ငါးဧကရှိသည့်စပျစ်ခြံမှစပျစ်ရည် သည် တစ်ဂါလံမျှသာရရှိလိမ့်မည်။ မျိုး စေ့ဆယ်တင်းကြဲသော်လည်းတစ်တင်း သာလျှင်ပြန်လည်ရရှိလိမ့်မည်။''
ယေရမိ 8:13 - Common Language Bible ``လူသည်မိမိသီးနှံကိုရိတ်သိမ်းသကဲ့သို့ ငါထာဝရဘုရားသည်မိမိလူမျိုးတော် အားရိတ်သိမ်းလိုသည်။ သို့သော်သူတို့သည် အရွက်များပင်ညှိုးနွမ်းလျက် အသီးမရှိ သည့်စပျစ်ပင်များ၊ အသီးမသီးသောသင်္ဘော သဖန်းပင်များနှင့်တူကြ၏။ ထိုကြောင့်ငါ ပေးသောပြည်တော်ကိုတစ်ပါးသူတို့၏ လက်ထဲသို့ရောက်စေတော်မူလေပြီ။ Garrad Bible ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ငါ သည် ထို သူ တို့ ကို အ ကုန် အ စင် သိမ်း ရုံး လိမ့် မည်။ စ ပျစ်၊ သ ဖန်း ပင် များ သည် အ သီး မ သီး တတ်။ အ ရွက် လည်း ညှိုး နွမ်း လျက် ရှိ ၏။ ကျော် နင်း မည့် သူ တို့ ကို စီ မံ ပြီ ဟူ ၍ ဆင့် ဆို လော့။ Judson Bible သူတို့ကို ငါရှင်းရှင်း ဖျက်ဆီးမည်။ စပျစ်နွယ်ပင်၌ စပျစ်သီးမရှိရ။ သင်္ဘောသဖန်းပင်၌ သင်္ဘောသဖန်းသီးမရှိရ။ အရွက်လည်း ညှိုးနွမ်းရမည်အကြောင်း၊ လွှမ်းမိုးသောသူတို့ကို ငါစေလွှတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ငါသည် သူတို့ကို အကုန်အစင်ဖျက်ဆီးမည်။ စပျစ်ပင်၌ စပျစ်သီးမကျန်။ သဖန်းပင်၌ သဖန်းသီးမကျန်။ အရွက်လည်း ညှိုးနွမ်းသွားလိမ့်မည်။ သူတို့အား ငါပေးသောအရာများကို သူတို့လက်လွတ်ဆုံးရှုံးရလိမ့်မည်”ဟု မိန့်တော်မူ၏။ |
ငါးဧကရှိသည့်စပျစ်ခြံမှစပျစ်ရည် သည် တစ်ဂါလံမျှသာရရှိလိမ့်မည်။ မျိုး စေ့ဆယ်တင်းကြဲသော်လည်းတစ်တင်း သာလျှင်ပြန်လည်ရရှိလိမ့်မည်။''
အကယ်၍သူတို့သည်အစာရှောင်၍ပင် အကူအညီဟစ်အော်တောင်းခံကြစေ ကာမူ ငါသည်လူတို့၏ဟစ်အော်သံကို နားထောင်လိမ့်မည်မဟုတ်။ အကယ်၍သူ တို့သည်ငါ့အားမီးရှို့ရာယဇ်များနှင့် ပူဇော်သကာများကိုပင်ဆက်သသော် လည်း ငါသည်သူတို့အားနှစ်သက်လိမ့် မည်မဟုတ်။ ယင်းသို့နှစ်သက်မည့်အစား သူတို့အားစစ်ပွဲများတွင်ကျဆုံးစေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ အနာရောဂါ ဘေးသင့်၍သေစေမည်'' ဟုမိန့်တော်မူ ပါ၏။
ငါမစေလွှတ်ဘဲငါ၏နာမတော်ကိုအမှီ ပြု၍ ဤပြည်တွင်စစ်မက်နှင့်ငတ်မွတ်ခေါင်းပါး ခြင်းဘေးအန္တရာယ်ကျရောက်လိမ့်မည်မဟုတ် ဟု ဟောပြောကြသူပရောဖက်တို့အားအဘယ် သို့ငါပြုမည်ကို သင့်အားငါထာဝရဘုရား ဖော်ပြမည်။ ငါသည်သူတို့အားစစ်ပွဲတွင် ကျဆုံးစေမည်။ ငတ်မွတ်ခေါင်းပါးခြင်း ဘေးသင့်၍သေစေမည်။-
ထိုသူသည်ရေအနီးတွင်စိုက်သဖြင့်ရေရှိရာသို့ အမြစ်ထိုး၍သွားသည့်သစ်ပင်နှင့်တူ၏။ ထိုအပင်သည်အရွက်များစိမ်းလန်းလျက်ရှိ သဖြင့် ပူပြင်းသည့်ရာသီကိုမကြောက်။ မိုးခေါင်သောအခါ၌လည်းစိုးရိမ်စရာ မရှိဘဲ အသီးများသီးမြဲသီး၍နေတတ်၏။''
သူတို့သည်သင်တို့၏အသီးအနှံများနှင့်အစာရေစာများကိုစားသောက်ကာ သင်တို့သားသမီးများကိုသတ်ကြလိမ့်မည်။ သူတို့သည်သင်တို့သိုးအုပ်၊ နွားအုပ်များကိုစားကြလိမ့်မည်။ သင်တို့စပျစ်ပင်နှင့်သင်္ဘောသဖန်းပင်တို့ကိုလည်းစားကြလိမ့်မည်။ သူတို့၏တပ်မတော်သည်သင်တို့အားကိုးအားထားပြုသည့်ခံတပ်မြို့များကိုဖြိုဖျက်ပစ်ကြလိမ့်မည်။''
သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် မိမိ၏ပြင်းထန်သောအမျက်တော်ကို ဤ ဗိမာန်ပေါ်သို့သွန်းလောင်းမည်။ လူများနှင့် တိရစ္ဆာန်များအပေါ်သို့လည်းကောင်း၊ သစ်ပင် များနှင့်အသီးအနှံများအပေါ်သို့လည်း ကောင်းငါသွန်းလောင်းမည်။ ငါ၏အမျက် တော်သည်အဘယ်သူမျှမငြိမ်းမသတ် နိုင်သည့်မီးနှင့်တူ၏။
သို့ဖြစ်၍ငါသည်အမျက်တော်ကိုသွန်းလောင်း ၍ သူတို့အပေါ်သို့အမျက်တော်ကိုမီးသ ဖွယ်သက်ရောက်စေမည်။ သူတို့ပြုခဲ့သည့်အမှု များအတွက်သူတို့၏ခေါင်းပေါ်သို့ကျရောက် စေမည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
သူ၏ချစ်သူများကသူ့အားလက်ဆောင် အဖြစ်ပေးသည်ဟုဆိုသောစပျစ်ပင်နှင့် သဖန်းပင်များကိုငါဖျက်ဆီးမည်။ ငါသည် သူ၏စပျစ်ခြံနှင့်သစ်သီးခြံတို့ကိုသားရဲ များကိုက်ဖြတ်ဖျက်ဆီးသဖြင့် ချုံနွယ်ပိတ် ပေါင်းထူသောအရပ်ဖြစ်စေမည်။-
သူတို့သည်ငါတို့၏စပျစ်နွယ်များကိုဖျက်ဆီးကာ၊ ငါတို့သဖန်းပင်များကိုကိုက်ဖြတ်ပစ်ကြ၏။ သူတို့သည်၊အကိုင်းအခက်များဖြူသွားသည်တိုင်အောင်၊ သစ်ခေါက်များကိုအကုန်အစင်သုတ်သင်ပယ်ရှင်းကြလေပြီ။
သင်တို့၏မြေမှအသီးအနှံမထွက်၊ သစ်သီး အပင်များမှအသီးမသီးသဖြင့် သင်တို့ကြိုး ပမ်းလုပ်ကိုင်သမျှတို့သည်အချည်းနှီးသက် သက်ဖြစ်ရလိမ့်မည်။
ငါသည်ဤပြည်ကိုခြောက်သွေ့၍နေစေခဲ့ ၏။ ဤပြည်ရှိတောင်ကုန်းများ၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များနှင့်သံလွင်ခြံများပေါ် ၌လည်းကောင်း၊ မြေကြီးကထွက်သည့်သီးနှံ မှန်သမျှပေါ်၌လည်းကောင်း၊ လူနှင့်တိရစ္ဆာန် များပေါ်၌လည်းကောင်း၊ သင်တို့ကြိုးစား စိုက်ပျိုးသည့်သီးနှံမှန်သမျှအပေါ်၌ လည်းကောင်းမိုးကိုခေါင်စေခဲ့၏'' ဟုမိန့် တော်မူပါ၏။
ငါသည်သင်တို့ကြိုးစား၍စိုက်ပျိုးသမျှ သော သီးနှံပင်များကိုလေပူအားဖြင့်လည်း ကောင်း၊ ပိုးထိ၍နွမ်းရိစေခြင်းဖြင့်လည်း ကောင်း၊ မိုးသီးများအားဖြင့်လည်းကောင်း ဖျက်ဆီးပစ်ခဲ့၏။ သို့နှင့်လည်းသင်တို့ သည်နောင်တမရကြ။-
ငါသည်ပိုးမွှားများအားသင်တို့အသီး အနှံများကိုဖျက်ဆီးခွင့်ပြုလိမ့်မည် မဟုတ်။ သင်တို့၏စပျစ်နွယ်များသည် လည်းအသီးများနှင့်ပြည့်လျက်နေလိမ့် မည်။-''
လမ်းအနီးတွင်သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်သဖြင့်ထိုအပင်ရှိရာသို့ကြွတော်မူ၏။ အပင်ပေါ်တွင်အရွက်များကိုသာတွေ့တော်မူ လျှင်ကိုယ်တော်သည်ထိုအပင်အား ``သင်သည် နောင်အဘယ်အခါ၌မျှအသီးမသီးစေနှင့်'' ဟုမိန့်တော်မူ၏။ သင်္ဘောသဖန်းပင်သည်လည်း ချက်ချင်းပင်ညှိုးနွမ်းခြောက်သွေ့သွားလေ၏။
နေပူရှိန်သည်အပင်ကိုခြောက်သွေ့စေ၍ အပွင့်ကိုကြွေကျစေ၏။ သို့ဖြစ်၍ယင်း၏ တင့်တယ်လှပမှုသည်ပျက်စီးရသကဲ့သို့ ချမ်းသာကြွယ်ဝသူသည် မိမိ၏အလုပ် အကိုင်ကိုဆောင်ရွက်လျက်နေစဉ်ပျောက် ကွယ်ရလိမ့်မည်။