မနာရှေသည်ယုဒပြည်သူတို့အားရုပ်တုကိုး ကွယ်စေရန် ရှေ့ဆောင်လမ်းပြကာထာဝရဘုရား အားပြစ်မှားစေ၏။ ထို့အပြင်အပြစ်မဲ့သူလူ အမြောက်အမြားကိုသတ်၍ ယေရုရှလင်မြို့ လမ်းများတွင်သွေးချောင်းစီးစေလေသည်။
ယေဇကျေလ 22:2 - Common Language Bible ကိုယ်တော်က``အချင်းလူသား၊ သင်သည်လူ သတ်သမားများနှင့်ပြည့်နှက်လျက်ရှိသည့် မြို့ကို စစ်ဆေးစီရင်ရန်အသင့်ရှိပြီလော။ ထိုမြို့အားမိမိပြုသည့်စက်ဆုပ်ဖွယ်ရာ အမှုအပေါင်းတို့ကိုဖော်ပြလော့။- Garrad Bible အ ချင်း လူ့ သား၊ သွေး သွန်း သော မြို့ တော် ကို စီ ရင် ဆုံး ဖြတ် လော့။ ရွံ ရှာ ဖွယ် အ မှု များ ကို ဖော် ပြ လျက်၊ ဆင့် ဆို ရ မည် မှာ၊ Judson Bible အချင်းလူသား၊ လူအသက်ကို သတ်တတ်သောမြို့ကို သင်သည် စစ်ကြောလော့။ စစ်ကြောလော့။ သူ၌ ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကိုပြလော့။ မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ လူသတ်သောမြို့ကို သင်စီရင်လော့၊ စီရင်လော့။ ထိုမြို့၌ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ဖော်ပြလော့။ |
မနာရှေသည်ယုဒပြည်သူတို့အားရုပ်တုကိုး ကွယ်စေရန် ရှေ့ဆောင်လမ်းပြကာထာဝရဘုရား အားပြစ်မှားစေ၏။ ထို့အပြင်အပြစ်မဲ့သူလူ အမြောက်အမြားကိုသတ်၍ ယေရုရှလင်မြို့ လမ်းများတွင်သွေးချောင်းစီးစေလေသည်။
``ကျယ်နိုင်သမျှကျယ်စွာတံပိုးမှုတ်သကဲ့ သို့အော်ဟစ်၍ ငါ၏လူမျိုးတော်အားသူ တို့၏အပြစ်များကိုဖော်ပြလော့။-
``ငါသည်သင်တို့ကိုဆုံးမပါသော်လည်း အကျိုးမရှိ။ သင်တို့သည်ပဲ့ပြင်သွန်သင်မှုကို လက်မခံလိုကြ။ အမျက်ပြင်းစွာထွက်သည့် ခြင်္သေ့သဖွယ် သင်တို့သည်မိမိတို့ပရောဖက် များကိုသတ်ဖြတ်ကြလေပြီ။-
ဖောက်ထွင်းခိုးယူမှုအတွက်သင်တို့ဖမ်းမမိ သော်လည်း ထိုဆင်းရဲသားများ၊ အပြစ်မဲ့သူ များ၏သွေးနှင့် သင်တို့၏အဝတ်များသည် စွန်းကွက်လျက်ရှိ၏။ ``သို့ပါလျက်
သင်တို့သတ်ဖြတ်သောသူတို့သည်လွန်စွာ များပြားလှသဖြင့် လမ်းများသည်လူသေ ကောင်တို့ဖြင့်ပြည့်နှက်နေလေပြီ။
``အချင်းလူသား၊ သင်သည်သူတို့အားစစ် ဆေးစီရင်ရန်အသင့်ရှိပြီလော။ အသင့်ရှိ လျှင်စစ်ဆေးစီရင်လော့။ သူတို့အားမိမိ တို့ဘိုးဘေးများပြုကျင့်ခဲ့သောစက်ဆုပ် ဖွယ်ကောင်းသည့်အမှုတို့ကိုသတိပေးဖော် ပြလော့။-
ငါအရှင်ထာဝရဘုရားသည်ထိုမြို့အား အဘယ်သို့မိန့်တော်မူသည်ကိုဤသို့ဆင့် ဆိုလော့။ သင်သည်မိမိ၏လူတို့ကိုအမြောက် အမြားသတ်ခဲ့ပြီးရုပ်တုများကိုဝတ်ပြု ရှိခိုးခြင်းအားဖြင့် မိမိကိုယ်ကိုညစ်ညမ်း စေခဲ့သဖြင့်သင်၏နေ့ရက်ကာလသည် ကျရောက်လာလေပြီ။-
အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``လူ သတ်သမားတို့၏မြို့သည်အမင်္ဂလာရှိပါ သည်တကား။ ယင်းသည်အဘယ်အခါ၌မျှ မတိုက်မချွတ်ဘဲထားသဖြင့်ချေးတက်နေ သည့်ကြေးအိုးနှင့်တူ၏။ ကြေးအိုးထဲမှ အသားတစ်များကိုမဲချနေစရာမလို ဘဲ တစ်တုံးပြီးတစ်တုံးအကုန်အစင်ထုတ် လော့။-
ထိုနောက်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား``လူသတ်သမားတို့၏မြို့သည် အမင်္ဂလာ ရှိပါသည်တကား။ ငါကိုယ်တိုင်ပင်ထင်းများ ကိုထည့်မည်။-
ဘုရားသခင်က``ဣသရေလနှင့်ယုဒပြည် သူပြည်သားတို့၏အပြစ်များသည်အကယ် ပင်ကြီးလေး၏။ သူတို့သည်ပြည်တွင်းနေရာ တကာတွင်လူသတ်မှုများ၊ ပြစ်မှုများဖြင့် ပြည့်နှက်စေကြလျက်`ထာဝရဘုရားသည် ငါတို့ပြည်ကိုစွန့်တော်မူလေပြီ။ ထာဝရ ဘုရားသည်ငါတို့ကိုမြင်တော်မမူ' ဟု ဆိုကြ၏။-
သူတို့သည်ကတိမတည်ခြင်း၊ မုသား စကားကိုပြောခြင်း၊ လူ့အသက်ကိုသတ် ခြင်း၊ သူတစ်ပါးဥစ္စာပစ္စည်းကိုခိုးယူခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း တို့ကိုပြု၏။ တရားလက်လွတ်နေထိုင်၍ လူသတ်မှုများကိုအထပ်ထပ်ကူးလွန် ကြ၏။-
တိုက်ခိုက်လုယူခံရန်ကြွယ်ဝ များပြားနေသည့်မြို့၊ လှည့်စားတတ်သူလူသတ်သမားမြို့သည် အမင်္ဂလာရှိ၏။
ထို့ကြောင့်အပြစ်ကင်းသူအာဗေလမှစ၍ သန့် ရှင်းရာဌာနတော်နှင့်ယဇ်ပလ္လင်အကြားတွင် အသတ်ခံရသည့်ဗာရခိ၏သား၊ ဇာခရိတိုင် အောင်အပြစ်ကင်းသူများကိုသတ်ဖြတ်ခဲ့သည့် အတွက်သင်တို့သည်အပြစ်ဒဏ်ခံရပေအံ့။-
လူအပေါင်းတို့က ``ထိုသူသေရခြင်းအတွက် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏သားမြေးများ ၏တာဝန်ဖြစ်ပါစေ'' ဟုဆိုကြ၏။
သို့ဖြစ်၍အာဗေလမှသည်ဗိမာန်တော် အတွင်းပိုင်းနှင့်ယဇ်ပလ္လင်အကြားမှာ အသတ် ခံခဲ့ရသည့်ပရောဖက်ဇာခရိအထိ၊ ကမ္ဘာ တည်ချိန်မှစ၍အသတ်ခံခဲ့ရသောပရော ဖက်များ၏အသွေးကြောင့် ဤခေတ်လူတို့ သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံရကြ လိမ့်မည်။ ထိုအမှုအားလုံးအတွက် ဤခေတ် လူတို့သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံရ ကြလိမ့်မည်ဟုငါအမှန်ဆို၏။
သင်တို့ဘိုးဘေးများမနှိပ်စက်မညှဉ်းဆဲ သည့်ပရောဖက်ဟူ၍ အဘယ်မှာရှိသနည်း။ သင်တို့သည်ဘုရားသခင်၏ဖြောင့်မတ်သော အစေခံကြွလာတော်မူမည့်အကြောင်းကို ကြိုတင်ဟောကြားကြသည့်ပရောဖက်များ ကိုသတ်ဖြတ်ခဲ့ကြ၏။ ယခုသင်တို့သည် ထိုအရှင်ကိုအပ်၍သတ်ဖြတ်ကြပြီ။-
အခြားသူတို့ကြောက်စေရန်အပြစ်ကူး သူတို့အား လူအများရှေ့တွင်ဆုံးမလော့။