တစ်ဖန်အာဗြဟံက``ဘုရားရှင်အား အတင့် ရဲ၍ဆက်လက်လျှောက်ဆိုခြင်းကိုခွင့်လွှတ် တော်မူပါ။ အကျွန်ုပ်သည်လူသားဖြစ်၍ မည်သို့မျှလျှောက်ခွင့်မရှိပါ။-
ယောဘဝတ္တု။ 13:12 - Common Language Bible သင်တို့၏နည်းဥပဒေသစကားသည် မြေမှုန့် ထက်သာ၍ပေါ့၏။ သင်တို့ ခိုလှုံသောမြို့ရိုးသည်လည်း သရွတ်မြို့ရိုးကဲ့သို့ ဖြစ်၏။ Garrad Bible သင် တို့ ဥ ဒါန်း စ ကား များ သည်၊ ပြာ ပုံ သ ဖွယ် က တုတ် များ လည်း သ ရွတ် သ ဖွယ် ဖြစ် လိမ့် သ တည်း။ Judson Bible သင်တို့၏ နည်းဥပဒေသစကားသည် မြေမှုန့်ထက် သာ၍ပေါ့၏။ သင်တို့ ခိုလှုံသောမြို့ရိုးသည်လည်း သရွတ်မြို့ရိုးကဲ့သို့ ဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏မှတ်သားစရာစကားများသည် ပြာပုံစကားပုံမျှသာဖြစ်၏။ သင်တို့ချေပသောစကားများသည်လည်း ကွဲလွယ်သောမြေထည်ကဲ့သို့သာဖြစ်၏။ |
တစ်ဖန်အာဗြဟံက``ဘုရားရှင်အား အတင့် ရဲ၍ဆက်လက်လျှောက်ဆိုခြင်းကိုခွင့်လွှတ် တော်မူပါ။ အကျွန်ုပ်သည်လူသားဖြစ်၍ မည်သို့မျှလျှောက်ခွင့်မရှိပါ။-
ထိုနောက်ထာဝရအရှင်ဘုရားသခင်သည် မြေဖြင့်လူကိုဖန်ဆင်းပြီးလျှင် လူ၏နှာခေါင်း ထဲသို့ဇီဝအသက်ကိုမှုတ်သွင်းတော်မူရာ လူသည် အသက်ရှင်သောသတ္တဝါဖြစ်လာ ၏။
သင်တို့သည် တန်ခိုးအာနုဘော်တော်ကြောင့် မကြောက်ကြသလော။ ကြောက်မက်ဘွယ်သော ဂုဏ် တော်ကြောင့် မထိတ်လန့်ကြသလော။
မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ် ပျောက်ပျက်၍၊ ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။
သို့ဖြစ်၍ သင်တို့ပြန်ပြောသော စကား၌ မုသာပါသောကြောင့်၊ အဘယ်သို့ငါ့ကို အချည်းနှီးနှစ်သိမ့်စေ ကြလိမ့်မည်နည်းဟု မြွက်ဆို၏။
သို့ဖြစ်လျှင် မြေမှုန့်၌တည်၍ မြေထဲတွင် နေတတ်သောသူတို့ကို အဘယ်ဆိုဘွယ်ရှိအံ့နည်း။ ထိုသူတို့ကို ပိုးရွပင်နိုင်တတ်၏။
သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ထာဝရဘုရင်ဖြစ် တော်မူပါ၏။ နာမတော်သည်ကာလအစဉ်အဆက်တည်လိမ့်မည်။
ထာဝရဘုရားသည်သူတို့၏အပြစ်တို့ကို သတိရတော်မူပါစေသော။ သို့ရာတွင်သူတို့၏နာမည်သည်လောကမှ လုံးဝပျောက်ကွယ်သွားပါစေသော။
သို့ရာတွင်ဒုစရိုက်ပြုသူတို့မူကားသေသော အခါ မကြာမီပင်သူတို့ကိုလူတို့မေ့ပျောက်သွား စေရန် ကိုယ်တော်သည်သူတို့ကိုဆန့်ကျင်ဘက်ပြု တော်မူ၏။
ထိုနောက်ထာဝရဘုရားကမောရှေအား``ဤ အောင်ပွဲအကြောင်းကိုအမှတ်တရဖြစ်စေ ရန် ရေး၍မှတ်တမ်းတင်လော့။ ငါသည်အာမလက် အမျိုးသားတို့ကိုလုံးဝဖျက်ဆီးပစ်မည် ဖြစ်ကြောင်းယောရှုအားပြောလော့'' ဟုမိန့် တော်မူ၏။-
ထိုသူတို့သည်ယခုအခါကွယ်လွန်သွား ကြပါပြီ။ တစ်ဖန်ပြန်၍အသက်ရှင်ကြတော့မည်မဟုတ်ပါ။ ကိုယ်တော်ရှင်သည်သူတို့အားအပြစ်ဒဏ်ခတ်၍၊ သုတ်သင်ပယ်ရှင်းတော်မူလိုက်ပြီဖြစ်သဖြင့်၊ သူတို့၏ဝိညာဉ်များသည်လည်းသင်္ချိုင်းထဲမှ ထကြလိမ့်မည်မဟုတ်ပါ။ သူတို့အားအဘယ်သူမျှလည်း သတိမရကြတော့ပါ။
ငါတို့၏နေအိမ်ဖြစ်သည့်ကိုယ်ခန္ဓာတည်း ဟူသောယာယီတဲသည်ပျက်လျှင် ကောင်းကင် ဘုံတွင်ဘုရားသခင်ကိုယ်တော်တိုင်ဖန်ဆင်း တော်မူသောနိစ္စထာဝရနေအိမ်ကို ငါတို့ အားပေးသနားတော်မူမည်ဖြစ်ကြောင်းငါ တို့သိကြ၏။-