ယောဘဝတ္တု။ 26:7 - Common Language Bible မိုဃ်းကောင်းကင်ကို လွတ်လပ်လဟာ၌ ကြက် တော်မူ၏။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ၏။ Garrad Bible လ ဟာ အ ထက် မြောက် မျက် နှာ ကို ကြက် တော် မူ လျက်၊ အ တွယ် မ ရှိ ဘဲ မြေ ကြီး ကို ဆွဲ ထား တော် မူ၏။ Judson Bible မိုးကောင်းကင်ကို လွတ်လပ်လဟာ၌ ကြက်တော်မူ၏။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း မြောက်မျက်နှာလဟာပြင်ကို ပြန့်ကားစေပြီး ကမ္ဘာမြေကို လဟာပြင်တွင် ချိတ်ဆွဲထားတော်မူ၏။ |
မိုဃ်းကောင်းကင်ကို ကိုယ်တော်တပါးတည်း ဖြန့်မိုးတော်မူ၏။ သမုဒ္ဒရာလှိုင်းတံပိုးကို နင်းတော်မူ၏။
ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုမြေအောက် ရေနက်ရာအရပ်၌အုတ်မြစ်ချတော်မူ၏။ နက်ရှိုင်းသောသမုဒ္ဒရာများအထဲတွင်အခြေ စိုက်၍ တည်ဆောက်တော်မူ၏။
ကိုယ်တော်ရှင်သည်မြောက်မျက်နှာနှင့် တောင်မျက်နှာကိုဖန်ဆင်းတော်မူပါ၏။ တာဗော်တောင်နှင့်ဟေရမုန်တောင်တို့သည် ကိုယ်တော်ရှင်အားရွှင်လန်းစွာထောမနာ ပြုကြပါ၏။
ကိုယ်တော်ရှင်သည်လွန်စွာတန်ခိုးကြီးတော်မူ ပါသည်တကား။ ကိုယ်တော်ရှင်၏ခွန်အားတော်သည်ကြီးမား လှပါသည်တကား။
ကမ္ဘာမြေကြီးအဘယ်သို့ဖြစ်ပေါ်လာသည် အကြောင်းကိုသင်တို့မကြားဘူးကြပါသလော။ ရှေးမဆွကပင်လျှင်သင်တို့အားဖော်ပြခဲ့သူ မရှိပါသလော။ သင်တို့မကြားဘူးကြမသိကြပါသလော။
ကမ္ဘာမြေကြီးကိုဖြစ်ပေါ်စေသူကား မြေကြီးနှင့်မိုးကောင်းကင်၏အထက်၌ရှိသော ပလ္လင်တော်ပေါ်တွင်စံပယ်တော်မူသောအရှင် ပေတည်း။ အောက်မြေကြီးပေါ်ရှိလူတို့သည်ကား ပုရွက်ဆိတ်များကဲ့သို့သေးငယ်သည်ဟု ထင်မှတ်ရပေသည်။ ကိုယ်တော်သည်မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့လည်းကောင်း၊ လူတို့နေထိုင်ရာတဲကဲ့သို့လည်းကောင်း ဖြန့်တော်မူ၏။
မိုးကောင်းကင်သို့မျှော်ကြည့်ကြလော့။ သင်တို့မြင်ရသည့်ကြယ်များကိုအဘယ်သူ ဖန်ဆင်းတော်မူပါသနည်း။ ယင်းတို့အားစစ်သည်ဗိုလ်ခြေသဖွယ် ထုတ်ဆောင်လာတော်မူသောအရှင်ပင် ဖြစ်ပေသည်။ ကိုယ်တော်သည်ကြယ်များကိုရေတွက် ထားတော်မူပြီးလျှင်နာမည်တပ်၍ ခေါ်တော်မူပါသည်တကား။ ကိုယ်တော်သည်လွန်စွာတန်ခိုးကြီးတော်မူသဖြင့် ထိုကြယ်တို့သည်တစ်လုံးတစ်လေမျှ ပျောက်ပျက်သည့်အခါဟူ၍မရှိ။
ဘုရားသခင်သည်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၍ဖြန့်ကျက်ထားတော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးနှင့်တကွ သက်ရှိ သတ္တဝါအပေါင်းကိုဖန်ဆင်းတော်မူ၏။ ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့အားလည်း၊ အသက်နှင့်ထွက်သက်ဝင်သက်ကိုပေးတော် မူ၏။ ယခုထာဝရအရှင်ဘုရားသခင်ကမိမိ၏ အစေခံအားပြောသည်မှာ၊
ဤဗျာဒိတ်တော်သည်မိုးကောင်းကင်ကို ဖြန့်ကြက်၍ကမ္ဘာမြေကြီးကိုဖန်ဆင်းပြီး လျှင် လူသတ္တဝါအားအသက်ကိုပေးတော် မူသောထာဝရဘုရား၏ထံတော်မှ ဣသရေလအမျိုးသားတို့နှင့်စပ်ဆိုင် သည့်ဗျာဒိတ်တော်ဖြစ်၏။-