ထိုအခါပရောဖက်အိုကြီးသည်မြည်းကိုစီး ၍ထွက်သွားရာ လမ်းပေါ်တွင်သေနေသောပရော ဖက်နှင့်အနီးတွင်ရပ်နေလျက်ရှိနေသေးသည့် မြည်းနှင့်ခြင်္သေ့ကိုတွေ့လေ၏။ ခြင်္သေ့သည်လူ သေကောင်ကိုလည်းမစား၊ မြည်းကိုလည်း မကိုက်။-
ယောဘဝတ္တု။ 38:11 - Common Language Bible တိုး၍မလွန်ရ၊ ဤအရပ်၌သင်၏ ထောင်လွှားသောလှိုင်းတံပိုးဆုံးရ၏ဟု ပညက်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့်ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီ သနည်း။ Judson Bible တိုး၍မလွန်ရ၊ ဤအရပ်၌ သင်၏ထောင်လွှားသော လှိုင်းတံပိုးဆုံးရ၏ဟု ပညတ်လျက်၊ သမုဒ္ဒရာအပိုင်းအခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့် ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌လည်းကောင်း၊ အဘယ်သူသည် ဝိုင်း၍ကူညီသနည်း။ မြန်မာ့စံမီသမ္မာကျမ်း ပင်လယ်အား ‘သင်တက်လာနိုင်၏။ ဤနေရာထက်မကျော်ရ၊ ဤနေရာသည် လှိုင်းလုံးကြီးများရှိရမည့်နေရာ ဖြစ်၏’ဟု ငါမှာထား၏။ |
ထိုအခါပရောဖက်အိုကြီးသည်မြည်းကိုစီး ၍ထွက်သွားရာ လမ်းပေါ်တွင်သေနေသောပရော ဖက်နှင့်အနီးတွင်ရပ်နေလျက်ရှိနေသေးသည့် မြည်းနှင့်ခြင်္သေ့ကိုတွေ့လေ၏။ ခြင်္သေ့သည်လူ သေကောင်ကိုလည်းမစား၊ မြည်းကိုလည်း မကိုက်။-
ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်းမမှားယွင်း။ ထာဝရဘုရားကိုလည်းအပြစ် မတင်ဘဲနေ၏။
သင်သည်တသက်လုံးတွင် တခါမျှ နံနက်ကို မှာထားဘူးသလော။ မိုဃ်းသောက်လင်းကို နေရာချဘူး သလော။
ကမ္ဘာမြေကြီးကိုနောက်တစ်ဖန်ရေမလွှမ်းမိုးစေရန် ကိုယ်တော်ရှင်သည်ရေတို့ကူးကျော်၍မရနိုင်သည့် နယ်နိမိတ်ကိုသတ်မှတ်ပေးတော်မူပါ၏။
လူတို့၏ဒေါသသည်ကိုယ်တော်ရှင်အားပို၍ ထောမနာပြုခြင်းအကျိုးကိုဖြစ်ပေါ်စေပါ လိမ့်မည်။ စစ်ပွဲတွင်မသေဘဲအသက်ရှင်ကျန်ရစ်သူတို့သည် ကိုယ်တော်၏ပွဲတော်များကိုစောင့်ထိန်း ကြပါလိမ့်မည်။
ကိုယ်တော်ရှင်သည်လှိုင်းကြီးသည့်ပင်လယ်ကို အစိုးရတော်မူ၍ ပြင်းထန်သောလှိုင်းတံပိုးတို့ကိုငြိမ်းစေတော်မူပါ။
သမုဒ္ဒရာ၌ ကန့်ကွက်သောအပိုင်းအခြားကို ရေ မလွှမ်းရမည်အကြောင်း စီရင်သောအမှု၊ မြေကြီးတိုက် မြစ်တည်သော အမှုတို့ကို ပြီးစီးစေတော်မူသောအခါ၊
ထာဝရဘုရားသည်မိမိလူမျိုးတော်အား ပြည်နှင်ဒဏ်ပေး၍အပြစ်ဒဏ်ခတ်တော်မူ၏။ သူတို့သည်အရှေ့မှလာသောလေပြင်းမုန် တိုင်းတွင်လွင့်ပါသွားရဘိသကဲ့သို့ မိမိ တို့ပြည်မှထွက်ခွာသွားရကြလေသည်။-
ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည်အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ်ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ်နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့်အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ်မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထနိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည်ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော်မလွန်နိုင်။-