နက်နဲသော ပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက်၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင်သည် အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည်။
ယောဘဝတ္တု။ 15:5 - Common Language Bible သင်သည်ကိုယ်နှုတ်ဖြင့် ကိုယ်အပြစ်ကို ဘော်ပြ၏။ ပရိယာယ်ပြုသော သူ၏စကားကို သုံးတတ်၏။ Garrad Bible အ သို့ ဆို သော် သင့် နှုတ် ကို ဒု စ ရိုက် သွန် သင် သည့် အ တိုင်း၊ စဉ်း လဲ သော လျှာ ကို သင် ရွေး ချယ် လေ ပြီ။ Judson Bible သင်သည် ကိုယ်နှုတ်ဖြင့် ကိုယ်အပြစ်ကိုဖော်ပြ၏။ ပရိယာယ်ပြုသော သူ၏စကားကိုသုံးတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း သင့်အပြစ်သည် သင့်နှုတ်ကို သင်ပြပေး၍ သင်သည် ကောက်ကျစ်သောစကားကို ရွေးသုံးလေပြီ။ |
နက်နဲသော ပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက်၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင်သည် အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည်။
ထားပြလုပ်သောသူတို့၏နေရာသည် ကောင်း စားတတ်၏။ ဘုရားသခင်၏ အာဏာတော်ကိုဆန်သော သူတို့သည် လုံခြုံစွာနေ၍၊ ဘုရားသခင်ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။
သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကျင့်၌ အကျိုးမရှိဟု ဆိုလို၏။ ဆိုတောင်းပဌနာပြုရာ ဝတ်ကို ဆီးတားတတ်၏။
သင်ပြုသော ဒုစရိုက်သည် အလွန်ကြီးသည် မဟုတ်လော။ သင့်အပြစ်တို့သည် မရေတွက်နိုင်အောင် များပြားသည်မဟုတ်လော။
ထိုသို့ယောဘသည် မိမိဖြောင့်မတ်သည်ဟု ထင်သောကြောင့်၊ ထိုသူသုံးယောက်တို့သည် ပြန်၍ မပြောဘဲနေကြ၏။
ထိုအခါ ဗုဇအမျိုးအာရအနွှယ်ဖြစ်သော ဗာရ ခေလသားဧလိဟု သည်အမျက်ထွက်၏။ ယောဘသည် ဘုရားသခင်ထက်မိမိဖြောင့်မတ်ကြောင်းကို ပြသော ကြောင့်၊ ယောဘကို အမျက်ထွက်၏။
ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင်ခြင်း ကို အချည်းနှီးဖြစ်စေတော်မူ၏။
သူတို့သည်မိမိတို့၏လျှာကိုဋ္ဌားသဖွယ် သွေးကြပါ၏။ သနားကြင်နာခြင်းကင်းမဲ့သောစကား များဖြစ်သော မြားများကိုချိန်ရွယ်ကြ၏။
သူတို့၏လျှာသည်အဆိပ်လူးမြားနှင့်တူ၏။ သူတို့သည်လိမ်လည်လှည့်စားသည့်စကားကို အမြဲပြောဆိုကြ၏။ လူတိုင်းပင်မိမိအိမ်နီးချင်းအားနှုတ်ချိုစွာ ပြောဆိုတတ်သော်လည်း စင်စစ်အားဖြင့်၊သူ့အတွက်ထောင်ချောက်ကို ထောင်ဖမ်းလျက်နေသည်။
ကောင်းသောသူသည်ကောင်းသောအရာများနှင့် ပြည့်သောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ကောင်းသောအရာများကိုထုတ်ဖော်တတ်၏။ ဆိုးယုတ်သူမူကားဆိုးယုတ်သောအရာများ ကိုထုတ်ဖော်တတ်၏။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးတွင်ပြည့်လျှံနေသည့်အရာများ ကိုနှုတ်ကမြွက်ဆိုတတ်သောကြောင့်တည်း။
လူတစ်စုံတစ်ယောက်သည်မိမိကိုယ်ကို ဘုရားတရားကြည်ညိုသူဟူ၍ယူဆ သော်လည်း မိမိ၏လျှာကိုမထိန်းနိုင်လျှင် ကိုယ့်ကိုယ်ကိုလှည့်စားသူဖြစ်၏။ သူ၏ဘုရား တရားကြည်ညိုမှုသည်လည်းအချည်းနှီး ပင်ဖြစ်၏။-