အကျွန်ုပ်တို့၏ဘိုးဘေးများ၊ ဘုရင်များ၊ ခေါင်းဆောင်များနှင့် ယဇ်ပုရောဟိတ်များသည်ကိုယ်တော်၏ ပညတ်တရားတော်ကိုမစောင့်ထိန်းခဲ့ကြပါ။ သူတို့သည်ကိုယ်တော်၏အမိန့်တော်များ၊ သတိပေးတော်မူချက်များကို နားမထောင်ကြပါ။
ယေဇကျေလ 22:6 - Common Language Bible သင့်အထဲရှိဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့သည် မိမိတို့၏စွမ်းရည် ကိုအားကိုး၍လူသတ်မှုများကိုကူးလွန် ကြ၏။- Garrad Bible သင့် အ တွင်း တွင် ဣ သ ရေ လ မင်း တိုင်း၊ အ နိုင့် အ ထက် သွေး သွန်း မှု ပြု လျက်၊ Judson Bible ဣသရေလမင်းသားတို့သည် အသီးအသီး အခွင့်တန်ခိုးရှိသည်အတိုင်း၊ သင့်အလယ်၌ လူအသက်ကို သတ်တတ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ အာဏာသုံးပြီး လူသတ်သော အစ္စရေးခေါင်းဆောင်များ သင့်တွင်ရှိ၏။ |
အကျွန်ုပ်တို့၏ဘိုးဘေးများ၊ ဘုရင်များ၊ ခေါင်းဆောင်များနှင့် ယဇ်ပုရောဟိတ်များသည်ကိုယ်တော်၏ ပညတ်တရားတော်ကိုမစောင့်ထိန်းခဲ့ကြပါ။ သူတို့သည်ကိုယ်တော်၏အမိန့်တော်များ၊ သတိပေးတော်မူချက်များကို နားမထောင်ကြပါ။
ဆင်းရဲသောသူတို့ကို မြေကြီးပေါ်က၎င်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲက၎င်း၊ ကိုက်စားပယ်ရှင်း စရာဘို့ သန်လျက်နှင့်တူသောသွား၊ ထားနှင့်တူသော အံနှင့် ပြည့်စုံသော လူတမျိုးရှိ၏။
သင်၏ခေါင်းဆောင်တို့သည်လည်းသူပုန်များ၊ သူခိုးလက်ခံများဖြစ်ကြ၏။ သူတို့သည်အစဉ်ပင်တံစိုးလက်ဆောင်များကိုလက်ခံလျက်နေကြသော်လည်း တရားရုံးတော်တွင်မိဘမဲ့သူတို့အားကာကွယ်စောင့်ရှောက်မှုကိုမပြုကြ။ မုဆိုးမတို့၏အမှုအခင်းများကိုလည်းကြားနာစစ်ဆေး၍မပေးကြ။
``သို့ရာတွင်သင်မူကားတစ်ကိုယ်ကောင်းစိတ်နှင့် မိမိအကျိုးရှိမှုကိုသာလျှင်စိတ်ဝင်စား၏။ အပြစ်မဲ့သူတို့ကိုသတ်ဖြတ်၍မိမိ၏ အမျိုးသား တို့အားပြင်းပြင်းထန်ထန်နှိပ်စက်ညှင်းပန်း၏။''
ဣသရေလပြည်သားများနှင့်ယုဒပြည် သားများ၊ သူတို့၏ဘုရင်များနှင့်မှူးမတ် များ၊ ယဇ်ပုရောဟိတ်များနှင့်ပရောဖက် များ၊ ယုဒပြည်နှင့်ယေရုရှလင်မြို့တွင် နေထိုင်ကြသူတို့ပြုကျင့်သည့်မကောင်းမှု များအတွက် ငါသည်ဤမြို့ကိုပျက်သုဉ်း စေရန်စိတ်ပိုင်းဖြတ်ထားလေပြီ။-
ငါသည်တန်ခိုးအာဏာရှိသူတို့ထံသွား၍သူတို့အားပြောဆိုမည်။ သူတို့သည်အမှန်ပင်ထာဝရဘုရား၏အလိုတော်ကိုသိရှိကြရာ၏။ ဘုရားသခင်ပြဋ္ဌာန်းတော်မူသည့် စည်းမျဉ်းဥပဒေသတော်တို့ကိုသိရှိကြရာ၏'' ဟုတွေးတောမိ၏။ သို့ရာတွင်သူတို့အားလုံးပင်ထာဝရဘုရား၏ထမ်းပိုးကိုချိုးလျက် နှောင်ကြိုးများကိုလည်းဖြတ်ကြလေပြီ။
အချင်းလူသား၊ဝမ်းနည်း၍အော်ဟစ်ငို ကြွေးလော့။ ဤဋ္ဌားသည်ငါ၏လူမျိုးတော်အတွက် ဣသရေလအမျိုးသားခေါင်းဆောင်အပေါင်းတို့ အတွက်ဖြစ်၏။ သူတို့သည်ကျန်ရှိနေသူငါ၏လူမျိုးတော်ဝင် အပေါင်းနှင့်အတူအသတ်ခံရကြအံ့။ စိတ်ပျက်လက်လျော့လျက်သင်၏ရင်ကိုတီး ခတ်လော့။
အစိုးရအရာရှိများသည်သားကောင် များကို ကိုက်သတ်ဆွဲဖြတ်လျက်နေသည့် ဝံပုလွေများနှင့်တူကြ၏။ သူတို့သည် မိမိတို့ကြွယ်ဝချမ်းသာရေးအတွက် အသက်ကိုသတ်၍လူသတ်မှုကူးလွန် ကြ၏။-
ငါအရှင်ထာဝရဘုရားသည်ထိုမြို့အား အဘယ်သို့မိန့်တော်မူသည်ကိုဤသို့ဆင့် ဆိုလော့။ သင်သည်မိမိ၏လူတို့ကိုအမြောက် အမြားသတ်ခဲ့ပြီးရုပ်တုများကိုဝတ်ပြု ရှိခိုးခြင်းအားဖြင့် မိမိကိုယ်ကိုညစ်ညမ်း စေခဲ့သဖြင့်သင်၏နေ့ရက်ကာလသည် ကျရောက်လာလေပြီ။-
ဤနယ်မြေသည်နန်းစံနေဆဲဖြစ်သောမင်း သား၏ဝေစုဖြစ်စေရမည်။ သို့မှသာလျှင် သူသည်ပြည်သူတို့အားနှိပ်စက်ကလူမပြု တော့ဘဲဣသရေလအနွယ်အသီးသီးတို့ အားကြွင်းကျန်သည့်မြေယာများကိုပိုင် ဆိုင်ခွင့်ပေးလိမ့်မည်။
အို အရှင်ဘုရားအကျွန်ုပ်တို့၏ဘုရင်များ၊ မင်းညီမင်းသားများနှင့်ဘိုးဘေးများသည် ရှက်ကြောက်ဖွယ်ရာအမှုတို့ကိုပြုကျင့် လျက်ကိုယ်တော်အားပြစ်မှားကြပါပြီ။-
အိပ်ရာပေါ်တွင်လဲလျောင်းလျက် မကောင်းမှု ကိုကြံစည်သူတို့သည်အမင်္ဂလာရှိကြ၏။ နံနက်မိုးလင်းသောအခါသူတို့သည်အခွင့် ရလျှင်ရခြင်း မိမိတို့ကြံစည်သည့်မကောင်း မှုကိုပြုလုပ်တတ်ကြ၏။-
ထိုပြည်ကိုအုပ်ချုပ်သောအရာရှိတို့သည် ခြင်္သေ့ငယ်များနှင့်တူကြ၏။ တရားစီရင် သူတို့သည်လည်းလောဘရမက်ကြီးလွန်း သဖြင့် နံနက်ချိန်တိုင်အောင်အရိုးတစ်ချောင်း ကိုမျှမစွန့်ပစ်နိုင်သည့်ဝံပုလွေငယ်များ နှင့်တူကြ၏။-
ပရောဖက်တို့သည်တာဝန်မဲ့ပြုလုပ်တတ် သည့်သစ္စာဖောက်များဖြစ်ကြ၏။ ယဇ်ပုရော ဟိတ်တို့ကသန့်ရှင်းရာဌာနတော်ကိုညစ် ညမ်းစေ၍ ဘုရားသခင်၏ပညတ်တရား တော်ကိုမိမိတို့အကျိုးရှိရာရှိကြောင်း လှည့်ကွက်ဆင်၍အနက်အဋ္ဌိပ္ပါယ်ပြန်ဆို ကြ၏။-