ငါသည်လူတို့ကိုပြောကြားရန်သူတို့၏ ဘုရားသခင်ထာဝရဘုရား စေလွှတ်မှာ ကြားတော်မူသမျှသောစကားတို့ကို ဆင့်ဆိုပြီးသောအခါ၊-
ယေ ရ မိ အား ဖြင့်၊ ထို သူ တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး တော် မူ သ မျှ ဗျာ ဒိတ် တော် ချက် တည်း ဟူ သော၊ အ ထက် စကား များ ကို၊ လူ ပ ရိ သတ် အား၊ အ ကုန် အ စင် ဆင့် ဆို သည့် အ ဆုံး ၌၊
ထိုလူများတို့၏ဘုရားသခင် ထာဝရဘုရားသည် ယေရမိအားဖြင့် မှာတော်မူသမျှသော အမိန့်တော်တို့ကို၊ ယေရမိသည် လူအပေါင်းတို့အား အကုန်အစင်ကြားပြောသည်ရှိသော်၊
သူတို့၏ဘုရားသခင်ထာဝရဘုရားက ယေရမိကိုစေလွှတ်၍ဆင့်ဆိုစေသော သူတို့၏ဘုရားသခင်ထာဝရဘုရား၏စကားအလုံးစုံကို လူအပေါင်းတို့အား ယေရမိဆင့်ဆိုပြီးသောအခါ
ထိုအခါလောတသည် မိမိ၏သမက်လောင်းများထံသို့သွား၍``ဤအရပ်မှအမြန်ထွက်ကြလော့။ ထာဝရဘုရားသည်ဤမြို့ကိုဖျက်ဆီးတော်မူမည်'' ဟုတိုက်တွန်းလေ၏။ သို့ရာတွင်သမက်လောင်းတို့သည် လောတကျီစားပြောနေသည်ဟုထင်မှတ်ကြလေသည်။
မောရှေသည်ဣသရေလအမျိုးသားတို့ထံသို့ ပြန်လာ၍၊ ထာဝရဘုရားပညတ်သမျှနှင့် စီရင်တော်မူချက်အလုံးစုံတို့ကိုပြောကြား လေ၏။ လူအပေါင်းတို့က``အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း လိုက်နာဆောင်ရွက်ပါမည်'' ဟုတညီတညွတ် တည်းဆိုကြ၏။-
သင်သည်ရဲဝံ့စွာသွား၍ထိုသူတို့အား ငါမိန့် မှာတော်မူသမျှကိုပြောကြားလော့။ သူတို့ ကိုမကြောက်နှင့်။ အကယ်၍သင်သည်သူတို့ ကိုကြောက်လျက်နေပါမူ ငါသည်သင့်အား သူတို့ရှေ့တွင်ပို၍ပင်ကြောက်လန့်လာစေ လိမ့်မည်။
သို့ရာတွင် ထာဝရဘုရားက``သင်သည် အသက်အရွယ်ငယ်လွန်းသည်ဟုမဆိုနှင့်။ ငါစေလွှတ်သည့်သူထံသို့သင်သွား၍ ငါ မိန့်မှာတော်မူသမျှကိုပြန်ကြားလော့။-
ဤသို့မိန့်တော်မူ၏။ ``ဗိမာန်တော်တံတိုင်း အတွင်း၌ရပ်ပြီးလျှင် ထိုအရပ်သို့ယုဒ မြို့များမှထာဝရဘုရား၏အိမ်တော်တွင် ဝတ်ပြုကိုးကွယ်ရန်လာရောက်ကြသောလူတို့ အား ငါမိန့်မှာသမျှသောစကားတို့ကိုပြော ကြားလော့။ တစ်ခွန်းတစ်လေကိုမျှချန်မ ထားနှင့်။-
မိမိအားထာဝရဘုရားမိန့်မှာတော်မူသမျှ ကိုငါပြန်ကြားပြောဆိုပြီးသည်နှင့်တစ်ပြိုင် နက်သူ၏ပုရောဟိတ်များ၊ ပရောဖက်များ နှင့်ပြည်သူတို့သည်ငါ့အားဆွဲကိုင်ဖမ်းဆီး ကာ``သင်သည်ဤစကားတို့ကိုပြောဆိုသည့် အတွက်သေဒဏ်ခံထိုက်၏။-
ယခုသင်တို့အားငါပြန်လည်ပြောကြား ပြီးလေပြီ။ သို့ရာတွင်သင်တို့သည်မိမိတို့ ဘုရားသခင်ထာဝရဘုရားက ငါ့အား စေလွှတ်၍ပြောကြားစေသမျှသောအမိန့် တော်တို့ကိုဖီဆန်ခဲ့ကြ၏။-
ထို့ကြောင့်သင်တို့သည်စစ်ဘေး၊ သို့မဟုတ် ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ သို့မဟုတ်အနာ ရောဂါဘေးသင့်၍မိမိတို့သွားရောက်နေထိုင် လိုသောပြည်တွင်သေရကြလိမ့်မည်'' ဟု ပြန်ကြားပြောဆို၏။
ထာဝရဘုရား၏လူမျိုးတော်သည် ကိုယ်တော်အကြောင်းကိုမဟုတ်မမှန်ပြောဆိုကြလေပြီ။ သူတို့က``ကိုယ်တော်သည်အဘယ်သို့မျှအရေးယူတော်မူလိမ့်မည်မဟုတ်။ ငါတို့သည်လည်းဆင်းရဲဒုက္ခခံရကြလိမ့်မည်မဟုတ်။ စစ်မက်အန္တရာယ်ကိုသော်လည်းကောင်း၊ ငတ်မွတ်ခြင်းဘေးကိုသော်လည်းကောင်းကြုံတွေ့ရလိမ့်မည်မဟုတ်'' ဟုဆိုကြ၏။-
စရာယ၊ သင်သည်ဤစာစောင်ကိုပြည်သူ တို့အားဖတ်ပြပြီးသောအခါ ကျောက်ခဲ တစ်လုံးတွင်ကြိုးနှင့်ချည်၍ဥဖရတ်မြစ် ထဲသို့ပစ်ချလော့။-
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
အဘယ်ကြောင့်ဆိုသော်ငါသည်ဘုရားသခင် ၏အကြံအစည်တော်ကို သင်တို့အားအကုန် အစင်ဖော်ပြပြီးသောကြောင့်ဖြစ်၏။-
``သင်တို့သည်ဗိမာန်တော်သို့သွား၍ လူတို့ အားဘဝသစ်အကြောင်းအလုံးစုံကို ဟောပြောကြလော့'' ဟုဆို၏။-
ရှမွေလသည်ဘုရင်ခန့်ပေးရန် မိမိထံ တောင်းဆိုသူတို့အား ထာဝရဘုရားမိန့် တော်မူသမျှတို့ကိုပြန်ကြားလေ၏။-