ယေဇကျေလ 41:2 - Common Language Bible အနံတစ်ဆယ့်ခုနစ်ပေရှိ၏။ ယင်း၏ဝဲယာ နံရံများသည်ထုရှစ်ပေစီရှိ၏။ အလယ် ခန်းကိုတိုင်းတာကြည့်သောအခါအလျား ခြောက်ဆယ့်ရှစ်ပေ၊ အနံသုံးဆယ့်လေးပေ ရှိသည်ကိုတွေ့ရ၏။ Judson Bible ဗိမာန်တော်တံခါးဝအကျယ်ကား ဆယ်တောင်ရှိ၏။ တံခါးဝတစ်ဖက်နှင့် တစ်ဖက်လည်း ငါးတောင်စီကျယ်၏။ ဗိမာန်တော်ကိုတိုင်း၍၊ အလျားကား အတောင်လေးဆယ်၊ အနံကား အတောင်နှစ်ဆယ်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း တံခါးပေါက်မှာ အတောင်တစ်ဆယ်ကျယ်၏။ တစ်ဖက်တစ်ချက်ရှိတံခါးတိုင်၏ထုမှာ ငါးတောင်စီရှိ၏။ ဗိမာန်တော်အပြင်ခန်းကိုတိုင်းရာ အလျားအတောင်လေးဆယ်၊ အနံအတောင်နှစ်ဆယ်ရှိ၏။ |
ထိုဗိမာန်တော်၏အတွင်းမှာအလျားပေ ကိုးဆယ်၊ အနံပေသုံးဆယ်၊ အမြင့်လေး ဆယ့်ငါးပေရှိ၏။-
သူတို့သည်ဗိမာန်တော်တံခါးများကို ပိတ်ထားပြီးလျှင် မီးခွက်များတွင်မီးငြိမ်း စေကာဣသရေလအမျိုးသားတို့ ဘုရားသခင်၏ဗိမာန်တော်၌နံ့သာပေါင်းကို မီးရှို့ပူဇော်မှုမပြုကြ။ မီးရှို့ရာပူဇော် သကာများကိုလည်းမဆက်သကြ။-
ရှောလမုန်မင်းတည်ဆောက်တော်မူသည့်ဗိမာန် တော်သည်အလျားပေကိုးဆယ်၊ အနံပေ သုံးဆယ်ရှိ၏။-
သူသည်ဗိမာန်တော်နံရံများ၊ ထုပ်များ၊ အဝင် လမ်းနှင့်တံခါးများကိုမွမ်းမံရန်အတွက်ရွှေ ကိုအသုံးပြုတော်မူသည်။ နံရံများအပေါ် တွင်လက်မှုပညာသည်တို့သည်ခေရုဗိမ် ရုပ်များကိုထွင်းထားကြ၏။-
``တဲတော်အဝင်ဝ၌ကာရန်အတွက်သိုးမွေး အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်ချည်ချော ဖြင့်ရက်၍ ပန်းအလှဖော်ထားသောကန့်လန့်ကာ တစ်ခုကိုလည်းပြုလုပ်ရမည်။-
တဲတော်တံခါးဝအတွက်ကန့်လန့်ကာကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့ဖြင့်ရက်လုပ်၍၊ ပန်းပေါက်ဖော် ထားသည်။-
ထိုလူသည်ငါ့အားဗိမာန်တော်အဝင်တံခါး ဝသို့ခေါ်ဆောင်သွား၏။ တံခါးခုံအောက်မှ ရေသည်ယဇ်ပလ္လင်၏တောင်ဘက်ကိုဖြတ်ကာ ဗိမာန်တော်မျက်နှာမူရာအရှေ့ဘက်သို့ စီးဆင်းလျက်နေ၏။-
ထို့ကြောင့်တစ်ဖန်သခင်ယေရှုက ``အမှန်အကန် သင်တို့အားငါဆိုသည်ကား ငါသည်သိုးတို့ဝင် သောတံခါးပေါက်ဖြစ်၏။-
ငါသည်တံခါးပေါက်ဖြစ်၏။ ထိုတံခါးပေါက် ဖြင့်ဝင်သူသည် ဘေးနှင့်ကင်းလွတ်၍ဝင်ထွက် သွားလာလျက်ကျက်စားရာကိုတွေ့ရလိမ့်မည်။-