ဟေရှဘုန်နှင့်ဧလာလေမြို့သူမြို့သားတို့ သည်အော်ဟစ်ငိုကြွေးကြရာ သူတို့ငိုကြွေး သံကိုယာဟတ်မြို့တိုင်အောင်ကြားရသဖြင့် မောဘစစ်သူရဲများပင်လျှင်တုန်လှုပ်ချောက် ချားကာကြောက်စိတ်ဝင်၍လာကုန်၏။-
ယေရမိ 48:21 - Common Language Bible ဟောလုန်မြို့၊ ယဟာဇမြို့၊ မေဖတ်မြို့၊ ဒိဘုန်မြို့၊ နေဗောမြို့၊ ဗက်ဒိဗလသိမ်မြို့၊ ကိရယသိမ် မြို့၊ ဗက်ဂမုလမြို့၊ ဗက်မောင်မြို့၊ ကေရုတ်မြို့၊ ဗောဇရမြို့အစရှိသည့်ကုန်းပြင်မြို့ အပေါင်းတို့သည်အပြစ်ဒဏ်စီရင်တော်မူ ခြင်းကိုခံရကြလေပြီ။ ရပ်နီးရပ်ဝေးရှိ မောဘမြို့မှန်သမျှသည်အပြစ်ဒဏ်စီ ရင်တော်မူခြင်းကိုခံရကြလေပြီ။- Garrad Bible ပြန့် ရှိ မြို့ များ တည်း ဟူ သော၊ ဟော လုန်၊ ယ ဟာ ဇ၊ မေ ဖတ်။ ဒိ ဘုန်၊ နေ ဗော၊ ဗက် ဒိ ဗ လ သိမ်၊ Judson Bible လွင်ပြင်နှင့် တကွဟောလုန်မြို့၊ ယဟာဇမြို့၊ မေဖတ်မြို့၊ မြန်မာ့စံမီသမ္မာကျမ်း တရားစီရင်ခြင်းသည် မြေပြန့်ဒေသဖြစ်သော ဟောလုန်မြို့၊ ယာဇမြို့၊ မေဖတ်မြို့၊ |
ဟေရှဘုန်နှင့်ဧလာလေမြို့သူမြို့သားတို့ သည်အော်ဟစ်ငိုကြွေးကြရာ သူတို့ငိုကြွေး သံကိုယာဟတ်မြို့တိုင်အောင်ကြားရသဖြင့် မောဘစစ်သူရဲများပင်လျှင်တုန်လှုပ်ချောက် ချားကာကြောက်စိတ်ဝင်၍လာကုန်၏။-
``ဟေရှဘုန်မြို့နှင့်ဧလာလေမြို့တို့မှ လူတို့ ငိုကြွေးကြသောအသံကိုယာဟတ်မြို့တိုင် အောင်ကြားရကြ၏။ ထိုအသံကိုဇောရမြို့ မှဟောရနိမ်မြို့နှင့်ကေလက်မြို့တို့မှပင် ကြားနိုင်လေသည်။ နိမရိမ်ချောင်းသည် လည်းခန်းခြောက်၍သွား၏။-
အဘယ်မြို့မျှဆုံးပါးပျက်စီးမှုနှင့် ကင်းလွတ်လိမ့်မည်မဟုတ်။ ချိုင့်ဝှမ်းရော၊လွင်ပြင်ပါပျက်စီးလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
ငါသည်ထိုပြည်၏ကျက်သရေဆောင်ဗက် ယေရှိမုတ်၊ ဗာလမောင်နှင့်ကိရယသိမ်မြို့ များအပါအဝင်နယ်ခြားခံတပ်မြို့တို့ ကိုရန်သူတို့အားတိုက်ခိုက်စေမည်။-
ငါသည်ဧကန်အမှန်ဣသရေလအမျိုး သားတို့၏အသက်ရှင်တော်မူသောဘုရား ဖြစ်တော်မူသည်အတိုင်း မောဘပြည်နှင့် အမ္မုန်ပြည်သည်သောဒုံနှင့်ဂေါမောရမြို့ တို့ကဲ့သို့သုတ်သင်ဖျက်ဆီးခြင်းခံရလိမ့် မည်ဖြစ်ကြောင်းကျိန်ဆိုဖော်ပြပါ၏။ ထို ပြည်တို့သည်ဆားမြေတူးရာအရပ်ဖြစ် လျက် ထာဝရယိုယွင်းပျက်စီးကာပေါင်း ပင်များနှင့်ဖုံးလွှမ်း၍နေလိမ့်မည်။ ငါ၏ လူမျိုးတော်အနက်မှအသက်မသေဘဲ ကျန်ရှိနေသူတို့သည် ထိုသူတို့ကိုတိုက် ခိုက်လုယက်ကာသူတို့၏ပြည်ကိုသိမ်း ယူကြလိမ့်မည်။
သို့ရာတွင်ရှိဟုန်ဘုရင်သည်ဣသရေလ အမျိုးသားတို့အား မိမိ၏ပြည်ကိုဖြတ် သန်းခွင့်မပေးချေ။ သူသည်တောကန္တာရရှိ ယာဟတ်မြို့သို့စစ်ချီလာပြီးလျှင် ဣသရေလ အမျိုးသားတို့ကိုတိုက်ခိုက်လေသည်။-
နေဗောမြို့၊ ဗာလမောနမြို့(ဤမြို့၏နာမည် ကိုပြောင်းလိုက်၏) နှင့်ရှိဗမမြို့များကို ပြန်လည်တည်ဆောက်ကြသည်။ သူတို့ပြန် လည်တည်ဆောက်သောမြို့များကိုနာမည် သစ်ဖြင့်မှည့်ခေါ်ကြသည်။
ဟေရှဘုန်မြို့နှင့်ကုန်းပြင်မြင့်ပေါ်ရှိမြို့ များဖြစ်သောဒိဘုန်မြို့၊ ဗာမုတ်ဗာလမြို့၊ ဗက်ဗာလမောင်မြို့၊-