သင်တို့စကားကို ကြားရအံ့သောငှါ ငါဆိုင်း လင့်ပြီ။ သင်တို့သည် ပြောစရာကို ရှာဖွေ၍ ဆွေးနွေး သောစကားကို ငါနားထောင်ပြီ။
ယောဘဝတ္တု။ 32:12 - Common Language Bible စေ့စေ့နားထောင်စဉ်တွင်၊ ယောဘကို အဘယ် သူမျှမနိုင်။ သူ၏စကားကို အဘယ်သူမျှမချေ။ Garrad Bible ထို သို့ နား ထောင် သော် လည်း၊ သင် တို့ အ နက် ယော ဘ၏ စ ကား ကို တုံ့ ပြန် ထု ချေ နိုင် သူ မ ရှိ လေ စွ တ ကား။ Judson Bible စေ့စေ့နားထောင်စဉ်တွင်၊ ယောဘကို အဘယ်သူမျှမနိုင်။ သူ၏စကားကို အဘယ်သူမျှမချေ။ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်စေ့စေ့နားထောင်နေခဲ့သော်လည်း သင်တို့တွင် ယောဘ၏စကားကို ပြန်လည်ချေပနိုင်သောသူ တစ်ယောက်မျှမရှိပါ။ |
သင်တို့စကားကို ကြားရအံ့သောငှါ ငါဆိုင်း လင့်ပြီ။ သင်တို့သည် ပြောစရာကို ရှာဖွေ၍ ဆွေးနွေး သောစကားကို ငါနားထောင်ပြီ။
သို့ဖြစ်၍ ငါတို့သည် ပညာကိုရှာ၍ တွေ့ပြီဟု သင်တို့ဆိုစရာမရှိ။ ယောဘကို နှိမ့်ချသောသူကား လူမဟုတ်၊ ဘုရားသခင်ပေတည်း။
ယောဘ၏ အဆွေခင်ပွန်းသုံးယောက်တို့သည် ပြန်၍မပြောနိုင်သော်လည်း၊ ယောဘ၌ အပြစ်ရှိသည်ဟု စီရင်ကြသောကြောင့်၊ သူတို့ကိုလည်း အမျက်ထွက်၏။
ထိုသူတို့သည်မိမိတို့ပြောဆိုသောစကား များကိုသော်လည်းကောင်း၊ မိမိတို့ပိုင်နိုင်စွာ ပြောဆိုသည့်အကြောင်းအရာများကိုသော် လည်းကောင်းနားမလည်ကြ။ သို့နှင့်လည်းသူ တို့သည်ဘုရားသခင်၏ပညတ်ဆိုင်ရာ နည်းပြဆရာများလုပ်လိုသေး၏။