မြေကြီးပေါ်ရှိမြေမှုန့်ကိုရေတွက်နိုင်ပါမှ သင်၏အဆက်အနွယ်များကိုရေတွက်နိုင်မည်။-
ယောဘဝတ္တု။ 5:25 - Common Language Bible သင်၌သားသမီးများပြား၍၊ သင့်အမျိုးအနွယ်သည် မြေပေါ်မှာ မြက်ပင်နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင်ရလိမ့်မည်။ Garrad Bible သင် မှ ဆင်း သက် သော အ မျိုး အ နွယ် လည်း မြက် တော ကဲ့ သို့ စည်း ကား မည် ကို သိ ရ လ တ္တံ့။ Judson Bible သင်၌ သားသမီးများပြား၍၊ သင့်အမျိုးအနွယ်သည် မြေပေါ်မှာ မြက်ပင်နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင်ရလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သင့်သားသမီး များပြား၍ သင့်သားမြေးများသည်လည်း မြေပေါ်ပေါက်သောမြက်ပင်ကဲ့သို့ များပြားသည်ကို သင်သိရလိမ့်မည်။ |
မြေကြီးပေါ်ရှိမြေမှုန့်ကိုရေတွက်နိုင်ပါမှ သင်၏အဆက်အနွယ်များကိုရေတွက်နိုင်မည်။-
အာဗြံကိုအပြင်သို့ခေါ်ဆောင်လျက်``မိုးကောင်း ကင်ကိုမော်ကြည့်၍ကြယ်များကိုရေတွက်လော့။ သင်၏အမျိုးအနွယ်တို့သည်ထိုမျှလောက်များ ပြားကြလိမ့်မည်'' ဟုမိန့်တော်မူသည်။
ထိုသူ၏သားသမီးတို့သည်တိုင်းပြည်တွင် တန်ခိုးအာဏာရှိကြလိမ့်မည်။ သူ၏သားမြေးတို့သည်ကောင်းချီး ခံစားရကြလိမ့်မည်။
တိုင်းပြည်အတွင်း၌စားနပ်ရိက္ခာပေါများပါ စေသော။ လေဗနုန်တောင်တွင်သစ်တောများဖြင့် ဖုံးအုပ်လျက်ရှိသကဲ့သို့ တောင်ကုန်းများသည်ကောက်ပဲသီးနှံများ ဖြင့် ဖုံးအုပ်လျက်ရှိပါစေသော။ မြို့ကြီးများရှိလူဦးရေသည်ကွင်းပြင်ရှိ မြက်ကဲ့သို့ထူထပ်ပေါများပါစေသော။
သင်တို့၏သားမြေးများသည်သဲလုံးနှင့်အမျှ များပြားကြလျက်၊ ငါသည်လည်းသူတို့အားအဘယ်အခါ၌မျှ ပျက်ပြုန်းစေခွင့်ပြုလိမ့်မည်မဟုတ်။
ငါသည်သင်တို့ကိုကောင်းချီးပေးသဖြင့် သင် တို့တွင်သားသမီးမြောက်မြားစွာထွန်းကား လိမ့်မည်။ သင်တို့နှင့်ပြုထားသောပဋိညာဉ် ကိုငါတည်စေမည်။-
``ထာဝရဘုရားသည် သင်တို့တွင်သားသမီး မြောက်မြားစွာထွန်းကားစေရန်လည်းကောင်း၊ အသီးအနှံပေါများစေရန်လည်းကောင်း၊ သိုး နွားမြောက်မြားစွာတိုးပွားစေရန်လည်း ကောင်းကောင်းချီးပေးတော်မူမည်။