ထိုအခါဘုရားသခင်၏အမျက်တော်ကြောင့် မြေကြီးသည်တုန်လှုပ်လေ၏။ မိုးကောင်းကင်၏အခြေအမြစ်တို့သည် ရွေ့လျားတုန်လှုပ်ကြ၏။
ယောဘဝတ္တု။ 26:11 - Common Language Bible ဆုံးမတော်မူခြင်းကြောင့်၊ မိုဃ်းကောင်းကင်တိုင် တို့သည် တုန်လှုပ်၍ မိန်းမောတွေဝေလျက်နေကြ၏။ Garrad Bible ဆုံး မ တော် မူ သော အ ခါ၊ မိုး ကောင်း ကင် တည် ရာ တိုင် များ သည်၊ အံ့ အား သင့် လျက် တုန် လှုပ် ရ၏။ Judson Bible ဆုံးမတော်မူခြင်းကြောင့်၊ မိုးကောင်းကင်တိုင်တို့သည် တုန်လှုပ်၍ မိန်းမောတွေဝေလျက်နေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ဆုံးမတော်မူလျှင် ကောင်းကင်တိုင်တို့ အံ့အားသင့်လျက် တုန်လှုပ်ကြလေ၏။ |
ထိုအခါဘုရားသခင်၏အမျက်တော်ကြောင့် မြေကြီးသည်တုန်လှုပ်လေ၏။ မိုးကောင်းကင်၏အခြေအမြစ်တို့သည် ရွေ့လျားတုန်လှုပ်ကြ၏။
ဘုရားသခင်သည် မိမိသန့်ရှင်းသူတို့ကိုပင် ယုံတော်မမူ။ ကောင်းကင်ဘုံသော်လည်းရှေ့တော်၌ မစင်ကြယ်။
တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော် မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော် မူ၏။
ထိုအခါထာဝရဘုရား၏အမျက်တော် ကြောင့် ကမ္ဘာပေါ်တွင်သိမ့်သိမ့်တုန်အောင် မြေငလျင်လှုပ်လေ၏။ တောင်တို့သည်လည်းအောက်ခြေမှတုန်လှုပ် ကြကုန်၏။
ကိုယ်တော်၏ရှေ့၌တောင်ကြီးများသည် တုန်လှုပ်ကြလျက်၊ တောင်ငယ်များသည်အရည်ပျော်ကြကုန်၏။ ထာဝရဘုရားကြွလာတော်မူသောအခါ မြေငလျင်လှုပ်၍၊ ကမ္ဘာလောကနှင့်တကွကမ္ဘာသူကမ္ဘာသား အပေါင်းတို့သည်ကြောက်လန့်တုန်လှုပ်ကြ၏။
ကိုယ်တော်အမျက်ထွက်တော်မူသောအခါ အဘယ်သူသည်ခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်၏ကြောက်မက်ဖွယ်ရာအမျက်တော် အရှိန်ကိုအဘယ်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်သည်မီးလျှံထသောအမျက်တော်ကို သွန်းလောင်းတော်မူသဖြင့်၊ ရှေ့တော်၌ကျောက်တို့သည်ကြေမွကာ အမှုန့်ဖြစ်၍သွားကုန်၏။
ယုဒဘုရင်ခံဇေရုဗဗေလအတွက် ကိုယ် တော်က``ငါသည်မိုးကောင်းကင်နှင့်ကမ္ဘာမြေ ကြီးကိုတုန်လှုပ်စေ၍၊-
သူခိုးလာသကဲ့သို့ထာဝရဘုရား၏ နေ့ရက်သည်ကျရောက်လာလိမ့်မည်။ ယင်း နေ့ရက်၌မိုးကောင်းကင်သည်အသံမြည် ဟီးလျက်ကွယ်ပျောက်သွားလိမ့်မည်။ ကြယ် တာရာများသည်လည်းကျွမ်းလောင်ကြ လိမ့်မည်။ ထိုအခါကမ္ဘာမြေကြီးနှင့်တကွ မြေပေါ်တွင်ရှိသမျှသောအရာတို့သည် ပျောက်ကွယ်သွားလိမ့်မည်။-
ထိုနောက်ပလ္လင်ဖြူကြီးကိုလည်းကောင်း၊ ယင်း ပလ္လင်ပေါ်တွင်စံနေတော်မူသောအရှင်ကို လည်းကောင်းငါမြင်ရ၏။ ထိုအရှင်၏ရှေ့ တော်မှောက်မှာကမ္ဘာမြေကြီးနှင့်မိုးကောင်း ကင်သည်လျင်မြန်စွာရွေ့လျားပျောက်လွင့် ၍သွားကြကုန်၏။-
ကိုယ်တော်သည်ဆင်းရဲသူတို့ကို မြေမှုန့်မှလည်းကောင်း၊ ချို့တဲ့နွမ်းပါးသူတို့ကိုအမှိုက်ပုံမှလည်း ကောင်း ချီပင့်တော်မူ၏။ သူတို့အားမင်းညီမင်းသားများနှင့်ပေါင်းဖော် ခွင့်ကို ပေးတော်မူ၍ ဂုဏ်အသရေရှိသည့်နေရာများတွင် ထိုင်စေတော်မူ၏။ ထာဝရဘုရားသည်မြေကြီး၏အခြေခံ အုတ်မြစ်များကိုပိုင်တော်မူ၏။ ထိုအုတ်မြစ်တို့အပေါ်တွင်ကမ္ဘာကို တည်ဆောက်တော်မူပြီ။