သူသည်သောဒုံမြို့၊ ဂေါမောရမြို့နှင့်ချိုင့်ဝှမ်းတစ်လျှောက်လုံးကိုလှမ်းကြည့်လိုက်ရာ မီးဖိုကြီးတစ်ခုမှမီးခိုးတက်သကဲ့သို့ မြေပြင်မှအခိုးတက်လျက်ရှိသည်ကိုမြင်ရလေသည်။-
ယောလ 2:30 - Common Language Bible ``ငါသည်ထိုနေ့ရက်ကာလနှင့်ပတ်သက်၍ မိုးကောင်းကင်၌သော်လည်းကောင်း၊မြေကြီး ပေါ်၌ သော်လည်းကောင်းပုဗ္ဗနိမိတ်များကိုပြမည်။ သွေးထွက်သံယိုဖြစ်မှုမီးလျှံမီးခိုးများ ထမှုတို့ ဖြစ်ပေါ်လာလိမ့်မည်။ Garrad Bible မိုး မြေ၌ လည်း၊ သွေး ရောင်၊ မီး လျှံ၊ မီး ခိုး တိုင် တည်း ဟူ သော သက် သေ နိ မိတ် များ ကို ငါ ပြ မည့် အ တိုင်း၊ Judson Bible မိုးကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ အံ့ဖွယ်သောအရာတည်းဟူသော သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို ငါပြမည်။ မြန်မာ့စံမီသမ္မာကျမ်း မိုးကောင်းကင်နှင့် မြေကြီးပေါ်တွင် အံ့ဖွယ်သောအမှုတို့ကို ငါပြဦးမည်။ သွေး၊ မီးနှင့် မီးခိုးတိုင်တို့ ဖြစ်ပေါ်မည်။ |
သူသည်သောဒုံမြို့၊ ဂေါမောရမြို့နှင့်ချိုင့်ဝှမ်းတစ်လျှောက်လုံးကိုလှမ်းကြည့်လိုက်ရာ မီးဖိုကြီးတစ်ခုမှမီးခိုးတက်သကဲ့သို့ မြေပြင်မှအခိုးတက်လျက်ရှိသည်ကိုမြင်ရလေသည်။-
ကမ္ဘာမြေကြီးသည်ဝမ်းနည်းပူဆွေးလျက်နေ လိမ့်မည်။ မိုးကောင်းကင်သည်လည်းမှောင်မဲ၍လာလိမ့် မည်။ ထာဝရဘုရားသည်မိန့်မြွက်တော်မူပြီးနောက် မိမိ၏စိတ်ကိုပြောင်းလဲတော်မူလိမ့်မည်မဟုတ်။ စိတ်ပိုင်းဖြတ်တော်မူပြီးနောက်ကိုယ်တော်သည် နောက်ဆုတ်တော်မူလိမ့်မည်မဟုတ်။
ထိုအချိန်ကာလကျရောက်လာသောအခါ ချမ်းဧမှု သို့မဟုတ်ဆီးနှင်းများကျမှု ရှိတော့မည်မဟုတ်။-
``ထိုသို့ဆင်းရဲဒုက္ခများကျရောက်လာပြီးနောက် ချက်ချင်းပင်နေသည်မှောင်မိုက်သွားလိမ့်မည်။ လ သည်အလင်းရောင်ပေးလိမ့်မည်မဟုတ်။ ကြယ်များ သည်ကောင်းကင်မှကြွေလိမ့်မည်။ ကောင်းကင်နက္ခတ် များသည်လမ်းပြောင်းကြလိမ့်မည်။-
နေရာအနှံ့အပြားတွင်မြေငလျင်ပြင်းထန် စွာလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ အနာရောဂါ ကပ်သင့်ခြင်းတို့ဖြစ်လိမ့်မည်။ ကောင်းကင်တွင် ကြောက်မက်ဖွယ်ကောင်းသောအရာများနှင့်ပုဗ္ဗ နိမိတ်များပေါ်ထွန်းကြလိမ့်မည်။-
အာဣမြို့သားတို့သည်နောက်သို့လှည့်ကြည့် သောအခါ မြို့မှမီးခိုးလုံးကြီးများအထက် သို့တက်လျက်ရှိသည်ကိုမြင်ရလေသည်။ ထို အခါမြို့ပြင်ဘက်သို့ထွက်ပြေးခဲ့ကြသော ဣသရေလတပ်သားတို့သည်ပြန်လှည့်၍ အာဣမြို့သားတို့ကိုတိုက်ခိုက်ကြသဖြင့် သူတို့ထွက်ပေါက်မရှိဘဲပိတ်မိနေကြ၏။-
ထိုမြို့ကိုကျွမ်းလောင်စေသည့်မီးလျှံများမှ မီးခိုးများကိုမြင်သောအခါသူတို့က``အဘယ် အခါ၌မျှဤမြို့ကဲ့သို့ကြီးကျယ်ခမ်းနား သည့်မြို့မရှိခဲ့ဘူးပါ'' ဟုဟစ်အော်ကြ၏။-
သူနှင့်ကာမဂုဏ်စည်းစိမ်ခံစားခဲ့ကြသောကမ္ဘာ တစ်ဝန်းလုံးရှိဘုရင်တို့သည် သူ့ကိုကျွမ်းလောင် လျက်ရှိသည့်မီးမှမီးခိုးများကိုမြင်သော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။-
ပထမကောင်းကင်တမန်တံပိုးခရာကို မှုတ်လိုက်သောအခါသွေးနှင့်ရောနှောနေ သောမီးနှင့်မိုးသီးတို့သည်မြေပေါ်သို့ ကျကုန်၏။ ကမ္ဘာမြေကြီး၏သုံးပုံတစ်ပုံ၊ သုံးပုံတစ်ပုံသောသစ်ပင်၊ စိမ်းစိုသောမြက် ရှိသမျှတို့သည်လောင်ကျွမ်းလေ၏။
ဣသရေလတပ်မကြီးသည်တပ်ပုန်းနှင့် အချက် ပြအမှတ်အသားတစ်ခုကိုစီစဉ်ထားခဲ့ကြ ၏။ မြို့ထဲမှမီးခိုးလုံးကြီးများတက်လာသည် ကိုမြင်သောအခါ၊-
ထိုအချိန်၌မီးခိုးလုံးကြီးတစ်ခုသည်မြို့ထဲ မှတက်စပြုပြီဖြစ်၍ အချက်ပြအမှတ်လက္ခ ဏာပေါ်လာလေသည်။ ဗင်္ယာမိန်အမျိုးသားတို့ သည်နောက်သို့လှည့်၍ကြည့်လိုက်သောအခါ မြို့တစ်မြို့လုံးမီးလျှံတောက်နေသည်ကိုမြင် သဖြင့်အံ့အားသင့်၍သွားကြ၏။-