ခါရန်သည်မိမိ၏ဖခင်အသက်ရှင်လျက်ရှိစဉ် ပင်လျှင် မိမိ၏နေရပ်ဖြစ်သောဗာဗုလုန်ပြည်၊ ဥရမြို့တွင်ကွယ်လွန်လေသည်။-
ယောဘဝတ္တု။ 1:17 - Common Language Bible ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူ တယောက်သည်လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ် တို့သည် ချီ၍ ကုလားအုပ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ Garrad Bible ထို သို့ လျှောက် ဆဲ တွင် တစ် ယောက် လာ ပြန် ရာ၊ ခါ လ ဒဲ လူ မျိုး တို့ သည်၊ တပ် သုံး တပ် ကို ဖွဲ့ စည်း၍၊ ကု လား အုပ် များ ကို ရှောင် တ ခင် အ တင်း သိမ်း သွား ကြ ပါ ပြီ။ ငယ် သား တို့ ကို လည်း ထား ဖြင့် သတ် ရာ၊ ကျွန် တော် တစ် ယောက် တည်း သာ လွတ်၍၊ ကိုယ် တော် အား ပြန် ကြား ရ ပါ သည် ဟု လျှောက် လေ၏။ Judson Bible ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတစ်ယောက်သည် လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ်တို့သည် ချီ၍ ကုလားအုတ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ဓားနှင့်သတ်၍ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ကြားလျှောက်နေစဉ် အခြားတစ်ဦးလည်းရောက်လာ၍ “ခါလဒဲလူမျိုးတို့သည် အဖွဲ့သုံးဖွဲ့ခွဲပြီး ကုလားအုတ်များကို တိုက်ခိုက်သိမ်းယူသွားကြပြီ။ အစေခံတို့ကိုလည်း ဓားနှင့်သတ်ပစ်ပါ၏။ အကျွန်ုပ်တစ်ဦးတည်းသာ လွတ်မြောက်လာသဖြင့် အရှင့်ထံ လာရောက်ကြားလျှောက်ပါသည်”ဟု ဆို၏။ |
ခါရန်သည်မိမိ၏ဖခင်အသက်ရှင်လျက်ရှိစဉ် ပင်လျှင် မိမိ၏နေရပ်ဖြစ်သောဗာဗုလုန်ပြည်၊ ဥရမြို့တွင်ကွယ်လွန်လေသည်။-
တေရသည်သူ၏သားအာဗြံ၊ မြေးလောတ တို့နှင့်ချွေးမစာရဲတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့သွားရန်ဗာဗုလုန်ပြည်၊ ဥရမြို့မှ ထွက်ခွာခဲ့ရာခါရန်မြို့သို့ဆိုက်ရောက်လာ၍ ထိုမြို့တွင်အခြေချနေထိုင်၏။-
ဒါဝိဒ်ကသူ့အား``သင်သည်အဘယ်အရပ် ကလာသနည်း'' ဟုမေး၏။ ထိုသူက``ကျွန်တော်သည်ဣသရေလတပ်စခန်း မှထွက်ပြေးခဲ့ပါသည်'' ဟုဖြေကြား၏။
ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော် တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ကိုယ်တော်၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌ စား၍ စပျစ်ရည်ကို သောက်လျက်နေကြသောအခါ၊
(တုရုမြို့ကို တောတိရစ္ဆာန်များခိုအောင်းရာ ဖြစ်စေသူတို့မှာ အာရှုရိအမျိုးသားများ မဟုတ်၊ ဗာဗုလုန်အမျိုးသားများသာဖြစ် ၏။ သူတို့သည်ခံတပ်မြို့စင်မြင့်များကို တည်ဆောက်ပြီးလျှင်၊ ခံတပ်တို့ကိုဖြိုချ ကာတုရုမြို့ကိုဖျက်ဆီး၍ထားခဲ့ကြ၏။)
ဗာဗုလုန်နှင့်ခါလဒဲပြည်သားများ၊ ပေကုတ်၊ ရှော့နှင့်ကော့မှလူတို့နှင့်အာရှုရိပြည်သား အပေါင်းကိုငါခေါ်ဆောင်ခဲ့မည်။ သူတို့အား လုံးသည်ရုပ်ရည်ချော၍ ပျိုရွယ်သူမှူးမတ် အရာရှိများ၊ မြင်းရထားတပ်အရာရှိများ နှင့်အဆင့်အတန်းမြင့်သောမြင်းတပ်ဗိုလ် များဖြစ်ကြ၏။-
ငါသည်ကြောက်မက်ဖွယ်ကောင်း၍အငြိမ်မနေတတ်သူဗာဗုလုန်အမျိုးသားတို့အားတန်ခိုးကြီးမားလာစေမည်။ သူတို့သည်အခြားနိုင်ငံများကိုနှိမ်နင်းရန် ကမ္ဘာမြေပြင်ကိုဖြတ်၍ချီတက်လာကြလိမ့်မည်။-