ယောဘဝတ္တု။ 14:9 - Common Language Bible ရေငွေ့ကြောင့် အတက်ပေါက်၍၊ ပျိုးပင်ကဲ့သို့ အညွန့်တို့နှင့် ပြည့်စုံလိမ့်မည်။ Garrad Bible ရေ ဓာတ် ငွေ့ ကြောင့်၊ ပျိုး ပင် ကဲ့ သို့ အ ဖု ပေါ် လျက်၊ အ ခက် အ လက် များ လည်း ပေါက် လိမ့် ဦး မည်။ Judson Bible ရေငွေ့ကြောင့် အတက်ပေါက်၍၊ ပျိုးပင်ကဲ့သို့ အညွန့်တို့နှင့် ပြည့်စုံလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ရေအငွေ့အသက်ရသောအခါ အတက်ပေါက်၍ အပင်ပေါက်ကဲ့သို့ အခက်အလက် ထွက်လာလိမ့်မည်။ |
သင့်အမိသည်စမ်းချောင်းအနီးတွင်စိုက်ထား သည့် စပျစ်ပင်နှင့်တူ၏။ ရေအလုံအလောက်ရှိသဖြင့်ထိုအပင်သည် အသီးအရွက်များနှင့်ဝေဆာ၍နေ၏။
ထိုသစ်ပင်၏အကိုင်းအခက်တို့သည်လှပ ဝေဆာလျက် အသီးလည်းပေါများသဖြင့် တစ်ကမ္ဘာလုံးစားသုံးနိုင်၏။ တောတိရစ္ဆာန် တို့သည်ထိုအပင်၏အရိပ်တွင်နားနေကြ၏။ ငှက်တို့သည်အကိုင်းအခက်များတွင်အသိုက် လုပ်ကြ၏။ သက်ရှိသတ္တဝါအပေါင်းတို့သည် ထိုအပင်၏အသီးကိုစားကြ၏။