ဘုရားသခင်မူကား၊ ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ၏။ ပညာသတ္တိကို ပေးနိုင်သော အခွင့်ရှိတော်မူ၏။
ယောဘဝတ္တု။ 26:12 - Common Language Bible တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော် မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော် မူ၏။ Garrad Bible တန် ခိုး တော် အား ဖြင့်၊ လှိုင်း တံ ပိုး ကို ထ ကြွ စေ၍၊ ဉာဏ် တော် အား ဖြင့်၊ ရေ နတ် န ဂါး ကို ထိုး ခုတ် တော် မူ၏။ Judson Bible တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော်မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း တန်ခိုးတော်ဖြင့် ပင်လယ်ရေကို ငြိမ်သက်စေတော်မူ၏။ ဉာဏ်တော်အားဖြင့် ရာဟပ်ကို ချေမှုန်းတော်မူ၏။ |
ဘုရားသခင်မူကား၊ ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ၏။ ပညာသတ္တိကို ပေးနိုင်သော အခွင့်ရှိတော်မူ၏။
ဆုံးမတော်မူခြင်းကြောင့်၊ မိုဃ်းကောင်းကင်တိုင် တို့သည် တုန်လှုပ်၍ မိန်းမောတွေဝေလျက်နေကြ၏။
ဘုရားသခင်သည် အမျက်ပြေတော်မမူလျှင်၊ မာနကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌ နှိမ့်ချ ခြင်းကို ခံရကြ၏။
ထာဝရဘုရားသည်ရေနက်ရာတို့တွင်စိုးစံ တော်မူ၏။ ကိုယ်တော်သည်ထာဝစဉ်ဘုရင်အဖြစ်ဖြင့် စိုးစံတော်မူ၏။
ကိုယ်တော်ရှင်သည်မဟာတန်ခိုးတော်ဖြင့် ပင်လယ်ကိုနှစ်ခြမ်းကွဲစေ၍ ရေသူရဲတို့၏ဦးခေါင်းများကိုခွဲတော်မူ ပါ၏။
ထိုကာလ၌အနန္တတန်ခိုးရှင်ထာဝရဘုရား သည်တန်ခိုးကြီးသူ၊ မာန်မာနကြီးသူနှင့်စိတ် ကြီးဝင်သူမှန်သမျှကိုရှုတ်ချတော်မူလိမ့်မည်။-
``ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ပင်လယ်ရေကိုငါမွှေနှောက်၍လှိုင်းတံပိုးသံ များကို ဖြစ်ပေါ်စေ၏။ ငါ၏နာမတော်သည်အနန္တတန်ခိုးရှင်ထာဝရ ဘုရား ဖြစ်ပါသည်တကား။
အို ထာဝရဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ နိုးထတော်မူ၍ရှေးပဝေသဏီကာလ၌ ကဲ့သို့ပင် တန်ခိုးတော်ကိုအသုံးပြုတော်မူပါ။ ပင်လယ်နဂါးကြီးရာခပ်အား အပိုင်းပိုင်းဖြတ်တော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။
ထာဝရဘုရားသည်နေ့အခါအလင်းရောင် ပေးရန် နေကိုလည်းကောင်း၊ ညဥ့်အခါထွန်းလင်းစေရန်လနှင့်ကြယ်များ ကိုလည်းကောင်းစီရင်တော်မူ၏။ ကိုယ်တော်သည်ပင်လယ်ကိုမွှေနှောက်၍လှိုင်း များကို မြည်ဟည်းစေတော်မူ၏။ ကိုယ်တော်၏နာမတော်ကားအနန္တတန်ခိုး ရှင် ထာဝရဘုရားဟူ၍ဖြစ်သတည်း။
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
သို့ရာတွင်ငါတို့အားဘုရားသခင်ပေးသနား တော်မူသောကျေးဇူးတော်သည်ပို၍စွမ်းအား ကြီးပေသည်။ ``ဘုရားသခင်သည်မာနကြီး သူတို့အားဆန့်ကျင်ဘက်ပြုတော်မူ၍နှိမ့်ချ သောသူတို့အားကျေးဇူးတော်ကိုချပေးတော် မူ၏'' ဟုကျမ်းစာလာသည်နှင့်အညီဖြစ်၏။