်တွင် ကိုယ်အပြစ်ရှိကြောင်းကို စီရင်ဆုံးဖြတ်ရာရောက်၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူတစ်ပါးကိုစီရင်တတ်သောအချင်းလူ၊ သင်သည် ဆင်ခြေပေး၍မရ။ အဘယ်ကြောင့်ဆိုသော် စီရင်နေသောသင်သည်လည်း တူညီသောအမှုများကိုပြုကျင့်နေသည်ဖြစ်၍ သူတစ်ပါးကိုစီရင်ရာတွင် သင့်ကိုယ်သင်ပြစ်ဒဏ်စီရင်ရာရောက်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သူတစ်ပါးကို အပြစ်စီရင်တတ်သောသူ… သင်သည် မိမိ၌အပြစ်မရှိဟု ဆင်ခြေပေး၍ မရ။ အဘယ်ကြောင့်ဆိုသော် သင်သည်လည်း ထိုဆိုးယုတ်မှုများကို ကိုယ်တိုင် ကျူးလွန်နေသူဖြစ်သောကြောင့် သူတစ်ပါးကို အပြစ်တင်လျှင် သင့်ကိုယ်သင်အပြစ်တင်ရာရောက်၏။ |
ကိုယ်တော်က ``အချင်းလူ၊ အဘယ်သူသည်ငါ့ကို သင်တို့၏တရားသူကြီးအဖြစ်ဖြင့်လည်းကောင်း၊ အမွေခွဲဝေသူအဖြစ်ဖြင့်လည်းကောင်းခန့်ထား သနည်း'' ဟုပြန်၍မိန့်တော်မူ၏။-
မင်းကြီးက `အချင်းအစေခံဆိုး၊ သင့်နှုတ်ထွက် စကားအတိုင်းသင့်ကိုငါစီရင်မည်။ ငါသည် ခက်ထန်သူဖြစ်၍မိမိမပိုင်သည့်အရာကို သိမ်းယူတတ်သည်ကိုလည်းကောင်း၊ မိမိမစိုက် မပျိုးသည့်အသီးအနှံကိုရိတ်သိမ်းတတ် သည်ကိုလည်းကောင်းသိပါလျက်နှင့်။-
``သူတစ်ပါးတို့အားမစစ်ကြောမစီရင်ကြနှင့်။ သို့မှသာဘုရားသခင်သည်သင်တို့အားမစစ် ကြောမစီရင်ဘဲနေတော်မူလိမ့်မည်။ သူတစ်ပါး တို့အားမရှုတ်ချကြနှင့်။ သို့မှသာဘုရားသခင် သည်သင်တို့အားမရှုတ်ချဘဲနေတော်မူလိမ့်မည်။ သူတစ်ပါးတို့အားအပြစ်ဖြေလွှတ်ကြလော့။ သို့ မှသာထာဝရဘုရားသည်သင်တို့အပြစ်ကို ဖြေလွှတ်တော်မူလိမ့်မည်။-
ဤကိစ္စများနှင့်ပတ်သက်၍သင်မည်သို့ပြုမူ သည်မှာသင်နှင့်ဘုရားသခင်သာသက်ဆိုင် ၏။ မိမိမှန်ကန်သည်ဟုယုံကြည်သည့်အတိုင်း ဆောင်ရွက်၍သြတ္တပ္ပစိတ်ကြည်လင်သူသည် မင်္ဂလာရှိ၏။-
ထိုသို့အကျင့်ဆိုးများကိုပြုကျင့်သူတို့ အားဘုရားသခင်အပြစ်စီရင်တော်မူသည် မှာ လျော်ကန်သင့်မြတ်ကြောင်းကိုငါတို့သိ ကြ၏။-
သို့သော်လည်းမိတ်ဆွေ၊ သင်ကသူတစ်ပါး အားအပြစ်စီရင်သည့်အပြစ်မျိုးကို သင် ကိုယ်တိုင်ပင်ကူးလွန်လျက်နေပါသည် တကား။ သင်သည်ဘုရားသခင်၏အပြစ် စီရင်ခြင်းနှင့်ကင်းလွတ်လိမ့်မည်ဟုထင် မှတ်ပါသလော။-
သို့ဖြစ်ပါမူငါတို့ယုဒလူမျိုးသည်လူ မျိုးခြားတို့ထက်အဘယ်သို့လျှင် သာလွန် ကောင်းမွန်သည့်အခြေအနေတွင်ရှိကြ သနည်း။ မည်သို့မျှသာလွန်ကောင်းမွန်သည့် အခြေအနေတွင်မရှိကြ။ ယုဒလူမျိုး ရောလူမျိုးခြားပါအပြစ်၏အာဏာစက် အောက်တွင်ရှိကြကြောင်းငါအထက်က ဖော်ပြခဲ့ပြီးဖြစ်၏။-
မိတ်ဆွေ၊ သင်သည်အဘယ်သူဖြစ်၍ဘုရား သခင်အားဤသို့လျှောက်ထားနိုင်သနည်း။ အဖန်ဆင်းခံကဖန်ဆင်းတော်မူရှင်အား``အရှင် သည်အဘယ်ကြောင့်အကျွန်ုပ်အားဤသို့ ဖန်ဆင်းတော်မူပါသနည်း'' ဟုမေးနိုင်မည် လော။-
သို့ဖြစ်၍နောက်ဆုံးတရားစီရင်တော်မူရန် သခင်ဘုရားကြွလာတော်မူချိန်တိုင်အောင် မည်သူ့ကိုမျှစီရင်မှုမပြုနှင့်။ ကိုယ်တော်သည် လျှို့ဝှက်ချက်မှန်သမျှကိုလည်းကောင်း၊ လူတို့ ၏စိတ်နှလုံးတွင်ကွယ်ဝှက်နေသည့်အကြံအစည် များကိုလည်းကောင်းထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါလူတိုင်းပင်ဘုရားသခင်၏ထံခံ ထိုက်သည့်အချီးအမွမ်းကိုခံကြရလတ္တံ့။
အချင်းအမျိုးသမီး၊ သင်သည်မိမိခင်ပွန်းဖြစ် သူကိုကယ်တင်နိုင်မည်မဟုတ်ဟုမဆိုနိုင်ပေ။ အချင်းအမျိုးသား၊ သင်သည်မိမိ၏ဇနီးကို ကယ်တင်နိုင်မည်မဟုတ်ဟုမဆိုနိုင်ပေ။
အချင်းလူမိုက်၊ အကျင့်နှင့်ကင်းသည့်ယုံ ကြည်ခြင်းသည် အချည်းနှီးဖြစ်ကြောင်းသိ လိုသလော။-
ညီအစ်ကိုတို့၊ သင်တို့သည်အချင်းချင်းပုတ် ခတ်ဝေဖန်လျှင်သော်လည်းကောင်း၊ စစ်ကြော စီရင်လျှင်သော်လည်းကောင်းပညတ်တရား တော်ကိုပုတ်ခတ်ပြောဆိုစစ်ကြောစီရင်ရာ ရောက်၏။ ပညတ်တရားတော်ကိုစစ်ကြောစီရင် ကြလျှင် သင်တို့သည်ထိုတရားတော်ကိုစောင့် ထိန်းသူများမဟုတ်ဘဲစစ်ကြောစီရင်သူ များသာဖြစ်ကြ၏။-