Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 51:15 - Common Language Bible

15 ``ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ပင်​လယ်​ရေ​ကို​ငါ​မွှေ​နှောက်​၍​လှိုင်း​တံ​ပိုး​သံ များ​ကို ဖြစ်​ပေါ်​စေ​၏။ ငါ​၏​နာ​မ​တော်​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား ဖြစ်​ပါ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15-16 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ဟု နာ မ တော် ရှိ သော ငါ သည်၊ သ မု ဒ္ဒ ရာ ကို ထ ကြွ စေ၍၊ လှိုင်း တံ ပိုး ကို ဟုန်း စေ သည့် ပြင်၊ မိုး ကောင်း ကင် ကို စိုက် ပျိုး ၍၊ မြေ ပ ထ ဝီ ကို တည် ပြန် ခွင့်၊ ဇိ အုန် မြို့ အား လူ မျိုး တော် ဖြစ် သည် ဟု ကြော် ငြာ ခွင့် ရ အံ့ သော ငှာ၊ သင့် နှုတ် တွင် ဗျာ ဒိတ် တော် ကို သွင်း လျက်၊ လက် တော် အ ရိပ် ဖြင့် သင့် ကို ကွယ် ကာ ခဲ့ သော သင် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ငါ​သည်​သ​မု​ဒ္ဒ​ရာ​ကို​ဆုံး​မ၍ လှိုင်း​တံ​ပိုး​ကို ဟုန်း​စေ​သော သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်၏။ ထို​ဘု​ရား၏ နာ​မ​တော်​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ငါ​သည် ပင်လယ်​ရေ​ကို​ထကြွ​စေ​၍ လှိုင်းတံပိုး​တို့​ကို​မြည်ဟိန်း​စေ​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ နာမ​တော်​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 51:15
16 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​နေ့​အ​ခါ​အ​လင်း​ရောင် ပေး​ရန် နေ​ကို​လည်း​ကောင်း၊ ညဥ့်​အ​ခါ​ထွန်း​လင်း​စေ​ရန်​လ​နှင့်​ကြယ်​များ ကို​လည်း​ကောင်း​စီ​ရင်​တော်​မူ​၏။ ကိုယ်​တော်​သည်​ပင်​လယ်​ကို​မွှေ​နှောက်​၍​လှိုင်း များ​ကို မြည်​ဟည်း​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​နာ​မ​တော်​ကား​အ​နန္တ​တန်​ခိုး ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ​၍​ဖြစ်​သ​တည်း။


သင့်​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​သည်၊ သင်​၏​ခင်​ပွန်း​ပ​မာ​သင့်​အား​ကြည့်​ရှု​စောင့်​ရှောက် တော်​မူ​လိမ့်​မည်။ ထို​အ​ရှင်​၏​နာ​မ​တော်​ကား၊အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​သ​တည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ်​သော ဘု​ရား​သ​ခင်​သည်​သင့်​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ကမ္ဘာ​လော​က​ကို အ​စိုး​ရ​တော်​မူ​ပါ​သည်​တ​ကား။


ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ကား​ရုပ်​တု​များ ကဲ့​သို့​မ​ဟုတ်။ ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​မိ​မိ​ကိုယ်​ပိုင် လူ​မျိုး​တော်​အ​ဖြစ်​ရွေး​ချယ်​ထား​တော်​မူ လေ​ပြီ။ ကိုယ်​တော်​၏​နာ​မ​တော်​ကား​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။


မိ​မိ​ကယ်​တင်​နေ​ဆဲ​လူ​စု​ကူး​ဖြတ်​နိုင်​ရန် ပင်​လယ်​ကို​ခန်း​ခြောက်​စေ​၍၊ လမ်း​ဖောက်​ပေး​တော်​မူ​သော​သူ​ကား ကိုယ်​တော်​ရှင်​ပင်​ဖြစ်​ပါ​၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင် သည် ငါ​တို့​ကို​ရွေး​နုတ်​ကယ်​တင်​တော်​မူ​ပြီ။ ကိုယ်​တော်​၏​နာ​မ​တော်​သည်​အ​နန္တ​တန်​ခိုး ရှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ပါ​သည်​တ​ကား။


ကိုယ်​တော်​သည်​ပင်​လယ်​နီ​ကို​နှစ်​ပိုင်း​ကွဲ​စေ တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။


ကိုယ်​တော်​ရှင်​သည်​မ​ဟာ​တန်​ခိုး​တော်​ဖြင့် ပင်​လယ်​ကို​နှစ်​ခြမ်း​ကွဲ​စေ​၍ ရေ​သူ​ရဲ​တို့​၏​ဦး​ခေါင်း​များ​ကို​ခွဲ​တော်​မူ ပါ​၏။


သို့​ပါ​လျက်​သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​သန့်​ရှင်း မြင့်​မြတ်​သည့်​မြို့​တော်​သား​များ​ဟူ​၍​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဟု​နာ​မည် တွင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ကို မှီ​ခို​အား​ကိုး​သူ​များ​ဟူ​၍​လည်း​ကောင်း ဂုဏ်​ယူ​ပြော​ဆို​ကြ​ပေ​သည်။


တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော် မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော် မူ၏။


ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက် ပင်​လယ်​ကို​ဖြတ်​၍​လမ်း​ဖောက်​ပြီး​လျှင် သူ​တို့​အား​ခြောက်​သွေ့​သော​မြေ​ပေါ်​တွင်​လျှောက်​၍ သွား​စေ​တော်​မူ​ပါ​၏။ သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​ကြ​သူ​တို့​ကို​မူ ပင်​လယ်​ရေ​လှိုင်း​တွင် ကျောက်​ခဲ​နစ်​သ​ကဲ့​သို့​ရေ​ထဲ​၌​နစ်​စေ​တော် မူ​ပါ​၏။


ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​၏။ ငါ​သည်​သန့်​ရှင်း​သော​ကြောင့် သင်​တို့​သည်​လည်း​သန့်​ရှင်း​ကြ​ရ​မည်။-


ကိုယ်​တော်​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ လေ​ပြင်း​မုန်​တိုင်း​ကျ​ရောက်​လာ​၍ လှိုင်း​တံ​ပိုး​များ​ထ​လေ​၏။


ငါ​သည်​သင်​တို့​အား ငါ​၏​လူ​မျိုး​တော်​အ​ဖြစ် ရွေး​ကောက်​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ် မည်။ သင်​တို့​အား​ကျွန်​အ​ဖြစ်​စေ​ခိုင်း​သော အီ​ဂျစ်​အ​မျိုး​သား​တို့​၏​လက်​မှ ငါ​လွတ် မြောက်​စေ​တော်​မူ​သော​အ​ခါ၊ ငါ​သည်​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် ကြောင်း​သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။-


ဣ​သ​ရေ​လ​ပြည်​သား​နှင့်​ယုဒ​ပြည်​သား​တို့ သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ငါ့​အား​ပြစ်​မှား ကြ​သော်​လည်း​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​ကို​စွန့်​ပစ်​တော်​မ​မူ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ