ဧလိယက``ဗာလပရောဖက်တို့ကိုဖမ်းဆီးကြ လော့။ တစ်ယောက်မျှထွက်မပြေးစေကြနှင့်'' ဟု အမိန့်ပေး၏။ လူတို့သည်ပရောဖက်အားလုံးကို ဖမ်းဆီး၍ပေးသဖြင့် ဧလိယသည်သူတို့အား ကိရှုန်ချောင်းသို့ထုတ်သွားပြီးလျှင်ကွပ်မျက် လေ၏။
ယေဇကျေလ 9:5 - Common Language Bible ထိုနောက်ဘုရားသခင်ကအခြားသူတို့ အား``ထိုသူ၏နောက်သို့လိုက်၍မြို့တွင်း တစ်လျှောက်တွင်သတ်ဖြတ်ကြလော့။ မည်သူ့ ကိုမျှချမ်းသာမပေးနှင့်။ မည်သူ့ကိုမျှ မသနားမညှာတာနှင့်။- Garrad Bible အ ခြား သူ တို့ အား လည်း၊ ထို သူ့ နောက် လိုက် လျက် မြို့ အ တွင်း လျှောက် သွား၍၊ သ နား ကင်း လျက် မျက် စောင်း နှင့် မ ညာ တာ ဘဲ၊ ကွပ် မျက် ကြ လော့။ Judson Bible အခြားသော သူတို့အားလည်း၊ ထိုသူနောက် မြို့ထဲ၌လျှောက်သွား၍ ဒဏ်ခတ်ကြလော့။ နှမြောစုံမက်ခြင်း မရှိကြနှင့်။ မြန်မာ့စံမီသမ္မာကျမ်း အခြားသူတို့ကိုလည်း “သူ့နောက်သို့လိုက်၍ မြို့လယ်ခေါင်မှ လူတို့ကိုသတ်လော့။ သူတို့ကို လုံးဝမသနားနှင့်၊ မညှာတာနှင့်။ |
ဧလိယက``ဗာလပရောဖက်တို့ကိုဖမ်းဆီးကြ လော့။ တစ်ယောက်မျှထွက်မပြေးစေကြနှင့်'' ဟု အမိန့်ပေး၏။ လူတို့သည်ပရောဖက်အားလုံးကို ဖမ်းဆီး၍ပေးသဖြင့် ဧလိယသည်သူတို့အား ကိရှုန်ချောင်းသို့ထုတ်သွားပြီးလျှင်ကွပ်မျက် လေ၏။
မောရှေကသူတို့အား``ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားက`သင်တို့ တစ်ယောက်စီဋ္ဌားကိုကိုင်စွဲ၍၊ စခန်းတစ်ဘက် မှတစ်ဘက်သို့နေရာအနှံ့အပြားသွားပြီး လျှင်၊ သင်တို့၏ညီအစ်ကို၊ အဆွေခင်ပွန်း၊ အိမ်နီး ချင်းတို့ကိုသတ်လော့' ဟုမိန့်တော်မူသည်'' ဟု ဆင့်ဆိုလေ၏။-
မိမိတို့၏လေးမြားများဖြင့်လူငယ်လူရွယ် တို့ကို ပစ်ခတ်သတ်ကြလိမ့်မည်။ သူတို့သည် နို့စို့သူငယ်များအားကရုဏာပြလိမ့်မည် မဟုတ်။ ကလေးသူငယ်တို့ကိုလည်းသနား လိမ့်မည်မဟုတ်။-
အနန္တတန်ခိုးရှင်ထာဝရဘုရားကိုယ်တော် တိုင်ပင်ငါ့အား``ထိုသူတို့သည်ဤမကောင်း မှုအတွက်မိမိအသက်ရှင်သမျှကာလ ပတ်လုံး အဘယ်အခါ၌မျှအပြစ်ဖြေလွှတ် ရကြလိမ့်မည်မဟုတ်။ ဤကားအနန္တတန်ခိုး ရှင်ငါထာဝရဘုရားမြွက်ဟသည့်စကား ပင်ဖြစ်၏'' ဟုမိန့်တော်မူပါ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဤကြီး ကျယ်လှပသည့်အိမ်များသည်လူသူမရှိ သည့်အိမ်ပျက်များဖြစ်ရကြလိမ့်မည်။-
သေမင်းသည်ငါတို့၏ပြူတင်းပေါက်အားဖြင့် ငါတို့ဘုံဗိမာန်များသို့ဝင်ရောက်လာလေပြီ။ သူသည်လမ်းများပေါ်ရှိကလေးသူငယ် တို့နှင့်၊ စျေးရပ်ကွက်များရှိလူငယ်လူရွယ်တို့ကို သတ်ဖြတ်လေပြီ။
ဤကားထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ ငါအရေးယူဆောင်ရွက်ရမည့် အချိန်ကျပြီ။ ငါသည်သင်၏အပြစ်များ ကိုလျစ်လူရှုလိမ့်မည်မဟုတ်။ သနားကြင် နာမည်မဟုတ်။ ကရုဏာထားမည်မဟုတ်။ သင်ပြုခဲ့သည့်အမှုအတွက်အပြစ်ဒဏ် ခံရမည်'' ဟူ၍တည်း။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
ဤဗျာဒိတ်ရူပါရုံသည်ယေရုရှလင်မြို့ ကိုဖျက်ဆီးတော်မူရန်ထာဝရဘုရား ကြွလာတော်မူချိန်၌ငါမြင်ခဲ့ရသော ဗျာဒိတ်ရူပါရုံနှင့်ခေဗာမြစ်အနီး၌ ငါမြင်ခဲ့ရသောဗျာဒိတ်ရူပါရုံတို့နှင့် တူ၏။ သို့ဖြစ်၍ငါသည်မြေပေါ်သို့ဝမ်း လျားမှောက်လှဲချပျပ်ဝပ်၏။-
အရှင်ထာဝရဘုရားမိန့်တော်မူသည် မှာ``သင်တို့သည်ဆိုးညစ်စက်ဆုပ်ဖွယ်သော အမှုအပေါင်းကိုပြုလျက် ဗိမာန်တော်ကို ညစ်ညမ်းစေသဖြင့် ငါသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ သင်တို့အားသနားညှာတာမှုမရှိဘဲ သုတ်သင်ပစ်မည်။-
ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်၊ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက် ငါသည်သင့်ကိုဒဏ်ပေးမည်။ သို့မှသာ လျှင်ငါသည်ထာဝရဘုရားဖြစ်ကြောင်းသင် သိရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။
ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက်သင့်ကိုဒဏ်ပေးမည်။ သို့မှသာလျှင် ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ သင့်အားဒဏ်ပေးသူသည်ငါပင်ဖြစ် ကြောင်းကိုလည်းကောင်းသင်သိလိမ့်မည်'' ဟူ၍ဖြစ်၏။
သူတို့သည်သစ်ခက်ကိုနှာခေါင်းတွင်ကပ်လျက် ငါ့အားစော်ကားကြပုံကိုကြည့်လော့။ ငါ၏အမျက်ဒဏ်ကိုသူတို့သည်အပြည့်အဝခံရကြလိမ့်မည်။ ငါသည်သူတို့အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မဟုတ်။ သူတို့သည်ငါ့ထံသို့အစွမ်းကုန်အော်ဟစ်၍ဆုတောင်းပတ္ထနာပြုကြမည်ဖြစ်သော်လည်း ငါသည်နားညောင်းလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်ငါသည်သူတို့ကိုသနားမည် မဟုတ်။ ချမ်းသာပေးလိမ့်မည်မဟုတ်။ ထိုသူ တို့သူတစ်ပါးအားပြုကြသည်အတိုင်း သူတို့အားငါပြုမည်'' ဟုမိန့်တော်မူ၏။
``သင်သည်ယေရုရှလင်မြို့တစ်လျှောက်လုံး တွင်လှည့်လည်ကာ ယခုလူတို့ပြုကျင့်လျက် ရှိသောစက်ဆုပ်ဖွယ်ရာအမှုများကြောင့် ညည်းတွားမြည်တမ်းနေသူမှန်သမျှ၏ နဖူးတွင် အမှတ်သညာကိုရေးမှတ်လော့'' ဟုမိန့်တော်မူ၏။
အသက်ကြီးသူများ၊ ပျိုရွယ်သူယောကျာ်း မိန်းမများ၊ ကလေးအမေများနှင့်ကလေး များကိုသတ်ကြလော့။ သို့ရာတွင်နဖူး တွင်အမှတ်သညာရှိသူတစ်စုံတစ်ယောက် ကိုမျှမထိနှင့်။ ငါ၏ဗိမာန်တော်မှအစ ပြု၍ဆောင်ရွက်လော့'' ဟုမိန့်တော်မူသည် ကိုငါကြားရ၏။ သို့ဖြစ်၍ထိုသူတို့သည် ဗိမာန်တော်တွင်ရပ်လျက်နေသော ဣသရေလ အမျိုးသားအသက်ကြီးသူများကိုဦး စွာသတ်ကြ၏။