ယေဇကျေလ 45:9 - Common Language Bible အရှင်ထာဝရဘုရားက``အချင်းဣသရေလ မင်းသားတို့၊ သင်တို့အပြစ်ကူးလွန်လျက် နေသည်မှာကြာလေပြီ။ သင်တို့၏အကြမ်း ဖက်မှုနှင့်နှိပ်စက်ကလူပြုမှုတို့ကိုရပ်စဲ ကြလော့။ မှန်ရာတရားမျှတရာတို့ကိုပြု ကျင့်ကြလော့။ သင်တို့သည်ငါ၏လူမျိုးတော် အားတိုင်းပြည်မှနောက်ထပ်ဘယ်အခါ၌မျှ မနှင်မထုတ်ရကြ။ ဤကားသင်တို့အား ငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ Garrad Bible တစ် ဖန် တုံ၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ အို ဣ သ ရေ လ ပြည့် ရှင် မင်း တို့၊ များ လွန်း ပြီး သော ကြမ်း ကြုတ် မှု နှင့် အ ဓ မ္မ မှု ကို ပယ် လျက်၊ တ ရား သ ဖြင့် စီ ရင် ဆုံး ဖြတ်၍၊ ငါ့ လူ မျိုး တော် အား နှင် ထုတ် သိမ်း ပိုက် မှု ဖြတ် ကြ လော့။ Judson Bible အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဣသရေလမင်းသားတို့၊ ရောင့်ရဲသောစိတ်ရှိကြလော့။ အနိုင်အထက်ပြုခြင်း၊ လုယူခြင်းအမှုတို့ကို ပယ်ရှား၍၊ တရားသောအမှု ဟုတ်မှန်သောအမှုတို့ကို ပြုကြလော့။ နောက်တစ်ဖန် ငါ၏လူတို့ကို မညှဉ်းဆဲမနှိပ်စက်ကြနှင့်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ‘အို အစ္စရေးမင်းသားတို့၊ တော်သင့်ပြီ။ ရက်စက်ကြမ်းကြုတ်ခြင်း၊ ဖိနှိပ်ညှဉ်းဆဲခြင်းအမှုတို့ကိုရှောင်၍ တရားမျှတစွာ၊ ဖြောင့်မတ်စွာ ပြုကျင့်ကြလော့။ ငါ့လူမျိုးတို့ထံမှ လုယူသိမ်းပိုက်ခြင်းအမှုကို ရပ်တန်းကရပ်ကြလော့’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။ |
သုစရိုက်ကိုပြုကြလော့။ ဖိနှိပ်ချုပ်ချယ်ခြင်းခံရသူတို့ကိုကူမ၍မိဘမဲ့သူများနှင့်မုဆိုးမတို့၏ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးမှုရှိအောင်ပြုကြလော့'' ဟုမိန့်တော်မူပါ၏။
`ငါထာဝရဘုရားသည်သင်တို့ကိုဖြောင့် မတ်မှန်ကန်သည့်အမှုများကိုပြုကျင့်ကြ ရန်မှာကြား၏။ သင်တို့သည်အလိမ်ခံရသူ အားလိမ်လည်သူ၏ဘေးမှကာကွယ်စောင့် ရှောက်ကြလော့။ လူမျိုးခြားများ၊ မိဘမဲ့ သူများ၊ သို့မဟုတ်မုဆိုးမများအားမ တရားသည့်အမှုကိုလည်းကောင်း၊ ညှင်းပန်း နှိပ်စက်မှုကိုလည်းကောင်းမပြုကြနှင့်။ ဤသန့်ရှင်းရာဌာနတော်တွင်အပြစ်မဲ့ သူတို့ကိုမသတ်ကြနှင့်။-
စမ်းရေတွင်းမှရေသည်အစဉ်စီးထွက်လျက် ရှိသကဲ့သို့ယေရုရှလင်မြို့မှမကောင်းမှု များသည်အစဉ်ယိုစီးလျက်နေ၏။ မြို့ထဲ ၌အကြမ်းဖက်မှု၊ လုယက်ဖျက်ဆီးမှုတို့ ကိုငါကြားရ၍ဖျားနာမှုနှင့်ဒဏ်ရာ ဒဏ်ချက်များကိုငါမြင်ရ၏။-
``ပုန်ကန်တတ်သောဣသရေလအမျိုးသား တို့အား မိမိတို့ပြုကျင့်လျက်ရှိသည့်စက် ဆုပ်ရွံရှာဖွယ်အမှုတို့ကိုငါအရှင်ထာဝရ ဘုရားသည်ဆက်လက်သည်းခံလျက်နေတော့ မည်မဟုတ်ကြောင်းဆင့်ဆိုလော့။-
အကြမ်းဖက်မှုသည်ယုတ်မာမှုကိုတိုးပွား စေလိမ့်မည်။ သူတို့နှင့်ဆိုင်သမျှကျန်ရှိလိမ့် မည်မဟုတ်။ သူတို့၏စီးပွားချမ်းသာဂုဏ် အသရေတို့သည်ကျန်ရှိလိမ့်မည်မဟုတ်။
``ပြည်တွင်း၌လူသတ်မှုများဖြင့်လည်း ကောင်း၊ မြို့များ၌အကြမ်းဖက်မှုများဖြင့် လည်းကောင်းပြည့်နှက်လျက်ရှိသဖြင့် နေရာ တကာတွင်ဗရုတ်သုတ်ခဖြစ်၍နေ၏။-
ထာဝရဘုရားကငါ့အား``အချင်းလူသား၊ ထိုအချင်းအရာကိုသင်မြင်သလော။ ဤယုဒအမျိုးသားတို့သည်သင်မြင်ခဲ့ရသမျှသောစက်ဆုပ်ဖွယ်ရာအမှုများကိုပြုရသည်မှာအသေးအဖွဲသာဖြစ်၍ သူတို့သည်တိုင်းပြည်တစ်ခုလုံးကိုအကြမ်းဖက်မှုများဖြင့်ပြည့်နှက်စေလေပြီ။ ထိုမျှမကဗိမာန်တော်သို့လာရောက်၍ဤအမှုများကိုပြုရခြင်းအားဖြင့် သူတို့သည်ငါ့အားပို၍ပင်အမျက်ထွက်စေ၏။-
အဆိုးကိုမုန်း၍အကောင်းကိုမြတ်နိုး လော့။ ရုံးတော်များ၌တရားမျှတမှုရှိ စေရန်စောင့်ရှောက်ကြလော့။ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရားသခင်သည် ယောသပ်အမျိုးသားအနက်အသက်ရှင် လျက်ကျန်ရစ်သူအချို့ကို သနားကောင်း သနားတော်မူလိမ့်မည်။
တရားမျှတရေးသည်စမ်းရေကဲ့သို့လည်း ကောင်း၊ ဖြောင့်မတ်ခြင်းသည်မခန်းနိုင်သော မြစ်ကဲ့သို့လည်းကောင်းစီးပါလေစေ။
သင်တို့သည်ငါ၏လူမျိုးတော်တို့၏အမျိုး သမီးများကိုသူတို့မြတ်နိုးသောနေအိမ် များမှနှင်ထုတ်ကြ၍ သူတို့သားသမီးများ အနာဂတ်ကောင်းစားရေးမျှော်လင့်ချက် ဖြစ်သည့် ထာဝရဘုရား၏ကောင်းချီး မင်္ဂလာကိုပျက်ပြားစေကြ၏။-
ဆိုးသွမ်းသောသူတို့၏အိမ်များတွင်မတ ရားသဖြင့် ရရှိထားသောဥစ္စာပစ္စည်းများ ရှိ၏။ သူတို့သည်မမှန်ကန်သည့်အခြင် အတွယ်တို့ကိုသုံးကြ၏။ ထိုမမှန်ကန် သည့်အခြင်အတွယ်တို့ကိုငါရွံရှာ၏။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ရှေး အခါ၌ငါသည်မိမိ၏လူမျိုးတော်အား`သင် တို့သည်တရားမျှတစွာပြုကျင့်ကြလျက်၊ တစ်ဦးအပေါ်တစ်ဦးသနားကရုဏာ ထားရကြမည်။-
သင်တို့ပြုကျင့်သင့်သည့်အမှုများမှာ အချင်းချင်းဟုတ်မှန်ရာကိုပြောဆိုရန် ငြိမ်းချမ်းသာယာရေးအတွက်ဖြောင့်မှန် စွာတရားစီရင်ကြရန်ပင်ဖြစ်ပေသည်။-
စစ်သားများကလည်း ``အကျွန်ုပ်တို့သည်အဘယ် သို့ပြုရပါမည်နည်း'' ဟုမေးလျှောက်ကြ၏။ ယောဟန်က ``သင်တို့သည်အဘယ်သူကိုမျှ မတရားမစွပ်မစွဲကြနှင့်။ အဘယ်သူ့ထံမှ ငွေကိုအဋ္ဌမ္မမတောင်းကြနှင့်။ သင်တို့ရသော လစာဖြင့်ရောင့်ရဲကြလော့'' ဟုပြန်ပြော၏။
လွန်ခဲ့သည့်ကာလကသင်တို့သည်မယုံ ကြည်သူများပြုကျင့်သကဲ့သို့အတန်ကြာ စွာပြုမူကျင့်ကြံခဲ့ကြ၏။ မပြုသင့်မပြု ထိုက်သည်ကိုပြုမူခြင်း၊ ကာမဂုဏ်လိုက်စား ခြင်း၊ သေသောက်ကြူးခြင်း၊ ပျော်ရွှင်မြူးတူးခြင်း၊ သေသောက်ပွဲများကျင်းပခြင်းနှင့်လွန်စွာ မနှစ်မြို့အပ်သည့်ရုပ်တုကိုးကွယ်ခြင်း တို့တွင်ပါဝင်ခဲ့ကြ၏။-