ယောဘဝတ္တု။ 15:2 - Common Language Bible ပညာရှိသောသူသည် လေနှင့်တူသော အချည်း နှီးစကားကို ပြောသင့်သလော။ မိမိဝမ်းကို အရှေ့လေ နှင့်ပြည့်စေသင့်သလော။ Garrad Bible ပ ညာ ရှိ သည် အ သုံး မဲ့ စ ကား ဖြင့်လည်း ကောင်း၊ အ ကျိုး မဲ့ အ ပြော အ ဆို ဖြင့် လည်း ကောင်း၊ ချေ ပ၍၊ လေ သက် သက် ဖြစ် သော အ သိ ပ ညာ ကို မြွက် ဆို နိုင် ရန်၊ အ ရှေ့ လေ ဖြင့် ဝမ်း ပြည့် စေ မည် လော။ Judson Bible ပညာရှိသောသူသည် လေနှင့်တူသော အချည်းနှီးစကားကို ပြောသင့်သလော။ မိမိဝမ်းကို အရှေ့လေနှင့် ပြည့်စေသင့်သလော။ မြန်မာ့စံမီသမ္မာကျမ်း “ပညာရှိသောသူသည် အသိပညာမဲ့သောအချည်းနှီးစကားဖြင့် ပြန်ပြောသင့်သလော။ သူ၏ဝမ်းစာကို အရှေ့လေဖြင့် ဖြည့်သင့်သလော။ |
ငါစကားပြောရုံကာမျှကို အပြစ်တင်မည်ကြံစည်ကြသလော။ မြော်လင့်စရာမရှိသောသူ ပြောသော စကားသည် လေသက်သက်ဖြစ်၏။
သင်သည် အဘယ်မျှကာလပတ်လုံး ဤသို့ပြောမည်နည်း။ သင်ပြောသောစကားသည် အဘယ်မျှကာလ ပတ်လုံး လေပြင်းကဲ့သို့ ဖြစ်မည်နည်း။
ပညာရှိသော သူ၏နှလုံးသည် သူ၏နှုတ်ကို သွန် သင်၍၊ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကို ထပ်လောင်း တတ်၏။
သို့မဟုတ်၊ စည်းစိမ်ရှင်သည် အမိဝမ်းထဲက အလျှင်းမပါဘဲ ထွက်လာသကဲ့သို့၊ ထိုနည်းတူပြန်သွား ရမည်။ ကြိုးစားအားထုတ်၍ ရသောဥစ္စာတစုံတခုကိုမျှ လက်နှင့်စွဲကိုင်လျက် ယူ၍မသွားရ။
ဣသရေလပြည်သားတို့မိုးလင်းမှမိုးချုပ် အထိ ပြုလုပ်ကျင့်ကြံနေသမျှတို့သည် အကျိုးမရှိ၊ အချည်းနှီးသက်သက်ဖြစ်၏။ သူတို့တွင်သစ္စာဖောက်မှု၊ အကြမ်းဖက်မှု များတိုးပွားများပြားလျက်ရှိ၏။ သူတို့ သည်အာရှုရိပြည်နှင့်မဟာမိတ်ဖွဲ့လျက် ပင် အီဂျစ်ပြည်နှင့်ကုန်သွယ်ကြ၏'' ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည်ယုဒပြည်သားတို့ ကိုစွဲချက်တင်တော်မူ၏။ ဣသရေလကို လည်းသူတို့၏အကျင့်ကြောင့်ဒဏ်ခတ် တော်မူမည်။ ကိုယ်တော်သည်သူတို့၏အပြု အမူအတိုင်းအကျိုးအပြစ်ကိုဆပ်ပေး မည်။-
သင်တို့အထဲတွင်အတတ်အလိမ္မာနှင့်ဉာဏ် ပညာရှိသူတစ်စုံတစ်ယောက်ရှိလျှင်ထိုသူ သည် မိမိပညာရှိမှုကိုဉာဏ်ပညာနှင့်၊ နှိမ့်ချ သောစိတ်ဖြင့်ပြုကျင့်သည့်အကျင့်ကောင်း အားဖြင့်သက်သေပြပါစေ။-