ယေရမိ 6:7 - Common Language Bible7 စမ်းရေတွင်းမှရေသည်အစဉ်စီးထွက်လျက် ရှိသကဲ့သို့ယေရုရှလင်မြို့မှမကောင်းမှု များသည်အစဉ်ယိုစီးလျက်နေ၏။ မြို့ထဲ ၌အကြမ်းဖက်မှု၊ လုယက်ဖျက်ဆီးမှုတို့ ကိုငါကြားရ၍ဖျားနာမှုနှင့်ဒဏ်ရာ ဒဏ်ချက်များကိုငါမြင်ရ၏။- အခန်းကိုကြည့်ပါ။Garrad Bible7 တွင်း ၌ ရေ စိမ့် ထွက် သည့် နည်း တူ၊ ထို မြို့၌ ဆိုး သွမ်း ခြင်း စိမ့် ထွက် ၏။ ကြမ်း ကြုတ် မှု၊ အ ဓ မ္မ မှု သ တင်း ကို ကြား ရ လျက်၊ ရိုက် နှက် နာ၊ ထိုး ခုတ် နာ ကို ငါ အ စဉ် ရှု မြင် ရ ၏။ အခန်းကိုကြည့်ပါ။Judson Bible7 စမ်းရေပေါက်ဝမှ ရေသည် စီးထွက်သကဲ့သို့၊ ထိုမြို့သည် ဒုစရိုက်ကို ထွက်စေတတ်၏။ မြို့ထဲ၌ လုယူဖျက်ဆီးခြင်းအသံကို ကြားရ၏။ အနာများနှင့် ဒဏ်ချက်ရာများကို အစဉ်ငါမြင်ရ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ရေတွင်းမှရေထွက်လာသကဲ့သို့ ထိုမြို့ထဲမှမကောင်းမှုထွက်လာ၏။ မြို့ထဲ၌ ရက်စက်ကြမ်းကြုတ်ခြင်း၊ ဖျက်ဆီးခြင်းသတင်းကို ကြားရ၏။ ရောဂါဝေဒနာ၊ ထိခိုက်ဒဏ်ရာသည် ငါ့ရှေ့၌ အစဉ်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုးသည်ဟောပြောသည့်အခါတိုင်း အော်ဟစ်၍``အကြမ်းဖက်မှု၊ပျက်စီးမှု'' ဟူ၍ ကြွေးကြော်ရပါ၏။ အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်ကိုယ် တော်ရှင်၏ ဗျာဒိတ်တော်ကို၊ပြန်ကြားသဖြင့် ကဲ့ရဲ့ခြင်းကိုလည်းကောင်း၊ သရော်စော်ကားပြုခြင်းကိုလည်းကောင်း အစဉ်မပြတ်ခံရပါ၏။
သင်တို့မြင်ရသောဗျာဒိတ်ရူပါရုံများသည် အတုဖြစ်၍ သင်တို့အားကြိုတင်ဟောပြော ချက်များသည်လည်းလိမ်လည်ဟောပြောမှု များသာဖြစ်၏။ သင်တို့အပြီးသတ်အပြစ် ဒဏ်ခံရမည့်နေ့ရက်သည်နီးကပ်လာလေ ပြီ။ ဋ္ဌားတော်သည်ယုတ်မာဆိုးညစ်သူတို့ ၏ဇက်ပေါ်သို့သတ်ဖြတ်ရန်ကျရောက်အံ့။
အရှင်ထာဝရဘုရားက``အချင်းဣသရေလ မင်းသားတို့၊ သင်တို့အပြစ်ကူးလွန်လျက် နေသည်မှာကြာလေပြီ။ သင်တို့၏အကြမ်း ဖက်မှုနှင့်နှိပ်စက်ကလူပြုမှုတို့ကိုရပ်စဲ ကြလော့။ မှန်ရာတရားမျှတရာတို့ကိုပြု ကျင့်ကြလော့။ သင်တို့သည်ငါ၏လူမျိုးတော် အားတိုင်းပြည်မှနောက်ထပ်ဘယ်အခါ၌မျှ မနှင်မထုတ်ရကြ။ ဤကားသင်တို့အား ငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။